Monday, December 31, 2018

" စံပြပြုထုံး "

ဖူးငုံစ ပန်း ၊ ချွေယူနမ်း၍
လန်းဆန်းခက်ဖွယ် ၊ သူနွမ်းနယ်သည်
ပွင့်ငယ်သက်တမ်း နုသောကြောင့်။

စာသင်ရွယ်သား ၊ ငယ်သူအားလျှင်
မိသားမရှိ ၊ ဝမ်းရေးသိနှင့်
သူ၏ဝမ်းစာ ရှာသောကြောင့်။

ရွယ်တော်သစ်စ ၊ ဖူးငုံမျှဝယ်
ကာမတိုက်ကျွေး ၊ သည်ကလေး၌
ကိုယ်လေးလက်ဝန် ရှိသောကြောင့်။

ဥာဏ်တိမ်ငယ်သား ၊ လူစုအားဖြင့်
တရားဖြင့်စေ ၊ ဥပဒေတွင်
ထန်ဝေ ကာမ ၊ ဖူးငုံစ၌
ပန်းလှပြစ်ဒါဏ် ၊ ချွေခူးခံမည့်
မူမှန်မဟုတ် ၊ အယူနုပ်ဖြင့်
မိန့်ထုတ်အာဏာ ၊ လူ့ပြေရွာတွင်

အာသာဆန္ဒ မက်သောကြောင့်။
မာယာကာမ စွက်သောကြောင့်။
တဏှာရာဂ ယှက်သောကြောင့်။ ။

" သစ်ရိပ်ညို "

Thursday, July 19, 2018

အက်ဆစ်တရား



” အက်ဆစ်တရား ”


အက်ဆစ်၏ လှိုက်စားချက်

ရွှေသားတွက် သန့်စင်။


သိဉာဏ်တွင် ဆိုးယုတ်မှားတို့ကို

ဖယ်ရှားက ကြည်လင်။


အက်ဆစ်သွင်

သန့်စင်ဖယ် ပေး၍ထား။


မိစ္ဆာဘောင်

ဆိုးမိုက်မှောင် ဂုစ္ဆာ နှောက်တို့

ကြောက်တဲ့တရား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အခြေခံယဉ်ကျေးမှု



” အခြေခံ ယဉ်ကျေးမှု ”


ကြည်နူးဖွယ်

သောတရယ် သာယာ။


သံစဉ်ချို စာသားလှ

ကြားရတဲ့ခါ။


ဥာဏ်ပညာ

ပြင်ဆင်ရာ အခြေကျ။


တို့မြန်မာ ယဉ်ကျေးမှု

နှုတ်မှု အစ။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

ဤအချိန်မှာနွေဖြစ်သည်



” ဤအချိန်မှာ နွေဖြစ်သည် ”


ကြွနေ နေ့နေ

ပူပေရဲ့ တယ်ပြင်း။

လေပွေရှင် လေသင်တုန်းတောင်

ပုန်းရ ဘိခြင်း။ ။


အပြင်မှာ နေပူကဲလို့

အထဲသို့ဝင်။

ခဏနေ အပူအိပ်အောင်

ချွေးသိပ်စေချင်။

ရေကိုပင်

အလျင်လို မထိနဲ့။

ရှဲကနဲ အပူရှပ်လို့

သေတတ် သကွဲ့။ ။


ရေကိုကွယ် အရင်သောက်

ခဏလောက်နားပါ။

နားပြီးလျှင် ခြေလက်ဆေးဖို့

ရေပေး ထိပါ။

ချွေးငုတ် တတ်တယ်ဗျာ

ဖျားနာမယ် သတိထား။

ရာသီပေါ် မလေးစားလျှင်

မှားလိမ့် မယ်ဗျား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အလှရှင်



” အလှရှင် ”


နေအိမ် စံနန်း လှဆန်း ရှင်မယ်

ညွှတ်ကယ် ရွှေဆင်း ပြောင်ဝင်း တင့်လျှံ

မယ့်ဆံ ညွန့်ဦး ပွင့်ဖူး ပန်ရွယ်

ငယ်စွာ ချစ်ကြင် ဆင်ကာ ပြန့်မွှေး

ဥဖွေး ပါးနု ရွှေရည်စု မွှေးလု မှုံနံ့သာ။


အလွှာပါး ဖြတ်အသွားမှာဖြင့်

စိတ်ထားလှသည့် စံပယ်လို ညင်းလေသွေးဆို။

ရွှန်းရွှန်းငယ်စို ပိုရှာသည့် အလှတပါး။

စံနမူ ယဉ်သူပြုံး မှုန်းသ ချယ်ထား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အလဟဿ



” အလဟဿ ”


သရက်စိ မြေမထောက်

ရေမတောက် ခြောက်စွာ

သိမ်းထုပ် ထားရာ။


အပင်ပေါက် ညှောက်မလာ

ကံရောက်လာ ပေလည်း။


ဥဿဟ လုံ့လမပါ

ရှေးကံပါ ဥာဏ်ကူဖျောက်ရင်ဖြင့်

ပျောက်တတ်လိမ့်မြဲ။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အဘိဓမ္မာတရား



” အဘိဓမ္မာတရား ”


အတ္တဝါဒရယ်က

လောကီမှ အဘိဓမ္မာ။


အနတ္တဝါဒဆိုတာက

လောကုတ္တရာ့ အဘိဓမ္မာ။


လောကီက အပူရှာ

လောကုတ္တရာ အပူငြှိမ်း။


ကံဇာတ်သိမ်း သင့်ဒုက္ခ

ပုတ်ချနိုင် ဓမ္မတရားကို

ပွားများ လို့ထိန်း။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အပျင်းလိုက်မိုက်တတ်တယ်



” အပျင်းလိုက် မိုက်တတ်တယ် ”


တောင်သူငယ် လယ်တစ်ရင်း

နွားတစ်ရှဉ်း ကြွယ်ဆို။

လယ်တွင်းဖြင့် မဆင်းလို

အပျင်းက ပို။

ဝမ်းစာခက် ရွက်ခြောက်မြို

ရွှေစိတ်တို မယား။

လက်သံပြောင်ပြောင်

နွားတစ်ကောင် ဟင်းထွက်ကောင်းမို့

ရောင်းချလို့ စား။ ။


မနောကံ စိတ်အကြွ

ဂေါမံသ ဟင်းလျာ။

အသားကို ဝယ်သူများ

အားရ စရာ။

နောက်တစ်ခါ

ရလျှင်ဗျာ ရောင်းပါဦး။

နွားနှစ်ကောင် အကုန်ဆုံး ပ

လယ်ဂတုံး မြက်ပင်ရိုင်းရယ်

ကိုင်းပြည့် လို့ဖုံး။ ။


ပျင်းဝသီ ပေါ့ပေါ့တွေး

ကျော့ကျော့လေး နေချင်။

ဝမ်းစာတိုင် ခွေယိုင်လဲမို့

ဓားဆွဲလို့ တိုက်ချင်။

ကမ်းမမြင် လမ်းမမြင်

မိုက်ချင်သည့် အတွေး။

အပျင်းထူ လွယ်အကြိုက်ရယ်

မိုက်ဖက် လိုက်လေး။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အလှူခံအဖွဲ့

” အလှူခံ အဖွဲ့ ”


ရပ်ကွက်တွင် ဩဇာကြီး

ဓာတ်စက်ကြီးနဲ့ ခရီးသည်

အလှူခံထွက်လည်။

အော်ရာဝယ်

တော်ပါတယ် ဌာန်ကရိုဏ်း။

ကိုယ်ကျိုးမဖက်ပါ

သာသနာ ဘာသာကျိုးကိုဖြင့်

အားပျိုး ကူဝိုင်း။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အတော်ဆုံး



” အတော်ဆုံး ”


သူ အတော်ဆုံး

တစ်ကျောင်းလုံးရဲ့ ချန်ပီယံ။

မြို့နယ်တွင် ယှဉ်ပြိုင်လည်း

သူပဲ ချန်ပီယံ။

တိုင်းအဆင့် ယှဉ်ပြိုင်ပြန်

နိုင်ပြန်ပြီ သူပဲ။

နိုင်ငံအဝန်း မှာဖြင့်

တော်လွန်း သူပဲ။ ။


သို့ပေသော် အထာမကျ

နှုတ်ဖျားက မာနပါ။

သူ့ကိုယ်သူ အတော်ညွှန်း

အမွှမ်းတင် တတ်တာ။

လေးစားမှု ကင်းပကာ

ရိုင်းပြစွာ ပြုတတ်သေး။

မလိမ္မာ ဒီအချိုးရယ်ကြောင့်

ဆိုးလှ တယ် လေး။


ဂါရဝ နိဝါတ

လေးစားတတ်ရမယ်။

အခြေနေ ချင့်ချိန်တွေး

နှုတ်ရေး ကြွယ်ကြွယ်။

ညှိနှိုင်းဆ အများနှင့်ကွယ်

အဆင်ပြေဖွယ် ဦးဆောင်ပေး။

ပြသနာ အဆင်ငြိမ်းအောင်

ထိန်းသိမ်း ပါလေး။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အချိန်



” အချိန် ”


ပျော်စရာ အချိန်များ

ဆွဲဆန့်ထား လိုက်ချင်။


ဝမ်းနည်းရာ အချိန်အား

ကျော်သွား လို့ရရင်။


ဘဝရဲ့ ဖန်ဆင်းရှင်

အချိန်ပင် မဟုတ်လား။


ရလာသည့် အချိန်အချိုးကို

အကျိုးများ စေသား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အလှသစ္စာ



အလှသစ္စာ (၁)


ငယ်ကထဲ ကိုက

သိပ်လှချင် ကြရှာ

ကိုးဆယ်ဆသာ။


ရုပ်ဆင်းအင်္ဂါ

ဘယ်လိုသာ ရှိရိုး။


လှမယ်လို့ထင်

သူ့သွင်ပြင် ဆင်ရင်ထုံးသမျှရယ်

ပြုံးမျက်နှာ မျိုး။ ။


အလှသစ္စာ (၂)


စီးပွားရှာ အလှကုန်များ

လှည့်ဖြားလို့ လိမ်ညာပေမယ့်

တပ်မက်မောစွာ။


ရောနှောသည့် မွှေးနံ့သာ

မြေဆီလွှာ ကာလာများ။


လိမ်းခြယ်ပြင်ဆင်

မျက်နှာတွင် အဆီရစ်လို့

ဖုထစ် စေသား။ ။


အလှသစ္စာ (၃)


မရပါ မိုက်နောင်တ

ကုသဖို့ ပြင်ဆင်

ကော့စမစ် တင်။


အလွှာပါး မျက်နှာတွင်

ကျပ်ခဲပြင် အကြိပ်များ။


ကြော်ငြာထားလေသမျှ

ငွေသားသာ တွင်တွင်သုံးတယ်

ရှုံးတဲ့ အရေပြား။ ။


အလှသစ္စာ (၄)


ရှေးယခင်ကထဲက

ရှိခဲ့တဲ့ စိတ်တွေ

ကမ်း လက်ဆင့်ဝေ။


သဘာဝ လွန်ကဲပေ

လှစေလို ဆေးနှင့်ပိုး။


သဘာဝကို မခင်မင်

မျက်နှာတွင် အဆီအိပ်တော့

အခိုးပိတ် သွေးဆိုး။


အလှသစ္စာ (၅)


အိပ်ရာထမှာတဲ့

သဘာဝ လှတဲ့မျက်နှာ

မွေးထဲကပါ။


အမှန်တကယ်မှာ

မေတ္တာသာ အလှတရား။


ရုပ်မူသွင် ဆိုးဝါးစေ

လူတွေမှာ မေတ္တာလှရင်

နိုးကြွ လှအား။ ။


အလှသစ္စာ (၆)


မေတ္တာပန်းငုံ

အလှဂုဏ် သစ္စာပျက်တော့

လှချက်က နူနာ။


အလှနှင့် ဘဝသစ္စာ

မေတ္တာမှာ မှိန်ကာကျပြန်ပေါ့

ဘဝတွက်တာ။


အဓိကအားမှာဖြင့်

မေတ္တာများ လှဖို့မလိုပါ

သစ္စာသာ အဓိက။


အချစ်မပါပေသော်လည်း

သစ္စာသာ သွေကာပျက်လျှင်

မုန်းချက် ကြီးလှ။ ။


အလှသစ္စာ (၇)


ဘဝရဲ့ ရောင်အသွေး

ရိုးရိုးလေး ဝတ်စားဆင်

မေတ္တာ မျှချင်။


မေတ္တာထက် အရောင်တင်

သစ္စာပင် ရှိရေး။


မခွဲမခွာ

သံသရာ ဘဝအဆုံးတိုင်

မုန်းရ ခက်သေး။ ။


အလှသစ္စာ (၈)


ဒီလိုဆို သိစမ်းပါ့

သင့်အလှ လွင်ပြင်

သနပ်ခါး ကိုတင်။


အသားအေး မျက်နှာရွှင်

ချွေးဆီပင် စုပ်သေး။


ဘဝလုံး ပုံ

မေတ္တာငုံ သစ္စာပန်းနှင့်

လန်းဆန်း ဖို့လေး။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အသိရှိစမ်းပါ့



” အသိရှိစမ်းပါ့ ”


လူတွေပြောလေတော့

လူ့သဘော လူတွေယုံ

သတင်း အစုံ။


အစွန်းရောက် လူ့ဇာတ်ခုံ

အဖုံဖုံ အပြားပြား။


သွေးထိုးလို့ မြှူ

ရေနွေးဆူ ပွက်ကာထတယ်

ခက်ပါ့ စိတ်ထား။ ။


ဘယ်လိုပုံ ဘယ်လိုမျိုး

ဘယ်အချိုး မြင်အောင်ကြည့်

ဇာတိနဲ့ ဇာတ်ရယ်။


သဒ္ဓါလွန် ကျွန်အစစ်ဟာမို့

ရှေ့ဖြစ်နှင့် နှောင်းအတိတ်

ချိတ်တတ်စေဖွယ်။


အကျိုးကိုဆယ်

အဆိုးပယ် ပြတ်သား။


အဖိုတန်စွာပါ့

မျိုးဘာသာ မြန်မာစိတ်ကို

ဦးထိပ် ရှေ့ထား။ ။


အခြေခံ မြေကတုတ်ကို

ကြိုးစားလုပ်ပါ။


စည်ကားရာ မျက်လှည့်များ

နားမယဉ် ရာ။


သတ်ပုံမှားတဲ့ ဇာတ်လမ်းမှာ

လွမ်းချင်းခွာ ဥာဏ်သိတွေး။


ဘယ်အကြား ဘယ်လိုအခြေ

စားဝတ်နေ အခြေခံမှကွယ်

လှကွဲ့ နောင်ရေး။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အက္ခရာနေ့နာမ်



” အက္ခရာ နေ့နံ ”


ကကြီး ကကြီး ကိုကကြီး

ရှေ့ဆုံး ကနေ အကြီး ကြီး။


ကကြီး အတန်း တနင်္လာ

ကျားရုပ် နေ့နံ သတ်မှတ်တာ။(ကခဂဃင)


စလံုး စီရာ အဂါၤ ပါ့

ခြင်္သေ့ မင်းက ပါးစပ်ဟ။(စဆဇစ်ည)


ယရ လဝ ပိုင်းဖြတ် ထင်

ဗုဒ္ဓဟူး ရဲ့ နေ့နံ ဆင်။(ယရလဝ)(ဠ)


ရာဟု ဟိုင်းဆင် တွဲကပ် ပေး

ဗုဒ္ဓဟူး နေ့ မွန်းလွဲ လေး။(ယရလဝ)(ဠ)


ကြာသပတေး ကြွက်ရုပ် သည်

ပစောက် စဉ်တန်း နံ ကိုတည်။(ပဖဗဘမ)


သောကြာ နံ မည် ပူး တံဆိပ်

သဟ အက္ခရာ စာပုံနှိပ်။(သဟ)


ဋသန် လျင်းချိတ် တဝမ်း ပူ

စနေ နေ့နံ နဂါး ယူ။(ဋဌဍဎဏ)(တထဒဓန)


အ ဂဠုန် သူ တစ်လုံးထဲ

တန င်္ဂနွေ နေ့နံ ပဲ။ ။(အ)


” သစ်ရိပ်ညို ”

posted from Bloggeroid

အချိန်တန်လျှင်



” အချိန်တန်လျှင် ”


သားနှင့်သမီးကိုဖြင့်

အသီးသီး ပြုစု။

ကောင်းစေလို တည့်မတ်ပေး

နွေးထွေး သမှု။


မိသားစု ဝန်းဝိုင်းမှာ

ချော့တစ်ခါ ခြောက်တစ်လှည့်။

စိတ်အပူ သူတို့မသိအောင်

ဖုံးဖိ ရရဲ့။


နုနုငယ် ချိုစကား

နားစည်ပါး ခွန်းသွဲ့။

ကြောက်စရာ့ ဂု မ္ဘဏ် က လို့

ပြသ တစ်လှည့်။


ဒုက္ခထီး ဒုက္ခမ

ချဉ်းကပ်ကြ တဲ့အခါ

ဝမ်းနည်း ရမှာ။


လောကဓာတ်အဖြာဖြာ

တတ်သိရာ တတ်သိကြောင်း။


တောင်စုံလို့ ပျံ

အချိန်တန် ကန်လို့သွားလည်းကွယ်

တားလို့ မကောင်း။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အရိပ်



” အရိပ် ”


မုန်းတိုင်း ကျလို့ ကံကြောင်း ဆုံ

ကျေးညီနောင် တို့ ကွဲဖို့ ကြုံ။


အပါး ခိုလှုံ ရသေ့ မြတ်

အကို ယဉ်ကျေး သိမ်မွေ့ အပ်။


သူခိုး ဓားပြ အရပ် မှာ

ညီငယ် ရောက်လို့ နေရ ရှာ။


လုပါ ယက်ပါ သတ်ပါ လား

ဆိုးယုတ် သူတို့ ဓလေ့ များ။


စိတ်ကောင်း ထားတဲ့ ဝန်းကျင် မှာ

နေထိုင် တတ်ဖို့ ကြိုးစား ပါ။


ခိုးဆိုး ယုတ်မာ ဝန်းကျင် များ

ဝေးဝေး ရှောင်ရှား သတိ ထား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အနေတတ်မှကျေနပ်စရာပါ



” အနေတတ်မှ ကျေနပ်စရာပါ ”


