Wednesday, July 18, 2018

အမွေ



” အမွေ ”


ကြည့်စမ်းပါ့ သားငယ်

ဝန်းပြန့်ကျယ် သည်လယ်ခင်းကို

မင်းပိုင်တော့မယ်။


ရှုစမ်းကွဲ့ သားငယ်

ထပ်ထပ်လျှို တောင်တံတိုင်း

ဝိုင်းပတ်ရံလည်။


မြင်စမ်းလှ သားငယ်

ပင်လယ်ပြာ ဟိုအဝေးကို

မျှော်ငေးကြည့်ကွယ်။


ပြည့်ဝမ်းနှင့် စခန်းသာရယ်

ပန်းပျိုးသွယ် ဆင်မြန်းပေါ့

သည်လမ်းဖြင့် ပြည်နိုင်ငံ

ပိုင်ဆိုင်ရန် လက်ဝယ်ရင်း

နှင်းအပ်တော့မယ်။


မြေကမ္ဘာ မြန်မာအားအင်မှာက

ဒေသနာ ဘာသာတရားတွင်မက

သာသနာပွား မင်းရင်ခွင်

ဘယ်အဆင် ဘယ်အသွေးနဲ့

ခက်အရေး သားမောင် ပြင်ဆင်ဖွယ်မို့

ရင်ဆိုင်ကွယ် မရွံ့စတန်း။


ပြည်အဝှမ်း မြေယာ

လက်ကမ်းပါ ပင်လယ်ပြာနှင့်

တောတောင်ဖြာ မြစ်ချောင်းအင်းအိုင်

အသစ်အဟောင်းရင်းပိုင်ပိုင် ချစ်တတ်စေ့ကွယ်

ဖေ့ မှာ စာတမ်း။ ။


” သစ်ရိပ်ညို ”

No comments:

Post a Comment