မင်းညွန့် ခက်ဖြာ ၊ မင်းဘဏ္ဍာ နှင့်

အာဏာ စိုးသက် ၊ မှားမှန် ခက်ရှင့်။


တိုးတက် ပြည်ဘောင် ၊ လုပ်တိုင်းအောင်လည်း

အမှောင် အတ္တ ၊ ဝိသမ တို့

ထကြွ နိုးကြား ၊ တလွှားလွှား တည့်။


ပေါများ ကောင်း ယုတ် ၊ ခြေခြင်း ရှုပ်မျှ

ယှက်ချုပ် ယောင်းတော ၊ ပေါက်ကျေး ရောသို့

သဘော သကန် ၊ ဟုတ်တိုင်း မှန်ရာ

အမှန် မသိ ၊ ဖြစ်တတ် ဘိဟု

စိတ်သိ ရှောင်ခွာ ၊ အေးငြိမ်းစွာ တည့်။


သင့်ရာ သင့်ကြောင်း ၊ မင်းအပေါင်း မှာ

ပြည်ကောင်း အောင်စေ ၊ ကြိုးစား ပေမို့

မောင်မေ ဘေးတိုက် ၊ ကန့်လန့်တိုက် ၍

ထိပ်တိုက် ပြုငြား ၊ ရူးမိုက် မှားတည့်။


မခြား ပံ့ထောက် ၊ အမှား ရောက်အောင်

ချီးမြှောက် သဏ္ဌာန် ၊ ကြွက်ကြွက် ညံမျှ

ဖန်ဖန် ညွှန်းထပ် ၊ လွန့်လွန့် ခတ်သော်

ကြောင်းရပ် မပြေ ၊ ရှိလာချေ က

တွေဝေ စောင်းမြောင်း ၊ သူမကောင်း ဟု

စိတ်ထောင်း ကိုယ်ကျေ ၊ ရှိတတ်ချေ တည့်။


ကိုယ်ခြေ ကိုယ်လက် ၊ တရားစက် ဖြင့်

မစွက် မရော ၊ မနှော မကန်

မလှန် မဖောက် ၊ မနှောက်(နှောင့်) မဖျက်

စဉ်ဆက် ငြိမ်းချမ်း ၊ ဘဝလမ်း ကို

လျှောက်လှမ်း ကြည်သာ ၊ အေးငြိမ်းစွာ ပင်

ရင်မှာ ပီတိ ရှိသင့်သည်။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အားသာချက်



” အားသာချက် ”


ယက်ကန်ယက်ကန် ရယ်နှင့်

ခြေလေးဘက် မိုးသို့ ကန်

ပက်လက်ကယ်လန်။


လိပ်သဏ္ဌာန်

သန်မာသော်ငြား။


ပက်လက်လန် ပြန်တည့်မျိုးမှာ

ကြိုးစား ခက်သား။ ။


အိမ်ယာကို စဉ်အမြဲ

တစ်ခါထဲသယ်။


မိုးလေဒဏ် သဘာဝ

ခံနိုင်လှတယ်။


ကုန်းပေါ်နှင့် ရေထဲမယ်

ရေမှာကွယ် သူ့အင်အား။


ကုန်းထက်မြေ မှာတော့

သူ့အခြေ ဘဝပေးက

နှေးကွေး လှသား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အာဂလူ



" အာဂလူ "


အ​ကြောင်း အကျိုး ရှိရင်​ဖြင့်

ကောင်းဆိုးသိ ဆင်​ခြင်

ပိုင်းဖြတ်​ထင်​ထင်​။

ပါးနပ်​လို့ လိမ္မာလျှင်

တိမ်​လွှာတွင်​ ဝံ့ကြွား။

အောင်​ဇမ္ဗူ တလူပါ့ကွယ်

အာဂလူသား။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

ဣနြေ္ဒ



" ဣ​နြေ္ဒ "


ဣ​နြေ္ဒ ဣန္ဒြိယ ဟာဖြင့်

အစိုးရ ပိုင်​နိုင်​စွာ။

မျက်​စိနားနှာ လျာကိုယ်​စိတ်

မထိတ်​လန့်​ ​စေဖွယ်​ရာ။

သတိ ဝီရိယ သမာဓိ ပညာ

သဒ္ဓါသာ နိုင်​​အောင်​ထိန်း။

ကံအခွာ ဇရာဆုံး​တောင်

မရှုံး ​စိတ်​ငြိမ်း။ ။


စောင့်​​ရှောက်​ပါ​ ​ဖြောင့်​​ဖြောင့်​မတ်

မ​ကောက်​မကပ်​ စိတ်​ကြည်​သာ။

တဖျတ်​ဖျတ်​ လွန့်​မလူး

ထူး တည်​ငြိမ်​စွာ။

ပြည့်​ဝသည့်​ ဣနြေ္ဒမှာ

ခံစားရာ မနစ်​မွန်း။

ရန်​ဣစ္ဆာ ဘယာ​ဝေး​အောင်

ဖေးမ စိတ်​တွန်း။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

အမှန်ဆီသို့



" အမှန်​ဆီသို့ "


အမှန်ထံ မှန်းဆရင်းဖြင့်

မြင်​ကွင်းအောက်​ အ​ပျောက်​မခံ​ပေ

တောက်​​လျောက်​လိုက်​​နေ။

လိုက်​​လေ​​လေ ဝေး​လေ

ဉာဏ်​စိတ်​​ဖြေ ​နေဆဲ။

အမှားကို ခလုပ်​တိုက်​ကာ

ဘုတ်​သိုက်​ ပြုတ်​လဲ။ ။


အမှန်​ကို တကယ် ​မြတ်​နိုးလို့

ရှေ့တိုးဖို့ တို့ကြံရွယ်

သတိ ချပ်​ကွယ်​။

မယိမ်း​​စေနဲ့ မတ်​တတ်​​ရယ်

လမ်းမှန်ဝယ်​ ဆက်​သွား။

အမှား​ရှောင်​ အ​မှောင်​တိမ်းကာ

ထိန်းတတ်​ ​စေသား။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

အိပ်ဆေးပေးပါ



" ​အိပ်​ဆေး​ပေးပါ ""


ရင်​အခုန်​ ​လေအဟပ်

စာဖတ်​ကြည့်​ချင်​။


ရွှေစိတ်​ဖြာ သဒ္ဓါ လူး

လေရူး ပင့်​တင်​။


စိတ်​ဘဝင်

ဖိတ်​စင်​ကာ လွင့်​ဆဲ။


လွမ်းစာ​ခွေ ရင်​အကပ်​မှာ

ဟတ်​ထိ မိမြဲ။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

ဦးသူနိုင်



" ဦးသူနိုင်​ "


ကိုယ်​လိုရင်​ ချက်​ချင်း ကွဲ့

လက်​ငင်းဟဲ့ လုပ်​စရာ

ခုလုပ်​ကြပါ။

ကိုယ့်​တာဝန်​ လစ်​ဟင်းပါက

ဟိုဒင်းနဲ့ ဟိုဟာ။

ထိပ်​တိုက်​ထိ ငြိတဲ့ခါ

အနိုင်​သည်​သာ လိုရင်း။

ရှောင်​ဖယ်​တုတ်​ လူငယ်​ရူးသို့ကွယ်

ဦးသူ တိုင်​ခြင်း။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

ဪမိန်းမ



" ဪ မိန်းမ "


အ​မေ​ပြော ခဲ့​ပေတဲ့

ထိုသ​ဘော​လေး ​ပြောကြည့်​မယ်​။

မိန်းမဆို အ​မေ​ရောကွဲ့

အားလုံး​သော မိန်းမဟာကွယ်

မိန်းမ ပဲကွယ်​။

ထိုမိန်းမ သဘာဝရယ်

ရှောင်​နိုင်​ဖွယ်​ မရှိ။

သတ္တိ​တွေ ဘယ်​လို​မွေး​ပေမယ့်

သွေးနု နယ်​၏။ ။


အသည်းရယ်​ငယ်

မြတ်​နိုးတွယ်​ အလှတရား။

အူတိုရာ ဘဝများမို့

အားကိုး စိတ်​ထား။


ဆင်းရဲစွာ သ​န္ဓေပျက်

အ​နေခက်​ ​ကြောက်​စွာ

သဘာဝ ပါ။

ပြည့်​စုံသည့်​ ဘဝမှာ

ထာဝစဉ်သာ ​တောင့်​တ။

ထိတ်​လန့်​လျှင်​ဖြင့်

ဖိတ်​လွင့်​စင်​ စိတ်​နှလုံးကို

ဖုံးဖိ မရ။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

အိုးမကွဲခင်ဖိုကဲရှင်ပြု



" အိုးမကွဲခင်​ ဖိုးကဲရှင်​ပြု "


ရိုးလျှင်​ပယ်​ ရွယ်​လျှင်​ပိုး

ဒီအချိုးရယ်​ဖြင့်​ ခက်​ကပြီ။


ဖန်​တစ်​ရာ မှန်​စွာကျိုးလို့

နိုးထသည့်​ ချစ်​ပန်းချီ။


တစ်​မျိုး​​တော့ တစ်​မျိုးစီ

ရိုးအီ​လေ ​ပေဘု။


အစပျိုး မဆိုးချင်​ ပါဘူး

အိုးမကွဲခင်​ တိုးမည့်​ဆဲ မှာ

ဖိုးကဲ ရှင်​ပြု။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

အံဖုံး



" အံဖုံး "


အံခွက်​ကယ်​ အံအဖုံး

သူ့အဖုံးနှင့်​ သူ့အခံ

ကွက်​တိ အမှန်​။

ဤခွက်​ဖြင့်​ တခြားအံ

ကြံဖန်​ကာ အုပ်​လည်း။

ခွက်​အခံ အံမဟုတ်​​တော့

အုပ်​ရ ခက်​ခဲ။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

အချိန်ကာလနာရီကိုစိပ်၍ပြုခြင်း



" အချိန်ကာလ နာရီကို စိပ်၍ ပြုခြင်း "


ငါတို့ဗဟ္မာမှာ

လူတို့မျက်စိ ဆယ်မှိတ် တခဏ

ဆယ်ခဏ တလယ ၊ ဆယ်လယ တခရာ

ဆယ်ခရာ တပြန် ၊ ခြောက်ပြန် တဗီဇနာ

ဆယ့်ငါးဗီဇနာ တပါဒ် ၊ လေးပါဒ် တနာရီ

နာရီခြောက်ဆယ် တရက် ၊ ရက်သုံးဆယ် တလ

ဆယ့်နှစ်လ တနှစ်။


ပါဠိ တော်ကျမ်းဂန်ကား

ခဏ , လယ ၊ မုဟုတ် , ပုဗ္ဗနှ

တမနက် , မဇ္ဈနှိက ၊ တနေ့လယ် , သာယနှ

တညနေ , ဟုလာ၏။


ထို့ကြောင့်

ဆယ်လယစေ့ ခရာကာလ အစပြု၍

တနာရီ ကာလ တိုင်အောင်

ဤအတွင်း အခါကာလကို မုဟုတ်နယ်ဟု

မုဟုတ် ကာလချည်း မှတ်ရာ၏။

ဆယ်မုဟုတ်ကို ဆယ်နာရီစေ့

နေ့၏ သုံးဖို့တဖို့ တမနက် ဟုမှတ်ရာ၏။


အလုံးစုံသော အရာဌာနတို့၌

ယောက်ျားသည်သာလျှင် ပညာရှိသည် မဟုတ်

မိန်းမ သည်လည်း ပညာရှိသည် ဖြစ်၏။

ဤသုလသာသည် ဤကုဏ္ဍလကေသာသည်

တမုဟုတ်ခြင်း ရန်သူကို နိုင်အောင်ကြံနိုင်လေစွ။


တရောလောက် ကာလကို

တမုဟုတ် ဟုဆို၏။

ဤ ယခုသုတ် တောင်တက်ရာ၌ကား

နှစ်ပါဒ်ခွဲ နှစ်ပါဒ်မျှလောက် ကာလကို

တမုဟုတ် ဟု ဟောတော်မူ၏။


(ပဏ္ဍိတဝေဒနိယ ဒီပဏီကျမ်း)


တင်ဆက်သူ "သစ်ရိပ်ညို "

posted from Bloggeroid

အားကိုးမှား



" အားကိုးမှား "


ရိုးရာပင်​ အစဉ်​ဆက်

တင်​လျက်​ ပသ ရာ။

တောင်းဆုငယ်​ ကြိမ်​ကြိမ်​ထား

အားရ စရာ။

ေ​ရပန်းခက် ​​ဆက်​သတာ

ဥ​ပေက္ခာ ခံစား။

နတ်​ကိုးကွယ်​ တကယ်​ရိုးတဲ့

တို့ မျိုးသား များ။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

အမှန်ကျင့်အကျင့်မှန်ပါ



" အမှန်ကျင့် အကျင့်မှန်ပါ "


တုံးခုံကျော် ဇယ်အံပျိုး

ရေချိုးအပ် မီးလှုံ

ဆွေမျိုးမှတ် အရည်းကြီးပုံရယ်

ကျင့်ခုံမင် တလွဲ။

ဆင့်ကဲလို့ နတ်နန်းခြုံမယ်

တတ်ဆန်းစုံ အကျင့်လွန်ကဲ။


သံသရာ သည်ဂယက်

စုံမက်သည့် မူကွဲ။

ကျင့်ချော်သူ အယူမြဲစွ

လူထဲကလူပင်။

ဒိဋ္ဌိမှန် နစ်ပြန်ကြ

ဖိတ်မံတက လှမ်းခေါ်ချင်။


မြှူဆွဲကြ သူတို့ဆုံအသွင်

မျိုးဂုဏ်ငင် ကွယ်ပျက်ဖို့

လက်ချင်းဆက် သွယ်ပျိုးမျှော်လျှင်

စည်းရိုးထိုးနော်။

မီးခိုးလို့ ရေမှုန်ချော်သလို

တုံးခုံကျော် ဇယ်ခတ်နဲ့လေး။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အမိုက်မြူ



" အမိုက်​ မြူ "


အသိရယ်

မကွယ်​​စေကာ။


သတိဝယ်

မပယ်​​စေရာ။


အသိ​တွေ ဖယ်​ခွာလာ

အဝိဇ္ဇာ ကြီးစိုး။


သတိခွာ တဏှာဖက်​ ​တော့

မှားချက်​ လွှမ်းမိုး။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

ဣဒ္ဓိပါဒ်



" ဣဒ္ဓိပါဒ်​ "(ဣိဒ္ဓိပါဒ)


စိတ်​အခံ ပညံကျွေးလို့

လုံ့လ​လေး ဆန္ဒနှံ

ဝီရိယ ကံ။


ဒိဋ္ဌိကပ်​ အပါယ်​ရန်

ဤသည့်​ဒါဏ်​ ​ရှောင်​​ရေး။


သေခြင်းကို မ​ကြောက်​ရွံ့စွာ

နောက်​မတွန့်​ ကြိုးစား​အပ်​​ပေ

တိုးပွား တတ်​​ လေး။ ။


" သစ်​ရိပ်​ညို "


ဣဒ္ဓိ = တန်​ခိုး(ပြီးစီးခြင်း)

ပါဒ် = အ​ခြေခံ

posted from Bloggeroid

အာရုံ



" အာရုံ "


ဓားမဖက်​​တော့ ထင်း​ခွေ။

တရားဖက်​​တော့ အမျက်​​ပြေ။

စိတ်​ခြေ​နေ တွယ်​တာေ​ပ အပ်​​ကြောင်း။

လက်​ကိုင်​ရာ သဒ္ဓါ ဖက်​တယ်

သက်​​ရောက်​ ရာ ​အောင်း။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

"အ"ဒီဃ



" `အ´ ဒီဃ "


ရေတေ​ပါက်​ပေါက်​နဲ့

ေ​ဖျာက်​ဖျောက်​ ကနဲ ကျအလာ

အ​တွေးစ ပြတ်​ခါ။


အချိန်​အခါ ဆိုတာ

ဘယ်​ခါမှ မမြဲ။


ပေါ်လာချိန်​ သည်​အ​တွေးစကို

ရေးချ ပြီပဲ။ ။


" သစ်​ရိပ်​ညို "


ဒီဃ= ရှည်​လျား​သော ကာလ

posted from Bloggeroid

အငွေ့



" အ​ငွေ့ "


ဆောင်းတစ်​ည

ကောင်းလှတဲ့ အိပ်​မက်​။

နတ်​မိမယ်​ ​ရာထောင်​​သောင်း နှင့်

ပေါင်းဖက် ​​​မှေးစက်။   ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

ဥပါဒါန်



" ဥပါဒါန်​ "


သင်္ခါရ

ခင်​လာကြ ငြိဘဝင်

သတိ မယှဉ်​။


ရေမြင်​လျှင်

ရေတွင်​ စိတ်​စွဲ။


မီးသခင်​ ​မြေဘုရင်​ နှင့်

လေဟုန်​ဆင်​ သဒ္ဓါ စု က

ဥပါဒါန်​ ပဲ။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

အမျိုးသားနေ့တို့မမေ့



" အမျိုးသားနေ့ တို့မမေ့ "


ဒေါင်းနေတောင်ပံ

ဝဲကာပျံလို့

အားမာန်တက်စေ တို့မြန်ပြေ။


တန်ဆောင်းမုန်းလ

လဆုပ်လဝယ်

ရက်တဆယ်နေ့ တို့မမေ့။


ဥပဒေကြမ်း

တို့စိတ်ဝမ်းနှင့်

နည်းလမ်းမညီ တွန်းလှန်သည်။


ကျောင်းတော်သိပ္ပံ

ဦးဆောင်မှန်လို့

ဝံသာနုထား ကျောင်းတော်သား။


ရွှေတိဂုံ တွင်

ပေါင်းစုံ ရင်ပြင်

ငြမ်းဆင်တန်ခိုး မနွမ်းညိုး။


နေရှင်နယ်များ

တို့ကျောင်းသားဟေ့

များပြားလွေ့လွေ့ အမျိုးသားနေ့။


မျိုးဇာတိမာန်

ဟိန်းဟိန်းလျှံလျက်

ကိန်းခံတန်ဖိုး သတ္တိမျိုး။


ထက်ယံတလူ

လွှင့်လို့ထူတဲ့

မျိုးလူခပင်း ဒေါင်းနေမင်း။


သည်နေ့သည်ခါ

မင်္ဂလာဟေ့။


သိင်္ဃာအမျိုး

တို့အမျိုးဟေ့။


တို့မျိုးတို့ဆွေ

တို့ရဲ့ပြေတွက်

တို့တွေပေါင်းစု

ဝံသာနုဟေ့။


မျိုးထုမြန်ပြည်

ခြိမ့်ခြိမ့်စီသည့်

အောင်စည်အောင်မောင်း

ခြိမ့်ခြိမ့်ညောင်းသည့်

သိန်းသောင်းဗိုလ်ခြေ

သခင်တွေဟေ့။


တို့မျိုးဘာသာ

တို့ပညာရေး

အာဏာပေးပြီး

မဆွေးနွေ့းနဲ့။


တို့ပညာရေး အခွင့်ပေး

ကျွန်ပညာရေး အလိုမရှိ

သပိတ်သပိတ် မှောက်မှောက်

သခင်မျိုးဟေ့ တို့ဗမာ

အရေးတော်ပုံအောင်ရမည်။

အောင်ရမည်။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

ဆောင်ခြင်းနှင့်အောင်ခြင်း



" ​ဆောင်​ခြင်း နှင့်​ ​အောင်​ခြင်း "


စိတ္တ မုန်​တိုင်း ၊ ဆင်​ရိုင်း သို့နှယ်

မာန်​ထည် ​ဟုန်ြ​ကီး ၊ ပါယ်​မီး ကြွယ်​ကြွယ်

ငယ်​ရွယ်​ ဖြိုး​မောက်​ ၊ ​မီးတောက်​ ရန်​စွယ်

ဘယ်​သို့ငြိမ်း ထိန်းသိမ်း ​နေတတ်​ဖွယ်​။


သဒ္ဓါ သီလ ၊ သုတ စာဂါ

ပညာ ဟိရိ ၊ ထိန်းညှိ ဩတပ္ပါ

စာနာ သနား ၊ ဆပွား ​မေတ္တာ

ကြင်​နာကဲ အမြဲ ​ဆောင်​​စေရာ။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

အေးငြိမ်းစွာနေတတ်ခြင်း



" အေးငြိမ်စွာနေတတ်ခြင်း "


ပဋိပက္ခ ၊ များသတ္တ

ရှောင်မှ စိတ်ချမ်းသာ ။


သူကကိုယ့်ခတ် ၊ ကိုယ်ပြန်ခတ်

မပြတ် သံသရာ ။


အတ္တကိုသိမ်း ၊ ရှောင်ခွာတိမ်း

အေးငြိမ်း လွန်ချမ်းသာ။


သူ့ကိုခြေထိုး ၊ ကိုယ့်အကျိုး

တန်ဘိုး မရှိရာ ။


သူနဲ့တူတူ ၊ ပြန်ပက်မူ

ရည်တူ နိမ့်ကျမှာ ။


မာနရှေ့ထား ၊ လွန်မိုက်မှား

တရား မကပ်တာ ။


တတ်သိစာပေ ၊ လွင့်စင်စေ

မှောင်တွေ ဖုံးတော့မှာ။


ပညာသတိ ၊ စဉ်မြဲရှိ

အသိ မြဲခိုင်စွာ ။


ချမ်းသာသုခ ၊ လိုတရ

အေးမြ ဝမ်းပန်းသာ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အပြေးသမား



" အ​ပြေးသမား "


ဘဝ​တွေ ယှဉ်​ပြိုင်​​ရေးတွက်

အေ​ပြးတို့ တာမထွက်​ခင်

တာလွှတ်​ဖို့ ပြင်​။


ခွန်​အားမြှင့်​ အပြည့်​ဆင်

ဇောင်းလွှတ်​လျှင်​ အပြိုင်​နွဲ။


အောတိုက်​စုံ အားကုန်​​ပြေးတဲ့

တာ​ဝေးပြိုင်​ပွဲ။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

အလုပ်အပြော



" အလုပ်​ အ​ပြော "


အမှားအမှန်

ကျားကန်​လို့ မ​ပြောလို။

လူ့စိတ်​​နေ စိတ်​အ​ကြောင်း

ကောင်း မ​ကောင်း ကို။

ကောင်းမှုသာ လုပ်​​စေလို

မ​ကောင်း ဆို ​ရှောင်​ရှား။

လူထိုထို ​ကောင်း မ​ကောင်းမှာဖြင့်

နှောင်းကျ ကွဲပြား။ ။


ကောင်းတဲ့သူ စကားက

တရားပြ မြဲအစဉ်

ထိုက်​သင့်​ သ​လောက်​ပင်​။

ပိုလို့လဲ မဆိုပင်

ဆင်​ခြင်​ရာ ကိုသာပေး။

သက်​ရှည်​ရာ

မင်္ဂလာ တရားတို့

ထားတတ်​ဖို့ ​လေး။ ။


ကောင်းသူ​တွေ ​နောက်​တစ်​ပါး

စကားပြတ်​ ကန့်​လန့်​ဆင်​။

အလုပ်​နှင့်​ သက်​​သေပြ

ကောင်းစွ ​ပေါ်လွင်​။

အခက်​အခဲ ​တွေ့ပါလျှင်

မေတ္တာယှဉ်​ ချိန်​ဆ​တွေး။

စကားမ​ကောင်း​ပေမယ့်

အများ​ကောင်း​အောင်​ တကယ်​လုပ်​တယ်

နှုတ်​စ မ​ကြွေး။ ။


မ​ကောင်းသူ ထိုတစ်​ပါး

စကားက ရွှန်းရွှန်း​ဝေ

ပြောတတ်​ကြ​ပေ။

အတ္တက အတွင်း​နေ

ငါလို​ပေ ကြိုးစား​ဆောင်​ကြ

တိုးပွား​အောင်​​နေ။

အခွင့်​အ​ရေး ရလျှင်​​လေ

ပိုက်​သိမ်း​ချွေ မ​နှေး။

ယခင်​က ​ကောင်းစကားလှ​တွေ

နားဝမှာ ​လေး။ ။


မ​ကောင်းလူ ​နောက်​တမျိုး

မြေလျှိုးသည့်​ စကားရယ်​။

ကောင်းတာဆို ဓားသွားထက်

ပျား​ရေစက်​ နှယ်​။

မ​ကောင်းဆို မြဲညည်းတယ်

သည်းညည်းကွယ်​ ခံဘူး။

ကိုယ်​​ကောင်း​လေသမျှ

မ​ကောင်း​စေ တစ်​ခါစွက်​လျှင်

ပြောထွက်​ဖွယ်​ ဘယ်​မရပ်​ပါ​ပေါ့

ထပ်​ထပ်​လွန်​ကြူး။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

အဆိုးဆုံးကိုကောင်းအံ့ထင်



" အဆိုးကို​ ကောင်းအံ့ထင်​ "


သူ့အ​သွင်​ မြီး​ကောင်​​ပေါက်

အရွယ်​​ရောက်​ လာလျှင်​။


ပတ်​ဝန်းကျင်​ တုယှဉ်​ပ

ကောင်းလှ လို့သူထင်​။


ဆန်းသစ်​တဲ့ အလှပိုင်​ရှင်​နှယ်

သူ့ကိုယ်​တွင်​ ချယ်​မှုန်း။


လူကြည့်​လျှင်​ ပီတိပွား တယ်

မှားသည့်​ ကုထုံး။ ။


သူ့ကိုမြင်​ လူကြည့်​က

ပီတိခ ငြိတွယ်​။


မသင့်​​တော်​ အရုပ်​ဆိုးကို

ကောင်းနိုးနိုး ထင်​ရှာတယ်​။


ပုံယွင်းမလှ လိမ်းကျံချယ်

သနားစဖွယ်​ ရုပ်​က​လေး။


ရိုးရိုးရယ်​ပြင်

ဘယ်​​လောက်​ပင်​ ရှုမဝ

လှလိုက်​မည် ​လေး။ ။


ထင်​​ယောင်​ထင်​မှား

အဟုတ်​များ ဟုပင်​။


ဆက်​ဆက်​ကာ ဘယ်​မငြီး

ချိန်​ယူပြီး ပြင်​ဆင်​။


အ​ရေပြား အသားပျက်​ချင်

သူ့ဆံပင်​​ရောင်​ညစ်​​ထေး။


လွန်​​လေပြီးကာမှ

ငွေကုန်​ပြီး ​ရောဂါစွက်​တယ်

ခက်​ပါ​ရော့​ လေး။ ။


" သစ်​ရိပ်​ညို "

posted from Bloggeroid

အဖြူရောင်ပရဟိတ



အဖြူရောင် ပရဟိတလူငယ်လေးများအသင်း


မွေးလာဘဝ ၊ ခန္ဓာရသည့်

ဖြစ်ရပျက်ရ ၊ လူ့ဘဝတွင်

ပရဟိတ ၊ ကောင်းမှုငှသည့်

ခက်မဝေဖြာ ၊ တို့ပြည်ရွာတွင်......


များစွာသုတ ၊ ဆည်းပူးကြသည့်

ပညာ့အရာ ၊ သုတရှာသော

စာဝါနုသရိ ၊ ပွားများမည့်သူ

မြတ်သည့်အလှူ ၊ ရည်တူလှူဒါန်း သာစခန်း။


များစွာဒုက္ခ ၊ ဆင်းရဲကြသည့်

နွမ်းပါးလှသူ ၊ ချို့တဲ့သူကို

တို့ကူညီပေး ၊ ထောက်ပံ့ရေးဖြင့်

မ​နှေးကြည်​ဖြူ ၊ ရည်တူလှူဒါန်း သာစခန်း။


စိတ်​ကျဝေဒနာ ၊ ခံစားရှာသည့်

နူနာမကျန်း ၊ သူငါလမ်းတွင်

စိတ်​ဝမ်းချမ်းသာ ၊ စောင့်ရှောက်ပါမည့်

ပြူငှါ​ဖေးကူ ၊ ရည်တူလှူဒါန်း သာစခန်း။


များစွာသောက ၊ ဖိစီးကြသည့်

မိဘမဲ့သူ ၊ အားငယ်သူကို

ညီတူပြုစု ၊ ယုယမှုဖြင့်

မြတ်ဆုအလှူ ၊ ရည်တူလှူဒါန်း သာစခန်း။


သဘာဝဘေး ၊ ထောက်ပံ့ပေးအပ်

ယှဉ်​​တွေးထပ်​ထပ်​ ၊ မတ်မတ်ရပ်ရန်

သတ်မှတ်ပေးကမ်း ဝန်မျှထမ်းရင်း

ရွှင်​လန်းအလှူ ၊ ရည်တူလှူဒါန်း သာစခန်း။


စိတ်ရည်တူမျှ ၊ လှူဒါန်းကြမည့်

ပရဟိတ ၊ လူငယ်အသင်း။


စိတ်ရင်းခံမှာ ၊ စေတနာနှင့်

စာနာတည်ထောင် ၊ အဖြူရောင်လျှင်

ပြည်ထောင်သုခ ၊ ဖေးကူမသည့်

စိတ္တဖြူသူ ၊ တို့အလှူတွင်

ဝင်ကူလက်ယှက် ၊ ချဉ်ခြင်းတက်စွာ

လက်​ယှက်​ဖွဲ့စည်း ၊ အောင်မြင်ပြီးမို့

လာပြီးယခု ၊ ဒါနပြုရန်

ကုသိုလ်အလှူ ၊ ​ပေါင်းဖက်​ကူမည်

ကြည်ဖြူသာဓု ခေါ်စေသော်ဝ် ။

များလူသာဓု ခေါ်စေသော်ဝ် ။

နတ်လူသာဓု ခေါ်စေသော်ဝ် ။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အက်ကြောင်း



" အက်ကြောင်း "


ကောင်းမှုရှာ စည်းဝေး

ရွာရေးတွက် စုစည်းရာ

ဆိုးသူညှပ်ပါ။


ခေါင်းပေါင်းစ သူ့ခမျာ

ဟန်လုပ်ကာ ဝတ်ထား။


အားနည်းချက် ကိုဖွေရှာ

ကောင်းနေတာ အဆင်ကျဲအောင်

သွေးခွဲ လှသား။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အရိုက်အရာ



" အရိုက်အရာ "


ကောင်းမှုလို ထိုအကျိုး

မြတ်နိုးလို့ ဦးဆောင်ချင်

ခေါင်းဆောင်မြှောက်တင်။


တရားမျှတ သည့်အဆင်

သူအသွင် နိုးကြား။


ညှာတာထောက်ထား သနားသည်းခံ

ခြောက်ရံကြီးစွာ မိတ်​သဟာကိုဖြင့်

ဂရုဏာထား။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အမေ့ဂုဏ်အင်



" အမေ့ဂုဏ်အင် "


တံတိုင်းထက်မဟာ

သိုင်းအက်ခါ ကွဲကြေစေတော့

စင်္ကြာဝဠာထဲ ဖွေရှာလျှင်

သေချာပင် ရှားသစ္စာမို့

ပါးမေတ္တာ မြင့်မိုရ်ထက်ဟီးသထင့်

ကြီးတဲ့ဂုဏ် တနည်းထွာကြည့်ရင်

ခရီးမဲ့ဇုန် မနီးကွာရှိတဲ့

ကြီးဘိဂုဏ်အင်။


သွေးအသက် စွန့်ပယ်ပြီး

မရွံ့ဘယ်မငြီး မွေးမြူရှာ

အပေးအယူ က တဖက်ရပ်

ပေးဆပ်ဖို့ စေတနာသန်

မေတ္တာခံ အဖြူထည်မှာဖြင့်

အပူသည် ကွယ်ဝှက်ပြုံး..ရှာတဲ့

အချစ်ဆုံးက မွေးမိခင် ။


လှဂမုန်း တောင်စွယ်ညိုရင်ဖြင့်

မောင်မယ်တူ သစ္စာတရားက

ရှေ့သွားနောက်လိုက် မညီရှာ

ထွေပြားဖောက်လှိုက် ပလီရှာသူမှာတော့

အိုရှာသူ တကိုယ်တည်းမှာ

လက်ချည်း ဗလာပင်လျှင်

သက်ငင်ပေါ့လေး။


ထွက်ဝင်လေ ရှုပါ့မိခင်

ကြည်ကြည်လင် ဒါနပေး တာတော့

မျှော်တွေးပါ့ စိတ်အစဉ်

အနိဌာတွင် စိတ်ရှောင်တိမ်းပါမှ

အိပ်ယာဝင် ဘဝဆုံးရင်ပေါ့

ကောင်းနိဂုံး နိဗ္ဗာန် မြင်

ဓိဌာန်ဝင် ဘာဝနာတရားတို့ကို

ထပ်ပွား ခါခါ ဆင်ခြင်ပါ့

မြတ်တရားသာ ဖေးကူပေးနိုင်ရဲ့

တွေးအစဉ် မြတ်သီလရှင်သို့

ကပ်ကာဝင် ထက်ယံနန်းကြွဖို့

မက်ဖိုလ်စခန်း ပြည်နိဗ္ဗာန်ကိုဖြင့်

မွေးသမိခင် ကျေးဇူးရှင်ရယ်

ဓိဌာန်ဝင်ပေး။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အိမ်ပြန်လမ်း



" အိမ်ပြန်လမ်း "


နွေလယ်မှာ ဥဩပျို

တေးဆိုလို့ ချွဲ။

အိမ်သူ့ခင် ကြင်သူမှန်း

လွမ်းလို့ နေဆဲ။


ပျိုယက်တဲ့ ယက္ကန်းထည်

ဈေးဝယ်က ကျ။

အဆင်ထည် ပိုးချည်ကွက်မှာ

မျက်နှာပန်း လှ။


စရည်းအိုးခွက် ကြမ်းလ္ဘက်

ထန်းလျက် နှင့် ဆား။

ဝန်စည်စလယ် သယ်အထုပ်

မြင်းမှာ ချုပ်ထား။


ရွှေမြင်းနှင့် အိမ်အပြန်

ခွာသံက ပြင်း။

ထနောင်းဝင် ပင်အိုရိပ်

ချွေးသိပ်ဖို့ ဆင်း။


ရွှေချိုးဖို ကူ

မြှူ ပေသို့လား။

သည်နေပူ ထနောင်းရိပ်က

မှေးမှိတ် ချင်သား။


သို့ပေမယ့်ကွယ်

နေကွယ် ကုန်လိမ့်။

အိမ်အပြန် ရွာအဝင်ဖြင့်

ညဉ့်​နက်​ ပေလိမ့်​။


ရွာကိုဝင် အိမ်အနား

ကြားလေ လိမ့်လေး။

ယက္ကန်းသံ ခွာသံစွက်ကယ်

စည်းချက်ညီလေး။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အတ္တမျဉ်းပြိုင်



” အတ္တ မျဉ်းပြိုင် ”


ခင်ရာဆွေမျိုး ၊ တို့ဆွေမျိုးကွဲ့

ဆွေမျိုးဆိုတာ ၊ မိတ်ကောင်းသာမို့

မိန်ရာဟင်းကောင်း ၊ အတူပေါင်းဖက်

အကြောင်းဆက် ကောင်းချက် ရင်သိုထား။


မကောင်းမစေ ၊ ကောင်းရာစေသည့်

မိတ်ဆွေဆိုတာ ၊ ဆွေမျိုးသာမို့

ပေါင်းရာသင့်ထွေ ၊ ကောင်းမှုဖွေလှစ်

မိတ်ဆွေစစ် စိစစ် ပေါင်းစေသား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အရောင်တင်ပါ



” အရောင်တင်ပါ ”


ကောင်းမှုကို ရည်သန်

အဖန်ဖန် အပ်နှင်း။

အကြိမ်ကြိမ် မေတ္တာပွား

ထားတတ် စေခြင်း။


ကောင်းရာကို မကြာခဏ

သတိရ နေရင်း။

အရောင်တင် ချယ်သမွှန်း

ညွှန်းပြ ဆိုရင်း။


ကောင်းစိတ်ကို ရင်မှာမွေး

တွေးဆ ရင်တွင်း။

သံသရာ ကံအထုတ်

ကျိုးကုတ် ရှာခြင်း။


ရောင်စဉ်လွှတ် သိဒ္ဓိခံ

ဒိဋ္ဌမှန် ဟန်မယွင်း။

အောင်စေရာ အောင်နိမိတ်

အောင်ဘိသိက်သွင်း။


” သစ်ရိပ်ညို ”

posted from Bloggeroid

အဘိဓာန်



" အဘိဓါန် "


နိုင်ငံတပါး

ဘာသာခြား

ပြန့်ပွားနည်းမှန် အဘိဓါန် ။


ဆင်းရဲချမ်းသာ

ဖြည့်တင်းကာ

ပညာတန်ဖိုး လက်ကိုင်ပျိုး။


တို့တိုင်းဘာသာ

တို့မြန်မာ

လွန်စွာငုပ်လျှိုး ဘိဓါန်မျိုး။


ဝယ်ယူမည်ကြံ

မလောက်ပြန်

ဖိုးတန်ဈေးများ ဝယ်သူရှား။


မှတ်တမ်းရေးရာ

ထပ်ထပ်ခါ

မှန်စွာစစ်ရေး ချိနဲ့သေး။


စကားစမည်

ဝိုင်းကြီးစည်

ပြောသည့်စကား အလွန်မှား။


စာပေရလာဒ်

ဝတ္ထုအပ်

ကဗျတ်ကဗျာ မှားတစ်ရာ။


ရှေးကြီးနှောင်းငယ်

အသွယ်သွယ်

ကိုင်တွယ်ထောက်ထား လွန်ဖောက်ပြား။


စာပေစုံမက်

လူ့ဂုဏ်တက်

စွဲမက်စရာ အလင်္ကာ။


ရှေးမူဌာန်သံ

ပါးလျချန်

သင်ဥာဏ်မဲ့ဆွေး ပညာရေး။


မြို့ကျောင်းရွာလိုက်

စာကြည့်တိုက်

ရှုထိုက်ဖွင့်လာ နည်းပါးစွာ။


ပညာရပ်အား

ခေါင်းဆောင်များ

မျက်သားပွေးတက် အားပေးခက်။


နည်းပေးလမ်းသွယ်

ရှောင်ကျဉ်ဖယ်

ပြုဖွယ်ခပင်း လက်အောက်သွင်း။


ပါဠိပါဠ်သား

မျက်ကွယ်ထား

နောင်သားမိုက်စု ထင်တိုင်းပြု။


ဒီလိုပုံမျိုး

တိုင်းပြည်တိုး

ရယ်မျိုးငယ်ဆင် ရယ်လိုက်ချင်။


တိုင်းပြည်သက်ထွက်

စီးပွားတက်

ဆိုလျှက်တွင်တွင် ယုံဖို့ပင်။


ရယ်လိုက်ချင် ရယ်လိုက်ချင်။

ယုံလိုက်ချင် ယုံလိုက်ချင်။


" သစ်ရိပ်ညို "

posted from Bloggeroid

အနာရောဂါ



” အနာရောဂါ ”


တော်သလင်းမှာဖြင့်

အပူကင်းအောင် နေကြပါခင်ဗျာ။


သွေးစုနာ ဝက်ခြံပုန်းတွေဖြင့်

ဗြုန်းကနဲ ပေါ်လာတတ်တာ။


ရေခြောက်ပေါက် မျက်စိတွေနာ

ရောင်ကိုင်းနာ ခက်သား။


အပြင်ဘန်း သာမဟုတ်ပါဘု

တွင်းလှိုက်ခါ ရောင်ကာရစ်ဖြာမယ့်

မြစ်ပွားနာ များ။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အောင်မြင်မှု



” အောင်မြင်မှု ”


စေတနာ သဒ္ဓါတရား

ထားတတ်ကြပါ။


ပေးမျှကြ သည် မေတ္တာ

လွှမ်းခြုံလျက်သာ။


ကိုယ်ချင်းရယ် စာနာ

နားလည်စွာ ဂရု ထား။


ငါ ဆိုတဲ့ မာန်မာန ကို

ချုပ်ကြစေသား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အညစ်အကြေး



” အညစ်အကြေး ”


ရေ အဝင် မြေ အနှစ်

ရော ညစ် လို့ပါ။


စိတ် အစဉ် မြူ အညစ်

ရော နစ် တဲ့အခါ။


ရေအညစ် ဖယ်ခွာ

အနည်မှာ ထိုင်ဆဲ။


စိတ်ညစ်လျှင် တည်ငြိမ်ပြု

ကောင်းမှုဆင့်ကဲ။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အပြစ်မမြင်ရက်သူ

" အပြစ်မမြင်ရက်သူ "

ရှင်းသန့်သန့်
သင်းရနံ့ဖြာ။

ဖြူဝါလွင် အသွင်ဆန်း
လန်းရွှင်လှစွာ။

မြတ်နိုးကြင် ခင်မင်လာမှ
ပွင့်ဝါကြွေနွမ်း။

ယုယထွေး ဖေးကူထိုက်သည့်
ပိုးကိုက်သည့်ပန်း။

" သစ်ရိပ်ညို "
posted from Bloggeroid

အဖွဲ့အစည်း



” အဖွဲ့အစည်း ”


ဥက္ကဋ္ဌ

လုပ်သမျှ ရှေ့ဆောင်။

ထိပ်ရှေ့မှာ ခပ်ပြုံးပြုံး

ဖုံးလို့ဟန်ဆောင်။

အင်း အဲ ဟို ဒီလို သံယောင်

အဆင်ပြေအောင် နေပေး။

အမှားကံ အကြောင်းဆိုးတွေ

ခေါင်းထိုးခံကြွေး။ ။


တာဝန်ယူ အတွင်းကျကျ

ပေးသမျှ ဝန်တာ။

လုပ်စရာ ကြံဆတွေး

အကြီးမှူး ရေးရာ။

အဆင်ပြေ ချောမွေ့အောင်သာ

စေ့ငုံစွာ ကြိုးစား။

အလုပ်များနေရာတကျ

အရှုပ်မမှား စေရန် အစစ

မျှတ လုပ်ပေး။ ။


ပေါင်းစုညီ သည်အလုပ်

လုပ်ကြစို့ကွာ။

ရှေးကနေ လျှောက်သွားသမျှ

နောက်များက မကန့်လန့်ပါ။

ထားသည့်နေရာ

ကျေပွန်စွာ လုပ်ပေး။

ရှေးနောက်ညီ ဟန်ချက်လေးကို

လေးစားမှုပေး။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အရိပ်ဆိုး



” အရိပ်ဆိုး ”


ဒီမှာ ဟေ့လူ ရ

လောဘ သမား။

ဒီမှာ ဟေ့လူ ရဲ့

နယ်ချဲ့ သမား။


အလိုဗျာ ခင်ဗျား

တကယ် မတရား ပါလား။

ကျုပ်ပိုင်နက်ကိုနော်

တလှမ်းကျော် ပြီး

စည်းတစ်ချက်သား။


ပါးစပ် ကအကြိမ်ကြိမ်ဆို

ဒီမိုကရေစီ လိုလား။

သူများ ခြေဖနောင့်ဘက်ကနေ

နောက်ကနေ ချစား။


ထိပ်တိုက်လည်း မဆင်

အညှောင့်ဝင် ပြုစား။

ခြေဦးလှည့်တိုင်းမှာ

ကျောနောက်ပိုင်း ကပ်ရှောင်

အမှောင်လူသား။


ခင်ဗျား ဘက်ကျ

ခါးခါးသီးသီး ငြင်းဆန်

ဒါ မှန်ရဲ့လား။

ဒီလိုသာ ကြိမ်ကြိမ်လုပ်ရင်

ကျုပ် အဖို့မှာ လှုပ်သမျှ

ဒုက္ခပါ ဗျား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အရည်အသွေး



" အရည်အသွေး "


တစ်ကိုယ်ရည် အစွမ်းအစ

အားမာန်ကြွ နိုးထစွာ။

ဥာဏ်ရည်သော် ပေါ်လွင်ထင်ရှား

မြော်မြင်အား ကြီးရှာ။

တတ်သင်လာ

ပညာအရာ မြင့်မား။

သွေးတိုင်းလျှင် လက်ရည်တက်

ထက်မြက်စွမ်အား။ ။


" အရည်အချင်း "


တတ်သိသမျှ ဆပွားတိုး

ကြိုးစားမြဲ သာ။

နှုတ်ရေးထက် လက်တွေ့ကျ

လုံ့ လစိုက်ကာ။

ခက်ခဲတို့ ကျော်ဖြတ်ရာ

လိမ္မာစွာ ချင့်တွေး။

အားအင်ကို လိုသလိုဖြင့်

ကြိုပြင်ဆင်ပေး။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အသက်ဥာဏ်စောင့်



" အသက် ဥာဏ်စောင့် "


ကံမပိုင် ဥာဏ်ယိုင်လဲနေသမျှ

မာန်ဆိုင်ခဲ တက်လေ

သက်တန်းစေ့ မနေနိုင်ပေါင်

မင်းသိဖို့ဆောင်။


ပူအေးဓာတ် လွန်စွာကိန်းပါက

ဘယ်လိုထိန်းကြပါ့ ခန္ဓာကောင်

အစားစာကြေအောင်။


ဆေး အဆိပ်ချွေ လူ့အသည်း၌

ခန္ဓာထဲ ပတ်ခွေလည်တောင်

(အမယ် မောင် အယူတိမ်းကာဖြင့်)

မာန်အလှစောင် လူပြိန်း။


အဝင်လွယ် အထွက်ခက်စေတဲ့

ဆီးဝမ်းလေ ချွေးသလိပ်ကယ်နှင့်

သွေးအဆိပ် ပြည်အနာအောင်းချေက

မအီမသာ ငြီးအံလျောင်းတတ်ရော့တယ်

အပေါင်းဓာတ်ခံ ငယ်ရွယ်ကြီးဟူတို့

သေရွာခရီး နီးရလျက်ကွယ်

သက်ချွေမည့်ကိန်း။


" သစ်ရိပ်ညို "

posted from Bloggeroid

အားမာန်ဝံ့ချီတို့တိုင်းပြည်



" အားမာန် ဝင့်ချီ တို့တိုင်းပြည် "


မျက်နှာစုံညီ ၊ တို့တိုင်းပြည်

နေခြည် ဖြာခွင်း ၊ လင်းတော့မည်။


စိတ်နေမြင့်မား ၊ မြန်ပြည်သား

စိတ်ထား ဖြူစင် ၊ ရွှင်ပြမည်။


ငယ်သူနိမ့်ပါး ၊ ဖေးမအား

ဆပွား ထွေးပွေ့ ၊ မွေ့ကြမည်။


စည်းကမ်း ဘောင်ဝင် ၊ ဆောင်ကျင့်စဉ်

နောင်တွင် မိုက်မှား ၊ ရှားလိမ့်မည်။


မျိုးနွယ် မြှောက်စား ၊ တိုင်းရင်းသား

ပြည်ကား ဂုဏ်ရည် ၊ တည်လိမ့်မည်။


ပညာ အစွမ်း ၊ မြှင့်တင်လမ်း

ပွင့်လန်း တို့အမျိုး ၊ တိုးတက်မည်။


(တက်ညီ ၊ လက်ညီ)၂


" သစ်ရိပ်ညို "

posted from Bloggeroid

အိမ်၏အရှင်သခင်မ



" အိမ်၏အရှင် သခင်မ "


သားသခင် လင်ကိုဘုရားရယ်လို့

ဦးထိပ်ယံ ပန်ဆင်ထားတဲ့

ဇနီးမယား အိမ်အရှင်မှ

ကျွေးမွေးသုတ်သင်။


ငြူစူတဲ့အတွေး

လှောင်ရေးဖြင့် မငြိုငြင်

ရှောင်ဖယ်ကျင် မတိမ်းပါး

စိမ်းကားဖို့ မမြင်။


စာနာပေး ငြိမ်းအေးလှ

နွေးထွေးစွ မေတ္တာဝင်

သစ္စာရှင် လှတရား။


မပင်ပန်းနိုင်ရှာဘု

ဝန်ထမ်းရာ အိမ်သူခင့်မှာဖြင့်

လင့်ဝတ္တရား သားသမီး အထွေထွေ

ကျင့်သီလပွား မမှားယွင်း စေတယ်

အားတင်းချွေ အပူရုပ်ကို

ဖုံးအုပ်လို့ထား။


ဆပွားမည့် ဘဂဝါ

အပယ်ရွာ တဏှာအသိကြောင့်

မချိသည့် ခန္ဓာ။


တွယ်ငြိမိ ချစ်သဒ္ဒါ

စေတနာ ပိုအတွေး။


သဒ္ဒါလွန် ကျွံခဲ့မှ

နွံအမျှ ပါရမီရံတယ်

သာကီမှန် ကံကို အသိအားပြုရှာတဲ့

မိသားစုလေး။


ဇရာငုံ တွယ်ငြိစမှာမို့

ဘယ်ထိပါ့ အသက်ရှည်မယ်

ချိုးလက်ရေ စောင့်စား။


ပင်ပန်းနွမ်း လေသမျှ

ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်မို့

သတိလက်ကိုင် ထားရှိလျက်ကွယ်

စောင့်သိတရား။


" သစ်ရိပ်ညို "

posted from Bloggeroid

အမုန်းနိဂုံး



" အမုန်းနိဂုံး "


ဤကမ္ဘာ မြေတုန်ဟီးလျက်

ငိုငြီးချက် ရယ်ကနာ

လူ့ပြည်လူ့ရွာ။


ငါ့အားအင် အိုးလုံးမှောက်ပေးသော်လည်း

မလောက်နိုင်ရှာ။


ဪ ခက်လှပေါ့ လူတို့ရွာ

ငါ့ကမ္ဘာ မှီတွယ်လို့သိမ်း။


စစ်ပွဲတွေ ပလူပျံပေါ့

သက်ရှင်ရန်တော့ မကြိုးစား

ဆပွားကာ

ငါ့အားလာ နှိပ်စက်လေသမျှ

ကြိတ်မှိတ်လျက် တုန့်ပြန်ရာ

ကပ်ကမ္ဘာ မြေတုန်ဟီးလျှင်တော့

လူ့ပြိတ္တာ သတ္တဝါပြုန်းကြမယ်ကွယ်

အဆုံးသတ်ကိန်း။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အောင်မြေနန်းလှစည်တော်သံ



" အောင်မြေနန်းလှ စည်တော်သံ "


အောင်စည်ဝေ သပြေပန်းတွေဖြင့်

ပွင့်ဝေလန်း လို့ အောင်ကြောင်းဖြာ။

သာသနာ ရောင်ဝါဝင်းတယ်

ကောင်းခြင်းစုံစွာ။

စည်တော်သာ

တင့်ဆန်းစွာ ပြည်မြန်မာ့သား။

ဇမ္ဗူမှာ အောင်စည်ယွန်းတယ်

ထွန်းလင်းစေသား။


ရောင်ခြည်စေ ဆုချွေမှန်း ရင်ဖြင့်

လူ့ပြေနန်း မှာတဲ့ ရွှင်ကြည်သာ။

တို့ပြေရွာ သာယာဖြိုးဖွယ်

တိုးတက် ဖို့ရာ။

မျိုးမြန်မာ

ေ​ပါင်းစုံစွာ ​တိုင်းရင်းသားတို့

ရွှေမြန်မာ တောင်အာရှမှာ

လှပဖွင့်ထွား။


နောင်အရှည် အောင်စေကြောင်း ကိုဖြင့်

ညောင်ရေလောင်း စို့ မျိုးမေတ္တာ။

တို့သစ္စာ ခိုင်မာမြဲ တယ်

တွဲဆက် လျက်သာ။

ဤကမ ၻာ

တို့မြန်မာ တ​​ည်နေသမျှကြွား။

ညီညီညာ ပြည်ဌာနမယ်

ရွှန်းမြ ဆပွား။


ခေါင်အခြေ တထွေလမ်း မှာတဲ့

မသွေလှမ်း ဖို့ ကြိုးစားမှန်။

လုံ့လပျိုး နိုးကြားပါလို့

ရိုးသားရင့်သန်။

ဇာတိမာန်

တို့နိုင်ငံ ​တိုးတက်ဖို့ပဲ။

ပေါပြည့်လျှံ ကြွယ်ခံတင်းတယ်

သင်းပျံ့ထုံကဲ။


ဆောင်ရေလေ ရွှေငွေသီး ပါတဲ့

တို့မြေကြီးကွဲ့ ပြည်မြန်မာ။

ပြည့်အဝန်း ဝေသွန်းဖြိုးပါလို့

ဖိုးထိုက်တန်စွာ။

ရတနာ

စိမ်းမြနီလာ သီးနှံ​ရွှေ​ပေး။

ပြည်တန်ရာ ပတ္တမြားရယ်

ပေါများလို့လေး။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အိပ်မက်လေလားဝိုးတဝါး ၁



" အိပ်မက်လေလား ဝိုးတဝါး "


ဪ ...

သူလား လေညင်းရယ်

ပန်းတိုင်း မမွှေး ဘူးနော်

မွှေတိုင်း မသင်းထုံ ဘူးပေါ့

ရနံ့က သင်းပျံ့ဆဲပါ

အဲ့ဒါ သူလားဟင်?

မဟုတ်ဘူးလား?

မွှေးတယ်..ဟုတ်!

နော့ဆို လှလား?

တကယ်!

မယုံဘူး..မေးကြည့်မယ်

ဟုတ်လား ငှက်ကလေးရေ..

သူ့မှာ ဆူးရှိလား!

အရောင် ရော..

ပန်းနုရောင်!

ဒါဆို သူ များလား...

လမင်းကတော့ သေချာသိမယ်..

မြင်လိုက်မိလား လမင်းရေ

ဟုတ်....

သူမှာ ရနံ့မရှိဘူးဆို..

ညမှာပဲ မွှေးလား?

ဗျာ..

သူ မ ရှိ တော့ ဘူး...

ဘာကြောင့်လဲ..

ဘယ်သူ့ကြောင့်လဲ..

သူကို အိပ်မက် ထဲထိ..

မြတ်နိုး ရသူပါ

ကျနော့် ကို လမ်းပြပေးပါ..

လမင်းရယ်

မတွေ့တွေ့အောင်..

ရှာချင်တယ်ဗျာ..


" သစ်ရိပ်ညို "

posted from Bloggeroid

အမြင်



" အမြင် "


ထင်ကြမြင်ကြ တွေးတောကြသည်

တွေ့ကြကြုံကြ ဆုံနေကြလည်း

မေးကြမြန်းကြ သဘောကျဖွယ်

ပြောကြဆိုကြ နှီးနှောကြလျှင်.....


လူလှသည်းခံ မဖွဲ့ရန်ဘက်

ဖြစ်တန်ရာရာ နှစ်သက်စွာပင်

ဝင်ကာနွေးထွေး ရှေ့နောက်တွေး၍

ကြည်အေးညင်သာ ဆွေးနွေးပါလော့။ ။


နေရာဒေသ ကြည့်တတ်မှတည့်

လမ်းပြခေါင်းဆောင် ဘယ်သို့ဆောင်လည်း

လူလှောင်ရပ်ဝန်း ဘယ်သို့တွန်းလည်း

လူစွန်းအန္ဓ ဘယ်သို့ကြွလည်း.....


ပုညသတ္တိ အမှန်ရှိလို့

တတ်သိခန္ဓာ နေတတ်စွာဖြင့်

နေရာတစ်ကိုယ် မရှိဆိုလည်း

နှုတ်လျှို ချိုသာ စေတနာနှင့်

ညင်သာအပြော လူ့မနောချ

မပြောမာန်ချို့ စိတ်ကိုယို့၍

စေပို့မေတ္တာ ခွဲခွာရာဟု

သေချာပေါင်းတတ် စေကြောင်းတည်း။


" သစ်ရိပ်ညို "

posted from Bloggeroid

အိပ်မက်လေလားဝိုးတဝါး၂



" အိပ်မက် လေလား ဝိုးတဝါး "


သံယောဇဉ် အမျှင်တန်းတော့

ရှင်ခန်းလည်းမပြယ်နိုင်

သေခန်းလည်းမဆယ်နိုင်။


နေတရာ ဆောင်ကာသွေးပေမယ့်

ဖြေတွေးလည်းမနိုင်

နေရေးလည်းမပိုင်။


အိပ်မက်ချို ပြိုကာကျ

ပဓာန စိတ်အခိုင်

ကြိတ်မနိုင် ခဏလေး။


ပြေးတွေ့မိသေး။


" သစ်ရိပ်ညို "

posted from Bloggeroid

အရိုးနားနီးလေအသားချိုလေ



" အရိုးနားနီးလေ အသားချိုလေ "


စဉ်းလဲတိုင်း

လူဆင်းရဲ မဟုတ်ပါ

လူဆင်းရဲ လို့ စိတ်ဆင်းရဲမခံနိုင်ပါ

ချိုးနှိမ်ကာ မကြည့်သင့်။


နေ့နှင့်ည

လုပ်သင့်သမျှ အားကုန်သာ

ပုံပေးလှ အသပြာ

တစ်နပ် ဝမ်းစာ မရပေါ့

ခါးမလှစွာ အားပါးတရ ရှာမှ

နိတ္ထိတ ပိုစရာ

လုပ်အားလှ ပြစ်ဒဏ် သင့်။ ။


ရှာဦးလကွယ်

နောက်ဆုံးဝယ် တရားပြ

ရိုင်းလိုက်သည့် ကံကြမ္မာ

မရှိလို့ မလှူနိုင်

မလှူလို့ မရှိရ

မဖြစ်ရဖို့ အရေးရယ်

ကြိုးစားပေးမှ။


သို့ပေငြား

အမျိုးအား မလှပ

ကြိုးစားသမျှ အရာမထင်

တိုးပွား အစက ဥာဏ်ရွှင်ရွှင်

မြေခွေးလို စဉ်းလဲပြ

သတ်ကျားမင်း စဉ်းလဲရင်

ဝိုင်းပင့်ကူ လူ့အသည်း

အရိုးနား အသားချိုလှဆဲမို့

ခဝပ်တွဲကြ။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အောင်စေနိမိတ်



" အောင်စေ နိမိတ် "


ပြည်တော်ပြန်လှ၊ မြန်မာကွဟု

နှုတ်ဟကြွေးကျော် ၊ သိမ်းပိုက်မော်ကြွား

ဆုဖလားကွဲ့။


ဆုကားဘော်ငွေ ၊ အမိမြေတွက်

ခေါ်စေဆောင် "ယူ" ၊ "နှစ်" "သုံး" လူသား

စံ မူ ထားကွဲ့။


အာရှရှေ့တောင် ၊ ဆယ်ပြည်ထောင်မှာ

နိုင်အောင်လေ့ကျိုး ၊ မဟာမျိုးဟေ့

ငုတ်လျှိုးပေါ်ပြီ မြန်မာပြည်။


အာဇာနည်လောင်း ၊ သူရဲကောင်းလို

စုပေါင်းအားမာန် ၊ အောင်ပွဲခံချိန်

တိမ်ယံထိန်စေ လင်းဂုဏ်ရည်။


ဂုဏ်ရှိန်ပြည့်ဖြိုး ၊ ဆထက်တိုးလှ

သာစွနေခြည် ၊ လင်းရောင်နီလည်း

သာပြီပဲလေ သာမြဲပေ။


" သစ်ရိပ်ညို "

posted from Bloggeroid

အပုပ်ဆန်



” အပုပ်ဆန် ”


သွားကြည်လင် သန့်ရှင်း

ခံတွင်းသန့်စွာ။


သို့တစေ အနံ့ဆိုးက

ပုတ်သိုးလှိုက် ဟောင်လာ။


ကိုးဒွါရ ချွေးချေးသေး ရယ်နှင့်

သွေးသလိပ် ပြည်ပုတ်မှာ



ဖုံးကွယ်သည့် အဆင်းကျံ

သွင်အပြင် ဟန်သရုပ်က

ဟုတ်မှဟုတ်ဘဲ။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အပျိုကြီးရဲ့သတို့သားလောင်း



" အပျိုကြီးရဲ့ သူတို့သားလောင်း "


အပျိုကြီးမမ တို့

တကိုယ်တည်း ဂွကျဖွယ်

နှစ်ဆယ်ကျော် သုံးဆယ်ချဉ်းလို့

ဝါတွင်း လွတ်လို့ရယ်

သီတင်းကျွတ် တော့မယ်။


ကင်းလွတ်မယ့် လဝါဆိုရယ်

တကိုယ်ရည် အဖေါ်လွဲကာ

အပျိုကြီး.... ဘဝပဲ.... အရိုးစွဲ ....

မြဲရ တော့မယ် နော်။


ဟိုမယ်လေ သူတို့တွဲ

ဒီမယ်လေ တကိုယ်တည်း

ဘယ်မှာလည်း အဖေါ်။


မျှော်.. မျှော်.. မျှော်..

မပေါ်လာဘဲ...ခေါ်ချင်သော်လည်း...

ရှက်တတ်တယ်နော်။


ရှက် ရှက်နဲ့အော်... ခက် ခက်လှသနော်...

နေစိမ့်.. နေဆဲ.. နေမြဲ ..ပါတော်

ချစ်လို့လဲ မပျော်... လှစ်လို့ချွဲသော်...

ဖေါ်ရှာချင်လည်း..

ရေလာမြောင်းပေး..မလုပ်တတ်

ကျွန်မ(ကျမ) မှာ တော်။


စားလို့လဲ မဝင်...အိပ်လို့လည်း မပျော်...

သင့်တော်မယ့် သူတို့သားလောင်း....

တစ်ယောက် လောက်တော့

လိုချင် ပါရဲ့ နော်။


ချစ်သူ မဲ့အား

သနားတတ်မှ တော်

ကူဖေါ် လောင်ဘက်ရယ်

ဘယ်မငြင်းနိုင်တယ်

သူနဲ့တွဲက မြင်မြင်သမျှ

ပြုံးရလို့မော်။


ထင်ထင်သမျှ

လုံးလုံးမှ မလျှော်

ချစ်စရာ တကွက်မမြင်

အသွင်ကို ငြီးပြချင်ရဲ့

ခေါင်းကြီး မျက်ပြူး

သွားကြိုးကာ ရုပ်ဆိုးလို့

ဂတုံးက ပြောင်ချော်ချော်

အော်သာ ...အော် လိုက်ချင် သနော်။


" သစ်ရိပ်ညို "

posted from Bloggeroid

အနတ္တခြေလှမ်းများ



"အနတ္တ ခြေလှမ်းများ"


သောကသူဌေးလေး

ခရောင်းလမ်းပေါ် ရောက်ခဲ့သူ

စိမ်ခေါ်မှုအောက် အမြဲရောက်

ရလဒ်ကောင်းတို့ တိမ်ကင်းစင်။


သောကသူဌေးလေး

ကြံစည်တိုင်းလည်း မအောင်မြင်

လုပ်လိုက်တိုင်းလည်း အရာမဝင်

ပြောပြနေလည်း အံမကျ။


သောကသူဌေးလေး

စေတနာပြောက ဝေဒနာ

မေတ္တာပေးတော့ အပြစ်ရှာ

နေရာပေးလျက် စွန့်ပစ်ခွာ။


သောကသူဌေးလေး

မြေတောင်မြှောက်မှ နွမ်းလျှသူ

အားပေးချီမြှောက် နင်းချေလျှောက်

ထောက်ပံ့ပေးအပ် ခြေစုံရပ်။


မရပ်မနား ခရီးသွား

မြင်တွေ့လာသူ သူ့ရန်သူ

ကြောက်စိတ်ကင်းမဲ့ ဘဝ "နဲ့"

ရှေ့မလျှောက်

နောက်မနေ

ထက်မတက်

အောက်မဆင်း

ပြောမသိ

တွေ့မယူ

ဘယ်ပုံဘယ်နည်း ရပ်တည်ပါ့

လောကစခန်း ကြမ်းလဲကြမ်း

ပမ်းလည်းပမ်း ။


သို့ပေမဲ့

သူအတွက်နေရာ တကွက်စာရှိ

ဒါလေးပဲ သူပြန်ပြန်ကြည့်

အမည်မသိ ဘာမှမရှိ

အတွေး နယ်ထဲက

သူဌေးလေး အတိ။


" သစ်ရိပ်ညို "

posted from Bloggeroid

အောင်မြေစခန်းအလှမ်းမဝေးပြီ



"အောင်မြေစခန်း အလှမ်းမဝေးပြီ"


ခြေတစ်လှမ်းခြင်း

မြေစမ်းနင်း

ရှေ့ခြေခိုင်မှ

နောက်ခြေလွှတ်

ဘုမသိဘမသိ

လျှောက်တဲ့ခြေလှမ်း

ကံကောင်းလို့ စင်္ကြာရထားပေါ်ရောက်

ဘဝသဲကန္တာရ

ဘဝတောကြီးမျက်မဲ

ဘဝချောက်နှုတ်ခမ်းစွန်း

ဘဝအမှောင်ထု

စတဲ့ မတူညီတဲ့ ရပ်တည်မှုအစများ

ရံဖန်ရံခါ ခက်ခဲတတ်

သတိ အမှတ်သားထား

ဖြစ် မဖြစ် ဆင်ခြင်

သုံးသပ် ခန့်မှန်း

လုပ် မလုပ် ဆုံးဖြတ်

လုပ်ပဟေ့ဆို ဖြစ်အောင်လုပ်

မဖြစ်မခြင်း မတင်းတိမ်ရာ

မိမိဆန္ဒကို လုပ်ခွင့်ရ

ဝီရိယပြု အခွင့်ရှိ

သိခြင်းစိတ် ဖြစ်ခွင့်ရှိ

"မှတ်" "သား" "သိ" "မြင်" "ခွဲ" "ခြား" "ဆင်"

ခန့်မှန်း သုံးသပ် ဆုံးဖြတ် လုပ်ရာ

ရမည်ဧကန် မလွဲမှန်လိမ့်

တစ်နေ့မုချ အောင်မည်ပ။

"သစ်ရိပ်ညို "

posted from Bloggeroid

အဝလွန်



” အဝလွန် ”


အဆီများပေရဲ့

ဗိုက်သားက တစ်တောင်ထွာ။


တစ်နပ်စာ ပန်းကန်ပြား

လင်ပန်းလား ဗျာ။


အားရစွာ

အစားမှာ တကထဲ။


ခဏနှင့် အိပ်ပျော်

ဟောက်သနော် မတရား

မီးရထား ဘွိုင်လာအိုးလိုဖြင့်

လေအိုးမှာ တွန်သံကျူးတယ်

ရှုးရှုး ရှဲရှဲ။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

ဥပဒေနှင့်အလုပ်



” ဥပဒေ နှင့် အလုပ် ”


ဥပဒေ ဥပဒေအားရယ်ဖြင့်

လူအများ ပြောနေကြတာ

အံခွ လှစွာ။


ဥပဒေ လက်တလုံးခြား

လုပ်စားတဲ့ လူသူတတ်မှာ

မလို အပ်ပါ။


တိုင်းနိုင်ငံ အဖြာဖြာ

တည်ဆဲသာ ဥပဒေများ။


စကားလုံး ထုံးသို့ခြေ

ဥပဒေ စကာပေါက်လို့

အောက်မေ့ လျက်သား။ ။


လုပ်ပိုင်ခွင့် လုပ်ပိုင်ခွင့်

အလုပ်မှာ လုပ်သည့်အခွင့်

ဖြစ်ညှစ် တောင်းနေ။


အကြောင်းပြချက် ရှာလို

အလုပ်ကို တကယ်မလုပ်ပေါ့

ဟုတ်တော့ ဟုတ်နေ။


အလုပ်ကို များများလုပ်လေ

လုပ်ရင်းလေ ပြသနာ တက်။


ဖြေရှင်းကွဲ့ အလိမ္မာ

ပြသနာ ဇစ်မြစ်ရင်းကို

ဖြည့်တင်း ဖြည့်စွက်။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အနာကင်းပအဆင်းလှ



” အနာကင်းပ အဆင်းလှ ”


ဝါးကြောငယ် ဟတ်ကနဲ

ဖတ်ကနဲ ထောင်ပန်းမည်

သွေးပွက် ရာသီ။


အသားပေါ် အရေတည်

ဖြန့်ချီတဲ့ နီသွေး။


ဂိမှာန်အီ တလူလူ

ရာသီပူ ဆူဝေချက်ကယ်

ချွေးထွက် လှသေး။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အကျင်းဟောင်း



” အကျင့်ဟောင်း ”


ပြောမရ ဆိုမရ

ဈေးရောင်းသလို ဆင်ပြေစွ

သင့်အောင် ပြောမှ။


နှုတ်ကြမ်းစ အာတို

စိတ်မလျှို အလိုကျ

နှုတ်ထွက် မြန်လှ။ ။


ခြေအနေ ကြည့်ပါဦး

ရှေ့ဆုံးက ထင်ပေါ်ချင်။


ဈေးရောင်းသည့် အလုပ်ခွင်လို

ထိန်းတတ်မှ ပင်။


အကျင့်ကိုဖြင့် မပြင်

ရွှေနှုတ်လျှင် လွန်ကဲ။


ပြသနာ တကယ်တက်တော့

ရှင်း ခက်ပြီ ပဲ။ ။


ရှေ့လူကို စည်းရုံးထားလို့

နောက်လူအား ပြေလည်အောင်

နောက် လာချင်အောင်။


ဥာဏ်မျက်စိ ရှေ့ဆောင်

ယောင်တောင်တောင် မလုပ်ပါနဲ့။


ဇွတ်လုပ်လို့ အရင်းပြုတ်လျှင်

ဒုက္ခ ရောက်ကွဲ့။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အသိတရားမြင့်စေ



" အသိတရား မြှင့်စေ "


သတ္တကမ္မ သတိသံဝေဂ

မရကြသူ များလှသူငါ

ပူစရာတွေ ဆင့်ကာပွား

အပူမီးများ တောက်လောင်

မီးရှို့သူရှို့ အပစ်ဖို့သူဖို့

ကိလေသာ ဝဲဂယက်

ရုန်းမထွက်နိုင်အောင်။


အလင်းဆောင်လဲ အရောင်မထင်

မေတ္တာဆောင်လဲ အေးရိပ်မမြင်

တွေးစိတ်ဘဝင် ရင်ထဲ

မရွှင်အသည်း က

စိတ်စွဲ ၍ မခိုင့်တခိုင် ။


မြင်ချင်စမ်းပြီပ

ပြုံးပန်း အလှ ဝေဆင်

ရွှင်လန်း စရာ့ ဘဝအမြင်တွင်

လှစေချင် ကျွန့်အသည်း

ပြည်ထဲလဲ ညီစေခင်

ပြည်ပလည်း စီဝေကြင်

တစ်ဦးချင်း စိတ်ထားက

ပြုပြင်နိုင်လျှင်

ပြည်နိုင်ငံသာမည့်အရေး ကိုလ

တွေးရှုချင်သေး။


" သစ်ရိပ်ညို "

posted from Bloggeroid

အလောဘအဒေါသအမောဟ



" အလောဘ အဒေါသ အမောဟ "


လူတစ်ခု

ပူမှုရယ်တဲ့ ဆယ်ကုဋေ

မြတ်စိန္တေ ထံတော်ပါးမှာ

ဝပ်တွားဦးချွေ။


ဆင်းရဲကြုံ ဘုံဘဝ မယ်

ဆုံကြရ များလူထွေ

အေးငြိမ်းပါစေ။


မေတ္တာ ပို့သ အမျှဝေ

ကြည်လင်ပေ ရင်တွင်း။


မြတ်ဗုဒ္ဓ တရားအစဉ်

ရှုပွားဆင် ဥာဏ်အရောင်ဖြင့်

အမှောင်ခွင်း အလင်းကိုဆောင်

ရှောင်ကြင်ရာ အတ္တပြင်းတို့ရယ်

ဒိဋ္ဌိကင်းရှင်း။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အချိန်



” အချိန် ”


အိပ်နေပါ၏ ၊ အိပ်ပါဘိလည်း

အိပ်မိလျက်သာ ၊ အချိန်မှာကား

နားတာမရှိချေ။


ထိုင်နေသော်လည်း ၊ ထိုင်နေဆဲတွင်

ထိုင်မြဲထိုင်လျက် ၊ အချိန်စက်သည်

ဆက်ဆက်မနားပေ။


သွား၍နေစဉ် ၊ သွားခိုက်တွင်လျှင်

သွားပင်သွားလာ ၊ အချိန်မှာဖြင့်

ခါခါသွားလို့နေ။


လမ်းနဲ့လူသား ၊ ဘဝများစွာ

လုပ်အားပြည့်ချိန် ၊ ရှိနေချိန်၌

ရှင်ချိန်လေးတွင်း ၊ ဒါနရင်း၍

ဖြေရှင်းမျှတ ၊ မြတ်သီလနှင့်

ရှုကြတရား ၊ မပြတ်ပွားလျက်

မှောက်မှားမရှိ ၊ ပကတိပင်

စိတ်၏ခန္ဓာ ၊ သက်ရှည်ရာတည့်။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အောင်စစ်သည်နှင့်နောင်တစ်ခေတ်ဆီ



"အောင်စစ်သည် နှင့် နောင်တခေတ်ဆီ"


စစ်သည်တဲ့လား ကျားကျားယားယား

လွန်ခန့်ငြားဟု ထင်အံ့မထင်

အသင်ယောင်္ကျား အစွမ်းပြယုဂ်

ဟုတ်ခန့်သွင်ပြင် မြင်ကြည့်ချင်မိ။


မိဝေးဘဝေး ဆရာဝေးနှင့်

ပညာရှာရာ ကျွန်းညိုသာလည်း

မဟုတ်ခဲ့။

စီးပွားရှာရာ ငွေပုံမှာလည်း

မထိုင်ခဲ့။

တတ်ပညာရှင် လူမှုတွင်လည်း

မကျွမ်းခဲ့။

ဘာသာတရား လက်ကိုင်ထားလည်း

မနေခဲ့။


အခြေနေမွဲလျှက် ကိုယ့်စိတ်မပိုင်

စိတ်ချမ်းသာရာ မလုပ်နိုင်ဘဲ

ကိုယ်ထင်မြင်ရာ မလုပ်သာဘဲ

ထွေရာလေးပါး မလိုက်စားဘဲ

သူများမြှောက်လဲ မမြောက်သာဘဲ

အမိန့်စေရာ လုပ်ဆောင်ရသူ

အမောင်စစ်သား အိုလူသား။


တိုင်းပြည်ရန်စွယ် တွန်းလှန်ရဲသူ

တိုင်းပြည်အရေး အသက်စတေးရဲသူ

တိုင်းပြည်ခြေထောက်

တိုင်းပြည်မာန်စွယ်

တိုင်းပြည်အသက်

တိုင်းပြည်အတွက် ခွန်အားထည့်၍

လွန်ဆင်းရဲစွာ ပေးဆပ်ခါဖြင့်

ကြွေကျ၍လည်း အသနားမခံခဲ့

မြေခ၍လည်း တပြားမကျန်ခဲ့။


စစ်သည်တစ်သန်း

တစ်ယောက်သွမ်းက

ဆယ်သန်းစစ်သည် အမဲစက်မည်ခဲ့။

စစ်သည်တစ်သိန်း

တစ်ယောက်ယိမ်းက

ဆယ်သိန်းစစ်သည် လောဘမည်ခဲ့။

စစ်သည်တစ်သောင်း

တစ်ယောက်ပြောင်းက

တစ်သိန်းစစ်သည် ဒုက္ခတည်ခဲ့။

စစ်သည်တစ်ထောင်

အချောင်တစ်ယောက်ကြောင့်

စစ်သည်အပေါင်း အမြင်စောင်းခဲ့။


အတွင်းအပြင် ဖောက်သည့်စိတ်ထား

လူအများက ကိုယ့်အထုတ်ကိုယ်ပိုက်

ထိုသူယုတ်ကို မိတ်ဆွေထင်ခဲ့။

ထိုသူလှောင်းကို အကောင်းမြင်ခဲ့။

ထိုသူနှိုက်ကို အားကိုးချင်ခဲ့။

ထိုသူမခြား စစ်သား / ပြည်သူ

လူသူယုတ်ကို အကောင်းထင်ခဲ့။


ထူပါးကြွယ်သည့် ဘာသာရပ်ခြား

တိုင်းတစ်ပါးနှင့် သွေးထိုးမြှောက်ပင့်

ထောက်ခြင့်မညှာ ပြုရက်ပါသည့်

မခြားပြည်သူ အတူတူပင်။


ဘာသာမတူငြား တိုင်းရင်းသားနွယ်

လူမျိုးအလယ်၌ ကောင်းမြတ်စိတ်ကူ

စရိုက်တူဖြင့် နိမ်မြင့်လတ်မရွေး

ဂုဏ်သေးဂုဏ်ငယ် ပညာရှိအား

မရှိအားဖြင့် ယုတ်မြတ်လတ်မရွေး

စိတ်ဓာတ်မြင့်မား တူညီအားဖြင့်

ကြိုးစားရုန်းကန် စုစည်းမှန်က

ရွှေပြည်တော်လည်း မဝေးပြီ။

အောင်စစ်သည်လည်း စိတ်အေးကြည်။

နောင်ခေတ်တွင်လည်း အောင်လိမ့်မည်။


" သစ်ရိပ်ညို "

posted from Bloggeroid

အစုအရပ်



” အစုအရပ် ”


ပညာရှင် အမျိုးမျိုး


ပေါင်းစည်းခက်တာ။


ပညာရှိ နားလည်စွာ

ပေါင်းစည်းရာ မခက်ခဲ။


သင့်တန်မှန်

ကျင့်ကြံရန် အသိပျိုး



” သစ်ရိပ်ညို ”

posted from Bloggeroid

အသိနိုးကြား



” အသိ နိုးကြား ”


နွမ်းရိ ဖယ်ခွာ ၊ မပျင်း ပါနှင့်

ဥာဏ လေးတော့ ပွားစေချင်။


ဥစ္စာ ဆိုတာ ၊ ချိန်အခါ နှင့်

ရှာကြ ဖွေကြ ရသည်ပင်။


ရသည့် ဥစ္စာ ၊ မျိုးဆက် သာဖို့

ကာကြို အမွေ မှတ်သင့်ထင်။


ပစ္စည်း ဥစ္စာ ၊ ချိန်တန်လာ က

ချာလိမ် လှည့်ထွက် ပျက်လွင့်စင်။


အမွေ သားမြေး ၊ ဥာဏ်နောင်ရေး တည့်

တွေးဆ သိများ ရှိပါလျှင်။


နေ့စဉ် ဒူတ ၊ ဥဿဟ ဖြင့်

လုံ့လ ကိုစေ ၊ ဥာဏ်မြှင့် လေလော့။


ပွားဝေ မေတ္တာ ၊ မြတ် သဒ္ဓါ ဖြင့်

ဒါန အမှု ၊ ကောင်းစွာ ပြုလော့။


ပျက်လာ နိစ္စ ၊ မမြဲလှ မို့

ဒါန မပါ ၊ သီလ ချာ၍

ပညာ နတ္ထိ ၊ စုံကန်းဘိ သော်...


စိတ်ပန်း လူတေ ၊ ဘဝ သေသည်

ဌာနေ မြေသို့ အောင်းသောကြောင့်။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

ဧရာမြစ်ကမ်း



” ဧရာ မြစ်ကမ်း ”


သည်နွေရှိန် အပူတောက်တော့

ဖျောက်ဖျောက်ကယ် ဖြစ်ဖြစ်မြည်

ကျွတ်ရွ လာပြီ။


ရွက်ဝါခြောက် ကိုင်းပင်စည်

မြစ်နဒီ နိမ့်ဆင်း။


ညို့ညို့ပြာ တောင်စဉ်တန်းကို

လှမ်းမျှော်ကြည့် ရင်း။ ။


လေပူငယ် သုန်သုန်ဖြူး

ကမ်းနဖူး ဧရာ။


ငှက်ဇင်ယော် အပျော်ကျူးတဲ့

သေဘာၤဦး ဝဲယာ။


အဝေးသို့ လှမ်းကြည့်စဉ်မှာ

သံသာသာ ဥဩ။


နွေတေးဆို သံကြည်ဆိမ့်တယ်

လွမ်းလိမ့် သာမော။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အိုက်ကာရန်



” အိုက်ကာရန် ”


မိုက်ခနဲ ရယ်နှင့်

ငိုက်ခနဲ အိပ်သော်

ရှိုက်ခနဲ ပျော်။


စိုက်ခနဲ ရှေ့သို့နော်

ဝိုက်ခနဲသော် ဝဲလည်ထိုး။


ခေါင်းမတိုက်ခင်မှာဖြင့်

ရိုက်မိသွင် ကိုက်သည့်ခေါင်းရယ်

သည်းလှိုက် လန့်နိုး။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အစီအမံကျနပါစေ



” အစီအမံ ကျနပါစေ ”


တို့အောက်ခြေ ကုန်ဈေးနှုန်း

ဆုံးဆမဲ့ ကြီးနေ။


လူချမ်းသာ အလတ်တန်း

ခွန်ဝန်ထမ်းလခ ဝေ။


ထိပ်တန်းက ရှိသူတွေ

ပြိုင်ခက်နေ ကုန်သွယ်ရေး။


တိုးတက်နေ အိမ်သာအောက်က

လောက် ကဲ့သို့ လေး။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အမေမှအမေ



"အမေ မှ အမေ"


အပြောချိုချို

အမေအိုလည်း

ပြောဆိုဆုံးမ

မြေဝယ်မကျ

သားမှာရှိလှ ပါပေါ့ အမေ။


အရေတွန့်တွန့်

အမေ့ပါးရေတွဲ

အားခဲစိတ်မွေး

သားရှေ့ရေးတွက်

ကြောင့်ကျခက်ခက် ရှိပေါ့အမေ။


သားရဲ့အပူ

မျှဝေယူဖို့

အမေမနား

စိတ်မချအားပဲ

သားဇောချစ်စိတ် ပြင်းပေါ့အမေ။


အမေအမေ

သားရုပ်ခန္ဓာ

ကြီးမားလာလဲ

ငယ်နေဆဲပေါ့

အမေ့မျက်ဝန်း ရွှန်းပေါ့အမေ။


နှိုင်းတုမမှီ

မေတ္တာ ရည်စ

အမေမှတပါး

သားတွက်ထားတာ

ကမ္ဘာ ကုန်ရှာလည်း မတွေ့ပြီ။


" သစ်ရိပ်ညို "

posted from Bloggeroid

အမေများနေ့



" အမေများနေ့"


"ဂျိမ်း"ကနဲ မိုးချိန်းသံ

"အမေ့"လို့ ယောင်အော်

ခေါ်တတ်တဲ့အကျင့်

ခလုပ်ထိမှ အမိ"တ"

သားဘဝ တလျောက်လုံး

အမေ့ကို အမြဲတမ်းတဆဲ

အိပ်ယာဝင်တိုင်း

လက်ဆယ်ဖြာမိုး ရှိခိုးအိပ်မြဲ

အမေ အမေ အမေ့ရဲ့သား

အစဉ်ထာဝ သတိရ

ရှိလှပါပေါ့ အမေရယ်။


သူ့မှာလည်း အမေ

ကိုယ့်မှာလည်း အမေ

အမေဟာ ဤကမ္ဘာမှ

သတ္တလောကလွှမ်းခြုံ

ဖန်ဆင်းရှင် အစစ် အမှန်

ဓမ္မဓိဌာန် ဧကန်မလွဲ

သက်ရှိ အားလုံးရဲ့

အနန္တဂုဏ်တင်ကျေးဇူးရှင်

မာတာမိခင် မြတ်မိခင်ပါ။


တကယ့်လက်တွေ့ သားမွေးနေ့ဆို

မပြတ်နှစ်စဉ် ဆွမ်းတင်ဆုတောင်း

ဘုန်းကြီးကျောင်းထဲ ဆွမ်းကပ်မြဲပင်။


ဪ အမေ သားချစ်မေမေ

အမေများနေ့ မမေ့အပ်စွာ

ဂုဏ်ပြုစာလေး တစ်ခါရေးဖို့

သားတွက်ခက်ခဲ ရှိနေဆဲပင်။


ကျေးဇူးမြင့်မိုရ် ခွန်းတုံ့ဆိုသည်

အမေများနေ့ သည့်ရက်နေ့တော့

နောင်နှစ်များစွာ ခွန်းဆင့်ကာဖြင့်

မပြတ်အစဉ် မွေးမိခင်တွက်

ကျေးဇူးပန်သ ဦးချရသည်

အမေ့နှလုံး ပီတိဖုံး၍

ရွှင်ပြုံးပါစေ တောင်းးဆုချွေသော်

အမေ ပြုံးပျော်နေတော့နော်။


"သစ်ရိပ်ညို"

posted from Bloggeroid

အမေများနေ့အတွက်



"အမေများနေ့အတွက် "


အမေရွယ်အို

အလှပြိုလည်း

အမေ့အပြုံး

ရှုမဆုံးခဲ့။


အမေ့စကား

ဝမ်းလွယ်ထားဆဲ

သန္ဓေခဲစဉ်

နားချိုဝင်ခဲ့။


အမေဆိုတေး

နို့ချိုကြွေးတိုက်

အိုအေးအေးအို

ချော့မြှူဆိုပုံ


အရွယ်မခြား

ကြင်နာအားဖက်

သားသ္မီးတွက်ဆို

အသက်ပါပုံ


ကုန်လုံပြည့်ဝှမ်း

အမေ့ဝမ်းတွင်

စိတ်ကြည်လင်ဖို့

ရယ်ရွှင်စို့စို့

အမေ့နို့ဖိုး ကြေစေချင်။


သစ်ရိပ်ညို

posted from Bloggeroid

အတုရှိတော့အမှုလား



" အတုရှိတော့အမှုလာ "


တုယှဉ်ပြိုင် သည်စနက်ကယ်ကြောင့်

အမှုရင်ဆိုင် အဖြေခက်စရာပေါ့

စဉ်အဆက် ရတက်ပွေ။

လောဘ ဒေါသ မောဟထွေ

သောကဝေ အတ္တများ။

အေးငြိမ်းရာ တရားရိပ်မှာ

မှေးမှိတ်လို့ နား။ ။


အတုကင်းမှ အမှုအခင်းမလာ

ပြုခြင်းက သမုဖြာ

လူ့တို့ပြည်ရွာ။

အပြစ်ပြောလည်း အပိုသာ

အနေမှန်တာ သင့်အကြောင်း။

နောင်တချိန် တကယ်တိမ်းသူက

သူ့ကိန်းနဲ့ သူ့သဒ္ဓါ

အမှန်ဟာ ပေါ်လာမြဲပေမို့

သည်းခံလို့ပေါင်း။ ။


အမှုက တုတယ်

အတုက အမှုဝယ်

တုမှုဆက်သွယ်။

လူ့ဘဝ ခဏတာဝယ်

လိမ်လည်တာ သူ့အကြောင်း။

နောင်ဝယ်မယ် ဒီလူတောင်းကို

ပေါင်းသင့်မှပေါင်း။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အချိုး



" အချိုး "


ထုံးအညီ

ကုံးသီကွဲ့ စာချိုး။

ကာရန်ချို နဘေထပ်

စပ်ဟပ်လို့ပျိုး။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အရှုံးထဲကအမြတ်



"အရှုံးထဲက အမြတ်"


မေးကြည့်ပါ

မင်းသူ့ကိုချစ်လား

ပြောကြည့်ပါ

ချစ်မိတဲ့အကြောင်းကိုပေါ့

စောင့်ကြည့်ပါ

သူလာရာလမ်းလေးကနေလေ

ပြုံးပြပါ

မင်းရင်ထဲကနှလုံးသားလေးကို

အားပေးပါ

ရင်ထဲကကြောက်နေတဲ့နှလုံးသားရဲ့ရုန်းကန်မှု

ဖြေသိမ့်ပါ

သူကိုယ်ချင်းမစာတတ်ရင်ပေါ့

စွန့်ပစ်ပါ

သူပေးခဲ့တဲ့ အမုန်းကို

ဖြည့်တွေးပါ

သူအခြေအနေ ခက်ခဲတာများရှိမလား

တွေးထားပါ

သူပစ်ခဲ့ယင် ငါဘယ်လိုနေထားရမယ်ဆိုတာ

မေ့ပစ်ပါ

နောက်တစ်ယောက်တွေ့တာနဲ့ချက်ခြင်း

သတိရပါ

သူနဲ့ပတ်သက်ခဲ့သမျှကိုပေါ့

မေတ္တာ ပေးပါ

သူတကယ်နားလည်ယုံကြည်လာတဲ့တစ်နေ့

ဆုံးဖြတ်ပါ

သူဟာကိုယ်အတွက်မဟုတ်တော့ဘူးဆိုတာ

လျှောက်လှမ်းပါ

သူမပါပဲ လည်း သူဘေးနားရှိနေသလို

မှတ်ထားပါ

အချစ်နယ်မကျွံပါစေနဲ့လို့

သိမ်းထားပါ

နောက်ဆုံးချစ်သူထက်ပိုချစ်တဲ့အကြောင်း

ဂရုစိုက်ပါ

အိပ်မက်ထဲမှာမမုန်းလိုက်မိပါစေနဲ့

ခွဲခွာပါ

ဝိပဿနာရှုတဲ့အချိန်တိုင်း။


" သစ်ရိပ်ညို "

posted from Bloggeroid

အထက်ဘုံအောက်ဘုံ



" အထက်ဘုံ အောက်ဘုံ "


အတ္တကို အခြေခံ

ဒုစရိုက် မှန်သမျှ

ပေါင်းစည်းရ လွယ်သည်။

ပြိုကွဲလွယ် မှန်သည်။


သီလကို အခြေခံ

သုစရိုက် မှန်သမျှ

ဆောက်တည်ရ ခက်သည်

ဖြိုခွဲခက် ခိုင်မြဲသည်။ ။


လိမ်လည် ခိုးသား ၊ လုယက်များနှင့်

ဓားပြ ပုန်ကန် ၊ စုလွယ်မှန်၏။

ချိန်တန် ပြည့်ဖြိုး ၊ အင်အား တိုးသော်

ဂျိုကျိုး နွားနှယ် ၊ ပြိုကွဲလွယ်၏။


ရှင်သူမြတ်လောင်း ၊ ရှင်အပေါင်းနှင့်

လူကောင်းလူတော် ၊ လူသူတော်တို့

ပေါင်းဖေါ်ယှဉ်တွဲ ၊ ခိုင်ကြည်မြဲလျက်

မကွဲကျောက်တိုင် ၊ မယိမ်းယိုင်တည့်။ ။


သီလဖြူစင် ၊ စိတ်ကြည်လင် ၊ အမြင်ရှင်းလင်း၏။

အတ္တလွန်ကျူး ၊ ဒေါသမြူး ၊ သူရူးဝေဝါး၏။

အဖြူအမည်း ၊ အဓိပ္ပါယ်ကွဲ ၊ စဉ်မြဲသတိရှိ။

ကောင်းမှုကံကျိုး ၊ ရေရှည်ပျိုး ၊ နှောင်ကြိုးကင်းပ၏။

မကောင်းမှုကံ ၊ သဒ္ဓါပြန် ၊ ချိန်တန်ပျက်ဆီး၏။

လမ်းစဉ်အမှန် ၊ မြဲကျင့်ကြံ ၊ ထင်ကျန်ကောင်းကျိုးတည့်။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အင်အား



" အင်အား "


သံသာယာ ရွှေဥဩ

ဥဩဥဩ ရယ်တဲ့အော်။

ဖော်မပါ အမျှော်ထောက်

ကိုင်းခြောက်ရဲ့ အပေါ်။

သင်းကွဲငှက် ဥဩသော်

တမ်းတခေါ် အမြဲ။

လွန်တိတ်ဆိတ် သစ်ရိပ်ညိုမှာ

လွမ်းပိုလို့ချွဲ။ ။


ရွှေကျီးညို တေးဆိုက

နားဝမှာ မသာယာ။

အုပ်စုဖွဲ့ ပေါင်းစုံထား

တအားအား နှင့်သာ။

ဘုံရန်သူ အံတုရာ

ပေါင်းစုလာ အများ။

အမြင်မည်းပေမယ့်

ယှဉ်တွဲကာ ဖေးကူဝိုင်းတယ်

သိုင်းဖွဲ့အင်အား။ ။


နာမည်မှာ ဟုန်းဟုန်တောက်

ဝုန်းဝုန်းဟောက် ရွှေကျားမောင်။

အားကောင်းတဲ့ ကြွက်သားဆောင်

နွားတကောင် ကိုက်ချီရုန်းတောင်

ပြုံးမပျက်ပေါင်။

အားကြီးတဲ့ အကောင်လည်းမရှောင်

တစ်ကိုယ်တော်တစ်ကောင်ကျား။

မတစ်ထောင် တစ်ကောင်ဘွားတွေကွဲ့

ကျားဆိုမှကျား။ ။


ရွှေခြင်္သေ့ ဆိုပါက

နဂိုလှ တသွေးတမွေးသာ

လည်ဆံမွှေး ရွှေရောင်ဖြာ။

တောင်သုံးလုံး တောသုံးလီ

မြေမဟီ စုံမြိုင်မျိုးကို

ပိုင်စိုးတဲ့ ရာဇာ။

ဝုန်းကနဲ ဟိန်းဟောက်လာ

ဒူးဘယ်ညာ ပြိုဆင်း။

စုပေါင်း ညီညာ ဓလေ့ကွဲ့

မင်းခြင်္သေ့ သားရဲစုမှာ

အားပြုဖြိုခွင်း။ ။


ကျားဆရာ ကြောင်ပါကွဲ့

တစ်ကောင်ထဲ အစာရှာ။

နယ်ချဲ့ကာ မိတ်လိုက

ဗိုလ်ကျတတ်တာ။

မှောင်မည်းတဲ့ ဟိုချောင်မှာ

ချောင်းမြောင်းကာ ဝပ်ဆင်း။

တအိမ်ထဲ အတူနေပေမယ့်

မူကွဲစွာ အတူမတွဲတယ်

ကွဲပြားစိတ်ရင်း။ ။


မြေခွေးညို ခွေးအနှင့်

အိမ်မွေးလှ ခွေးမကျန်

ဝိုင်းဖွဲ့လို့ အူသံ။

တကောင်အူ တကောင်ဆက်လို့

ပွက်ပွက်ဆူညံ။

အ ကာလ ညသန်းခေါင်ယံ

ခွေးအူသံ သဘင်နွဲ။

အုပ်စုဖွဲ့ စွယ်စုံသွားတို့ရယ်

ကြောက်ဖွယ့်သားရဲ။


ရေဘဝဲ

သားရဲကွဲ့ ငါးမန်းဟာ

ရေသတ္တဝါ။

ပင်လယ်ပြာ သမုဒ္ဒရာ

နက်ရှိုင်းသည့် အဏ္ဏဝါ။

တစ်ကောင်ထဲလည်း နေတတ်တာ

အားမာန်မှာ ပြိုင်ဘက်ကင်း။

ရေဘုရင် သူတို့နန်းမှာ

ဝမ်းစာဖြည့်တင်း။ ။


ရေထဲနေ အုတ်စုလိုက်

ငါးသိုက်နှင့် လင်းပိုင်။

များလိုက်သည့် ဘုံစနက်

ရေတွက်ဖို့ မနိုင်။

ချောင်းမြောင်းကန် ဆည်အင်းအိုင်

ပင်လယ်အိုင် သမုဒ်ထဲ။

သိုက်မြုံယံ အုပ်စုကောင်းတယ်

ပေါင်းစုနေမြဲ။ ။


လူတွေလည်း

လူထဲကလူ။

သတ္တဝါ ပညာမှီးတဲ့

ဉာဏ်ကြီးတဲ့သူ။

အတ္တလည်း ကြီးမားသူ

များဗိုလ်လူ ခပင်း။

ဤကမ္ဘာ တလွှားမှာဖြင့်

အင်အားခိုင် ယှဉ်နိုင်ခက်သည့်

တုပြိုင်ဘက်ကင်း။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အပျက်အပျက်နှာခေါင်းသွေးထွက်



" အပျက်အပျက် နှာခေါင်းသွေးထွက် "


သည်ကနေ့ ည ၊ ညဉ့်ကာလတွင်

အုံးထကြွက်ကြွက် ၊ အအိပ်ပျက်၏။


စိတ်ပျက်ဖွယ်ရာ ၊ အော်ဟစ်ခါဖြင့်

ညဉ့်ကာလယံ ၊ ပွက်ပွက်ညံ၏။


ချိန်မှန်ညထဲ ၊ ဘောလုံးပွဲသို့

အမြဲ လင်မှာ ၊ ကြည့်လိုရှာသော်

အိမ်မှာပွက်လော ၊ ဆူညံသော၏။


အသောမကျ ၊ ထ၍ချရာ

နှမမောင်ဘွား ၊ အကိုများမှ

တုတ်ဓားကိုင်ဆွဲ ၊ တကဲကဲဖြင့်

တော်လဲလမ်းပေါ် ၊ ပြေးလွားအော်၏။


အဖေါ်လူကြီး ၊ လာတားဆီးရာ

ဆဲပြီးရင်းဆဲ ၊ ပြန်လှန်ဆဲကြ

သရဲဘီလူး ၊ လမ်းပေါ်မြူး၏။


" စိတ်နောက်ကိုယ်ပါ "


ရှေ့ဦးနောက်လူ ၊ အားလုံးသူမှာ

လူပညာနည်း ၊ ရန်မစဲတည့်။


မကောင်းလွေ့လွေ့ ၊ ပေါင်းဖက်တွေ့ကြ

ဓလေ့စရိုက် ၊ ဆိုးသွမ်းမိုက်ကာ

စိတ်လိုက်မာန်ပါ ၊ ဒေါသဖြာလျက်

သေရွာရှေ့ရှု ၊ မကောင်းမှုဖြင့်

ရှက်မှုကြောက်မှု ၊ နည်းပါးမှုကြောင့်

ဆိုးမှုကိုဖန် ၊ ဒုက္ခကျံသည်

ဆူညံသွပ်သွမ်း ၊ ငရဲလမ်းတည့်။


" ပညာသတ္တိ "


တတ်သိလိမ္မာ ၊ ဥာဏ်ပညာတည့်။

ပညာဥာဏ်ရှိ ၊ ကောင်းစွာသိမှ

သတိမကွာ ၊ ပြဿနာကို

ကောင်းစွာဖြေရှင်း ၊ အောင်နိုင်ခြင်းတည့်။


အဖျင်းအပျက် ၊ သွက်သွက်သွပ်သွမ်း

စိတ်ကြမ်းလူထွေ ၊ တပေပေနှင့်

မသွေဆင်ရိုင်း ၊ တောစိတ်ရိုင်းသို့

စိတ်တိုင်းမကျ ၊ မဖြစ်ရအောင်

နှိုင်းဆဆင်ခြင် ၊ ပညာယှဉ်၍

အစဉ်အေးမြ ၊ နေထိုင်ကြလော့။


" သစ်ရိပ်ညို "

posted from Bloggeroid

အေးမြချမ်းသာတရားရှာ



” အေးမြချမ်းသာ တရားရှာ ”


လောက ဖုံဖုံ ၊ ဤလူ့ဘုံ ဝယ်

ကုံလုံ ပြည့်ဝ ၊ မရှိရ လည်း

စိတ်လှ ချမ်းသာ ၊ ရှိဖို့ရာ တွက်

မြတ်စွာ ဗုဒ္ဓ ၊ ဆိုဆုံးမ ကို

များလှ သူငါ ၊ ပွားများ ပါက

သာယာ အေးချမ်း ကြလိမ့်မည်။


                      ” သစ်ရိပ်ညို ”

အဖေ့သမီးငယ်



” အဖေ့ သမီးငယ် ”


အိုဘယ့် သမီး ၊ ထံနည်း လုင်

ခိုဝင် တွယ်ထား ၊ နောက်ကွယ် ပါးမှ


ငယ်အား နုယောင် ၊ ကြံဆောင် ပြုစား

နောင်သား ဖေါ်ရင်း ၊ လက်လျှို သွင်းကာ


လက်ငင်း ဓိဋ္ဌ ၊ ခေါင်းလွှဲချ ၍

ကြီးစွ မှုပွေ ၊ ဆွေလည် ဆွေတို့


ရှုပ်ပွေ လှုပ်ရှား ၊ အားလည်း မဖြစ်

ချစ်လည်း မနေ ၊ ချွေလည်း မချ


ပြလည်း မတိုး ၊ ဤလူမျိုး ကြောင့်

တန်ဘိုး မထိုက် ၊ သမီးမိုက် ဟု


လူသိုက် ထွေထွေ ၊ ပြောကြ လေသော်

ဂုဏ်သေ ညှိုးနွမ်း ၊ ဘဝ လမ်းတွင်

ပင်ပန်း တာပဲ ဖတ်တင်မည်။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အသုံးတည့်မြဲ



” အသုံးတည့်မြဲ ”


တို့လူလေးများ ဆိုသလေ

ဝေလေလေ ဟေ့ ဝေလေလေ။ ။


ခါတရံ မှတ်သားပေ

ဝေလေလေ ဟေ့ ဝေလေလေ။


အရင်းခံ သည့်အကြောင်း

ခေါင်းထဲ၌ မစေ။


နောက်ကနေ

ဝေလေလေ သို့မြဲ။


ဥာဏ်အထူ ကူကာဟစ်မယ်

သစ်လွင် နေဆဲ။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အီးယောင်ဝါး



” အီးယောင်ဝါး ”


အဲလကွယ် ကပ္ပိယ

နောက်ဖေးက စံပယ်ဖူး

ခူးခိုင်းရာဝယ်။


နားလေးလို့ ခပ်ထုံထုံ

စံပယ်ရုံ အမြုံလိုက်

တူးလိုက် ရောကွယ်။


ခူးခိုင်းတာ တူး လို့ကြား

လွဲမှားတဲ့ အရူးရယ်

ငါ့နှယ်ကွယ် တကထဲ။


လူပုံလည် ကြားမှာမို့

သူမှားလို့ ရှက်ပြေဟန်

သဒ္ဓါပြန် မာန်ကို့ချို့ကာ

ပြစ်ဖို့ ခက်ခဲ။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အမျိုးယုတ်လိမ့်မယ်



” အမျိုးယုတ် လိမ့်မယ် ”


မြန်မာစာ ရယ်မို့

သာလို့ မခင်တွယ်

မြန်မာ့မျိုး ပါဟရို့

နှုတ်ဆို့လို့ ဆော်တယ်။


နင့်မယ်ကွယ်

ဘယ်ဥ ကများ

မွေးဖွားလို့ လာတယ်။


ဘာသာနဲ့ သာသနာရယ်

မျက်ကွယ်ပင် ပြုသေး။


မျိုးဂုဏ်မဲ့ ရိုးရာတံတိုင်းမယ်

ဂိုဏ်းသင့် လိမ့်လေး။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အသံ



" အသံ "


တကျစ်ကျစ် နဲ့ စာလေးပျော်

ကတော်ကတော် ကြက်မအော်။


အုံးအွမ် အော်သံ ဖားလေးမြူး

မိုးခေါ်တေးသံ အသွင်ထူး။


ပဲပဲ မြည်တဲ့ ဆိတ်လေးရယ်

ဂတ်ဂတ် ဆူညံ ဘဲမွေးမယ်။


တညောင်ညောင်နှင့် ကြောင်ကလေး

ဝုတ်ဝုတ် ခွေးလေး ဟောင်လို့ပြေး။


ဒေါင်းငှက်တွန်ကြူး အိုးဝေသံ

မျောက်က ကျိုးခွေ ဆူဆူညံ။


ဆင်းလေးမိုမို တဝူး ဝူး

ဂျိုးငှက်မြည်သံ တကူကူး။


ဝမ်းဘဲ မြည်တဲ့ နွားလေးရယ်

ကျွဲလေး ညွမ့်ညွမ့် မြည်ပါတယ်။


မြင်းတွေရယ်သံ တဟီးဟီး

မြွေအော်သံက တရွှီးရွှီး။


စာသင်ကျောင်းက ခေါင်းလောင်းသံ

ဒေါင်ဒေါင်ဒင်ဒင် စီစီညံ။


စာအံသံ ညံမစဲ

တို့ကျောင်းတော်ကြီးထဲ။


" သစ်ရိပ်ညို "

posted from Bloggeroid

အလွယ်လုပ်သောလက်သမားများ



” အလွယ်လုပ်သော လက်သမားများ ”


ရှေ့က ဟို လက်သမား

လုပ်ထားတဲ့ ခေါင်အစုံ

အမိုးက မလုံ။


လွယ်ပါတယ် ပုဆိုးခြုံရေ

ချောင်ခိုလှုံ ခက်နေလား။


ဟောသည်လို မိုးယိုလျက်ကို

ဖျက်လို့သာထား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အမေနဲ့ရွာကိုလွမ်းပြီ



” အမေနဲ့ ရွာကို လွမ်းပြီ ”


စိတ်ပျက် စရာ ၊ ကြီးပါဗျာ

မြို့မှာ ပိုဆိုး တောပြောင်းချင်။


အချိုး မကျ ၊ နေထိုင်ရ

ဒုက္ခ အလွန် များလှထင်။


စီးပွား လဲပျက် ၊ လောဘဖက်

ဒေါထွက် ယုံသာ အဖတ်တင်။


ဈေးရောင်း မကောင်း ၊ တံဆိပ်ခေါင်း

ဆိုင်ဟောင်လောင်း နှင့် အမြဲပင်။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အတွေးမမှားစေ



" အတွေးမမှားစေ "


ကြီးပွားစရာများပေမို့

စီးပွားရှာစား။

ငွေသုံးလျှင် ငွေမြင်သတဲ့

ပြောတဲ့စကား။ ။


သောကနှင့်မပြိုင်

သုံးနိုင်မှ ရှာနိုင်မယ်။

အဖြုံးကို တကယ်လုပ်မှ

ကုံးရုန်းရှာမယ်။ ။


ရသလောက်ဖွေရှာ

သေမလောက်မော။

ပလိုင်းပေါက်နှင့် ဖားကောက်ရသလို

တောက်လျောက်ပုံအော။


ယက်သဲ့ကြား ငါးတင်

တင်တဲ့ငါး ကြောင်ညိုစား။

ဖွေရှာလေ ကုန်လေလေပေါ့

နုန်းခွေလျော့ပါး။


ခါးရယ်သာနာ

ဝမ်းစာက မပြည့်။

လိမ်ညာကွယ် လွန်မှောက်မှားရင်

ထောင်ချောက်ကြားမိ။


အသိသတိနှင့် နေပါကွဲ့

ပညာမျက်စိ။

ကာမဂုဏ် တောင်သာတက်

ပညာဆက် စီးပွားရှာ

လေးပါးမှာ ဖြည်းညည်းစေမှ

ဧကန်ရရှိ။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

အရသာအမှား



” အရသာ အမှား ”


အဆုံးဆမဲ့ ကွယ်

အမုန်းစနဲ့ ခါးခါး။

ပင်လယ်နှင့် သမုဒ္ဒရာ

ရေမှာ ခါးခါး။ ။


တို့များတွက် ရယ်

ခါးသက် မှ ခါး။

အဲ့မှာနေ သတ္တများကျ

ခါးလှ လိမ့်လား။ ။


ကိုယ့်ထင်နဲ့ ကိုယ့်အမြင်

ဆန္ဒရှင် တံခါး။

တဖက်တွင် နေနေကျကာ

လှလေ လိမ့်လား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အသိပြည့်ဝလူလုံးလှ



” အသိ ပြည့်ဝ လူလုံးလှ ”


သက်ရောက်ပုံ ဒုက္ခသိုက်

လူတိုင်း၌ ရောက်ပါတယ်။


ပုံစံသာ မတူကွဲ

အံခဲလို့ ကျော်ရာဝယ်။


စိတ်အခံ ရုပ်ခန္ဓာရယ်

သိဥာဏ်မယ် မတူခြား။


ခံနိုင်ရည် ရင်ဆိုင်ရပ်

တတ်သိ ရှိထား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အနေတတ်ကအသေမြတ်လှ



" အနေတတ်က အသေမြတ်လှ "


သေချိန်တန်နီး

ဤခရီးကား ကြိုဆီးဌာနေ

ကမ္ဘာမြေထဲ ပြန်ရမြဲတည့်။


ဧည့်သည်ဘဝ

လာခဏမှာ ဒါနကိုပွား

မေတ္တာထား၍ သေနေ့စေ့သင့်။


ရ၏ခန္ဓာ

ဖက်မပါပဲ ဖြစ်လာဘဝ

ဥာဏ်ဇဉ်ရအောင် အသိဆောင်တည့်။


များထွေကျေးဇူး

သူတစ်ထူးကို ရွယ်စူးရည်မှန်း

တတ်သိစွမ်းချင့် ပေးထောက်သင့်၏။


လက်မှာဗလာ

မရှိပါပဲ စိတ်မှာစွဲ၍

လှူမြဲပေးဝေ မရပေတည့်။


အားလျှင်ကြိုးကုတ်

ဥာဏ်ကိုထုတ်ကာ မဆုတ်မနစ်

တဖျစ်ဖျစ်သာ ဥစ္စာရှာသင့်။


ဥစ္စာလဲပြီး

ပညာဆည်းကာ သိနည်းရှာကြ

မြတ်ဒါနနှင့် သီလဆောက်တည်

ကောင်းမှုဆီသို့ မျှော်ရည်စခန်း

ဘာဝနာလမ်းသွယ် ကုသိုလ်ဆည်လော့။


သေမည်မုချ

သေမည်ပလည်း ဘုံငရဲနှင့်

ရှောင်လွှဲသွေဖယ် ကုသိုလ်ကယ်၍

အပါယ်တံခါး ပိတ်လိမ့်မည်။


" သစ်ရိပ်ညို "

posted from Bloggeroid

အလွမ်းရေထွေလို့မူး



” အလွမ်းရေ ထွေလို့မူး ”


အလွမ်းတွေ ပတတ်ရပ်

ကမ်းကပ်လို့လာပြီ

မြားဦး လှည့်ချီ။


ဘုံဆိုင်ဆီ

ထိုင်မှီ ခွက်မော့။


ရေမပါ ဗလာခွက်ကယ်

ခပ်သွက်သွက် ပေါ့။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အားနည်းချက်



” အားနည်းချက် ”


သူ့သဘောရယ်က

သူပြောတော့ ဟုတ်သယောင်။


ရလာဒ်ကို ပြန်မစစ်တော့

တစ်ဆို့ ကွယ်မှောင်။


အလင်းကို ဆောင်

အမှောင်ကို ဖယ်ရှား။


ပွင့်လင်းမြင်သာပါကွဲ့

ကျိုးယှဉ်ကာ သန့်သန့်လေးနဲ့

တွေးဆ သင့်သား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အလင်း



" အလင်း "


ရှင်နေမင်း

စင်္ကြာဝဠာ အရပ်ရပ်ကို

အလင်းပြပေးတယ်

တိုက်ရိုက်လဲ အလင်းပြပေးတယ်

တိုက်ရိုက်မဟုတ်လဲ

အလင်းပြပေးတယ်

မေတ္တာ ဂရုဏာတရား

တိုက်ရိုက်လဲ အလင်းဓာတ်ရှိတယ်

တိုက်ရိုက်မဟုတ်လဲ

အလင်းဓာတ်ရှိတယ်

လူစိတ်

အလင်းနဲ့အမှောင်ရှိတယ်

မေတ္တာ ဂရုဏာ ကြီးမားသူမှာ

ထင်ရှားတဲ့အလင်းဓာတ်ကို

တွေ့ရတယ်

ဒုစရိုက်၊မနာလို

မကောင်းစိတ်ရှိသူ

မသိနားမလည်သေးသူ

အမှောင် ရိပ်ဖုံးလွှမ်းတယ်

ကုစားရာ

သရဏဂုံ ၃ပါး တည်ခြင်းဖြင့်

ကုစားရာ ဖြစ်တယ်

အလင်းကိုရမယ်

စိတ်

ကောင်းတဲ့ဆန္ဒ ကို

တည်မှီလာမယ်

အလင်းရောင် ကပ်လာမယ်။ ။


" သစ်ရိပ်ညို "

အုံ့ပုန်း



" အုံ့ပုန်း "


သူ့မျက်နှာ တစ်ခါမြင်

ငေးကြည့်နေချင်။

ထီမထင်

ကြည်လင်တဲ့အပြုံး။

နှလုံးခုန် ပီတိလွှမ်းဖွယ်

တမ်းတမဆုံး။ ။


အသားတော် ညိုစစ

ချိုမြမြလွင်။

နဂိုလှ ခပ်ယဉ်ယဉ်

ခင်မင်သည့်အတွေး။

ကြင်မကြင် ရင်ခုန်လှိုက်ဖွယ်

ကြိုက်မိပေါ့လေး။ ။


" သစ်ရိပ်ညို "

အရင်ပြုပြင်ကြပါ



” အရင်ပြုပြင်ပါ ”


သာ ရာကို ကူးတို့ကူး

သာကူး ဟေ့ မောင်။


အရေထူ မလည်ရှုပ်

မလုပ် သင့်ပေါင်။


မရှက်ပေါင်

မျက်နှာပြောင် တိုက်မြဲ။


တမျိုး လှည့်ဆို

အမျိုးကို တကယ်ဖျက်မယ့်

မျိုးဆက် ပေပဲ။ ။


”သစ်ရိပ်ညို ”

အောင်မြင်ကျော်ကြား



" အောင်မြင်ကျော်ကြား "


လည်တိုင်ကျော့ကျော့

မော့မော့ရွှင်

လေယူရာတိမ်း

နွဲ့ယိမ်းလျှင်

ခါးသီသွယ်ဖေး

လှရေးဆင်

အမြင့်ပန်းရွှင် ပွင့်လန်းသွင်။

စိုးစိတ်စံစား

ငွားငွားထည်

ဝေဟင်ပျံစီး

ခရီးသည်

အာကာထစ်ချုန်း

မိုလုံးလည်

ပြိုင်စံရှားကွဲ့ တင့်ဆန်းကျယ်။

ထပ်တစ်ရာထိပ်

ကြိတ်မှိတ်ခါ

ဝဠာဘုံဖြိုး

လေတိုးလာ

ရင်တမမ

မြင်ရရှာ

ကမ္ဘာကျော်တာ သတ္တ၀ါ ။


" သစ်ရိပ်ညို "

အသက်ရှင်ခွင့်လေးပေးပါ



" "အသက်ရှင်ခွင့်လေး ပေးပါ"


အားငယ်တဲ့ကျား မသနားနဲ့တဲ့လေ

ငယ်မူသွင်ဖောက် ဒုက္ခရောက် တုန်းက

စိတ်လိုက်မာန်ပါ ပြုခဲ့တာက နင်......


မွှေးသနပ်ခါး ပါကွက်ကြားလိမ်းပြီး

နင့်ရဲ့အိမ်ရှေ့ ဓားလွယ်ကွေ့ကစောင့်ဖူးတယ်။


နင်လာတဲ့လမ်း စပါယ်ပန်း လေးခင်းပြီး

သာယာနှလုံး နင့်အပြုံး လေးလဲမျှော်ပေါ့။

ငါသီကုံးတာ ပေးဖူးလွှာ ပဲလေ။

ပင်မြင့်ပန်းလှ နမ်းခွင့်ရ ချင်မိတယ်။


ငါ့ချစ်မူသွေး ရင်မှာမွေး ထားတဲ့

"ဥ" ကပေါက်ဖွား နှလုံးသား လေးကို

နင်သာကိုင်ပေါက် မချစ်လောက် ခဲ့တော့

"ဥ" လည်း "ကြေ" အချစ်လည်း "သေ"ပေါ့။


"ဥ" ပေါ် "ခဲ" ကျ "ဥ" ကွဲ ။

ခဲ" ပေါ် ဥ ကျ လဲ "ဥ" ပဲ "ကွဲ" တဲ့အဖြစ်မို့


နင်ပစ်ခဲ့ရင် ယုယုယယ ပစ်ပေးပါ။

နင်မနှစ်သက်ရင်လည်း ဂရုဏာလေး

တချက် နဲ့ ယုယုယယ ဖယ်ပေးပါနော်။

ငါ့ အသည်းက အရမ်းနု တတ်လို့လေ။


" သစ်ရိပ်ညို "

အသပြာခရီးသည်



" အသပြာခရီးသည် "


ရေ ဇလာ မြစ်နဒီ ကြော မှာ

မြေ ကမ္ဘာ လှစ်ဟသီ ပြော ရရင်

ဖြစ်တည်သော ဘဝ ခရီးသည်။

မငြီး ဖွယ်

နှီးနွယ် ကြ လူထို ထို ရယ်

ဆိုမူ ပို ရွှင် မနော မှာ

ပြောလာ မတည် ။


မက် တဏှာ မာယာ နှောက်ကြံ လို့

ထက် ဝဠာ အာသာ ဖောက်ပြန် တော့

ဟောက် မြှောက်စားလို့ လိမ်လည်ပြီ

ရည်ရွယ်ရာ ပြုဖူး။


စေတန် ရွာ

ခြေမြန်စွာ မာန် ခြောက်ခြားတာဖြင့်

ဥာဏ်များဖြင့် လိမ်ဆင် ခွန်းချွေလို့ရယ်

ညွှန်းထွေထွေ မသွေ လှိမ့်ပြန် ကြ

အဿပြာ ငွေ တစ္ဆေ ခြိမ့်ညံတိုင်းကွယ်

နှစ်သိမ့် ကြည် နူး။


" သစ်ရိပ်ညို "

ဧရာဝတီ



" ဧရာဝတီ "


မြစ်မင်းဧရာ

ရေလွှာတကြော။

ငါးကြင်းဟန် သောင်ယံခတ်တယ်

ဖျတ်ဖျတ်သံနှော။


နေအဝင် ညိုရီသန်း

မြစ်ကမ်းမှ ငေးအကြည့်မှာ

လွမ်းမောဖွယ်ရာ။

လှိုင်းကြက်ခွပ် ဖျတ်ဖျတ်ခါ

ရေဇလာ ရောင်သွေး။

ကြယ်စင်ငယ် ရေလယ်ကြောမှာ

မျောခုန်လို့ပြေး။ ။


" သစ်ရိပ်ညို "

အပြုံးမျက်ရည်



” အပြုံး မျက်ရည် ”


ရွှေစင် ရွှေရုပ် ၊ ငါ မလုပ်နိုင်။

ငွေစင် ရုပ်လေး ၊ ငါ မပေးနိုင်။


သံ ကြေး ဘော် ခဲ ၊ တတ်နိုင် ဘဲမို့

ရွှံ့ထဲ ဘဝ ၊ မြေခဲ မှသည်

ပေးမျှ ဖို့ရာ ၊ ရွှံ့ရုပ် သာလျှင်

ငါ့မှာ လုပ်ပေး နိုင်ပါသည်။


ကျွဲရုပ် နွားရုပ် ၊ ငါ ဖေါ်ထုတ်နိုင်။

အိုးခွက် ကလေး ၊ ငါလုပ်ပေးနိုင်။


မြေဘောင် ဖို့ရင်း ၊ လယ်ကန်သင်း ၌

ပေါင်းရှင်း ရင်းသာ ၊ ရွှံ့စီး ရှာ၍

နင်းကာ ထုထောင်း ၊ လက်ရာ ကောင်းဖြင့်

ပုံလောင်း မြေရုပ် လုပ်နိုင်သည်။


ရွှံ့မြေရုပ် လေး ၊ အလှ ဆေးကိုင်။

သမီး နှင့်သား ၊ အဖေ့ နားထိုင်။


ဖျာစုပ် ပေါ်တွင် ၊ ရွှံ့ရုပ် တင်၍

ငါလျှင် နေလှန်း ၊ ရေ ခြောက်ခမ်းသော်

လျှောက်လမ်း မြေကြီး၊ ကောက်ရိုး မီးဖြင့်

ဖုတ်ပြီး မြေရုပ် လုပ်ပေးသည်။


ပြုံးပျော် ချိုတေး ၊ ဟစ်ကြွေး သံပြိုင်

ကိုယ်စီ ကိုယ်ငှ ၊ ဆိုလှ မြိုင်မြိုင်။


စီးထွေ တုံ့တင် ၊ ပီတိ ဝင်လျက်

ဖေ့ရင် ရွှင်အေး ၊ မျက်ရည် လေးနှင့်

ချစ်တေး သီဆို ၊ လှိုက်လှိုက် ဖိုကာ

ငါ ငို ပျော်လို့ ကျခဲ့သည်။ ။


” သစ်ရိပ်ညို ”

အပူငြိမ်းဆေး



” အပူငြိမ်းဆေး ”


နွမ်းနုံး ခွေရိ ၊ ရေ မရှိသော

ကျုံး၏ ကြာနှယ် ၊ ဖြေမဆည်၍

ရင်ဝယ် ပူဆွေး လွန်းလှသည်။


ပန်းလျ ပူပင် ၊ မကြည်လင် စွာ

သာယာ မအေး ၊ အာရုံ တွေးကို

ငြိမ်းအေး တရား ရှုကြည့်သည်။


စန်းလ ရွှင်အေး ၊ ပီတိ လေးဖြင့်

ရှုတွေး ပွားများ ၊ မြတ်တရား သည်

ပေါက်ဖွား ရင်မှာ အေးမြ ကြည်။ ။


” သစ်ရိပ်ညို ”

အထင်ကရကိုမထွေဝါးစေနှင့်



” အထင်ကရကို မထွေဝါးစေနဲ့ ”


မြန်မာ ဟေ့ မြန်မာ။


ကမ္ဘာမှာ မြန်မာအား

အားလုံး အသိပါ။


ပြည်ထောင်စု သားတွေပါ

ပြောင်းစရာ လိုပါဘူး။


မြန်မာဆို အသံလေးက

အေးမြ ကြည်နူး။ ။


မြန်မာကို မပိုင်းခြားပါနဲ့

ကိုင်းဖျားနား တို့ရယ်။


မြန်မာမှာ မွေးကြတဲ့

မြန်မာ့သွေး ပါကွယ်။


တပ်မတော် ဆိုလည်းကွယ်

ခံ့ဝံ့ထည် မြန်မာပဲ။


တို့မြန်မာ ပြည်သူထုကို

ကိုယ်စား ပြုမြဲ။ ။


” သစ်ရိပ်ညို ”

ဣနြေ္ဒ



" ဣနြေ္ဒ "


သဘာဝ လောက၏

သက်ရှိသည့် သဘောကား

လှုပ်ရှားသက်ဝင်။

လှုပ်ရှားမှု မရှိလျှင်

အသက်ငင် သက်မဲ့အလား။

ရုက္ခနှင့် သတ္တဝါ တို့

ရှင်သန်ရာ မှန်သရုပ်မှာ

လှုပ်လှုပ်ရှားရှား။ ။


လှုပ်ရှားမှု ရုပ်ခန္ဓာ

တွင်းပြင်မှာ ထိုသဘောဖြင့်

မရောနှောရာ။

အတွင်းက ကလီစာ

အပြင်မှာ သဏ္ဌာန်ခြား။

ထပ်တိုးစေ သက်ရှိလမ်းမှာ

စိတ်၏စွမ်းအား။ ။


စိတ်နှင့်ရုပ် ဝန်ထမ်းရာ

နိုင်ရာနှင့် မနိုင်ရာ

ထိုသဘောမှာ။

နိုင်ရာဝန် ထမ်းရွက်ရာမှာ

တည်ငြိမ်စွာ ဣနြေ္ဒရ။

မနိုင်ရာ ထိုဝန်ထမ်းတော့

ပင်ပန်းပေါ့ မတည်ငြိမ်

ဣနြေ္ဒမရ။ ။


စိတ်သဏ္ဌာန် အလို့ငှါ

တည်ငြိမ်စွာ ရှိရန်ကား

ပညာအား ပြည့်ရန်လို။

စာဖတ်ရေး မြော်မြင်စေလို

ဥာဏ်စိတ်ကို ကြံတွေး။

စိတ်အခြေ တည်ငြိမ်လေသမျှ

ဣနြေ္ဒကြီးမြင့်လေမို့

ပြဿနာ တည်ငြိမ်ခြင်းဖြင့်

ဖြေရှင်းလို့ပေး။ ။


တည်ငြိမ်စွာ ဖြေရှင်းဖို့

စိတ်ရင်းထက် နည်းဗျူဟာ

ဥပဒေသပါ။

ခြေကျန လက်ကိုင်ကာ

စိတ်မယိုင် မလှုပ်ရှား။

ဣနြေ္ဒ တည်ငြိမ်စွာဖြင့်

ခန္ဓာစိတ် ဟိတ်ဟန်ဖြိုးတယ်

တိုးတက်မြင့်မား။ ။


" သစ်ရိပ်ညို "

အိပ်မက်ဝင်္ဂပါ



” အိပ်မက်ဝင်္ကပါ ”


ဖိတ်စာကို ကြိုဖိတ်ဖို့

စာအိပ် လေး တစ်စုံ။


မျှော်လင့်သော ဘဝတွက်

အားကျသည့် ဝတ်စုံ။


ရင်တွေခုန်

အရုဏ်လွင် သစ်ဖူး။


ဇာဖြူရှင် ပွင့်နီခင်းမှာ

ချစ်ကြည်သင်း နမ်းပန်းကြူ

ဆောင်ခန်းသူ မျက်လွှာပိတ်လို့

မြရိပ် ချယ်လူး။ ။


” သစ်ရိပ်ညို ”

အချစ်နှင့်လမ်းခွဲစာမျက်နှာ



”အချစ် နှင့် လမ်းခွဲ

စာမျက်နှာ နှစ်ဖက် ”


ဝေဒနာ ကြိုးအရိပ်

စိုးတထိတ်ထိတ် နဲ့သာ

နှလုံးသားမဲ့တဲ့ ကမ္ဘာ။

ချစ်တတ်တာ

နာကျင်ဖို့ ဟုတ်ပါဘူး။

စာမျက်နှာ နှစ်ဖက်သား

ကွဲပြား လို့ရူး။ ။


စာမျက်နှာ ကိုယ့်ဖက်က

အဆုံးချ ပုဒ်မဟာ

တုံးတိ မပါ။

မင်းဖက်က စာမျက်နှာ

ပိုင်းခြားလာ အခန်းသစ်။

မိုးဦးလေ တိမ်ငုတ်လျှိုးလို့

စိုးကြောင့်ဗျာရစ်။ ။


ခန်းဆက်ငယ် စိတ်အပိုင်း

စာတံတိုင်း ပြောင်းလဲစွာ

ဆုံးရှုံး သွားမှာ။

မာနထွက် နင်ပစ်ခွာ

ချစ်တာတွေ ကွယ်ပျောက်။

အကြင်နာ ရင်မှာပျိုးပါ့မှ

မိုးဦးလေ နှောက်။ ။


ကံဆိုးချင် ခွန်အားတို့

တစ်ဆို့ဆို့ လမ်းရပ်ပြီ

ချစ်စိတ် မညီ။

နှစ်လွှာဖက် တစ်မျက်နှာစီ

တိမ်ပန်းချီ ချုန့်ချိန်း။

ရွှေမေတ္တာ တစ်ခန်းရပ်တယ်

ကမ်းကပ် ပြိုတိမ်း။ ။


” သစ်ရိပ်ညို ”

အရိုးနားနီးလေအသားချိုလေ



" အရိုးနားနီးလေ အသားချိုလေ "


စဉ်းလဲတိုင်း

လူဆင်းရဲ မဟုတ်ပါ

လူဆင်းရဲ လို့ စိတ်ဆင်းရဲမခံနိုင်ပါ

ချိုးနှိမ်ကာ မကြည့်သင့်။


နေ့နှင့်ည

လုပ်သင့်သမျှ အားကုန်သာ

ပုံပေးလှ အသပြာ

တစ်နပ် ဝမ်းစာ မရပေါ့

ခါးမလှစွာ အားပါးတရ ရှာမှ

နိတ္ထိတ ပိုစရာ

လုပ်အားလှ ပြစ်ဒဏ် သင့်။ ။


ရှာဦးလကွယ်

နောက်ဆုံးဝယ် တရားပြ

ရိုင်းလိုက်သည့် ကံကြမ္မာ

မရှိလို့ မလှူနိုင်

မလှူလို့ မရှိရ

မဖြစ်ရဖို့ အရေးရယ်

ကြိုးစားပေးမှ။


သို့ပေငြား

အမျိုးအား မလှပ

ကြိုးစားသမျှ အရာမထင်

တိုးပွား အစက ဥာဏ်ရွှင်ရွှင်

မြေခွေးလို စဉ်းလဲပြ

သတ်ကျားမင်း စဉ်းလဲရင်

ဝိုင်းပင့်ကူ လူ့အသည်း

အရိုးနား အသားချိုလှဆဲမို့

ခဝပ်တွဲကြ။ ။


" သစ်ရိပ်ညို "

အဖေများနေ့ဆီသို့



"အဖေများနေ့ ဆီသို့"


"အဖေ"

သား ဘဝရဲ့ အတောင့်တဆုံး

သား အမြင်ချင်ဆုံးက

"အဖေ့"ကိုပါ။


လမ်းပေါ်မှာ

အသားလတ်လတ်နဲ့

စိုက်ကြည့်နေတဲ့ လူကြီးတယောက်

်မှန်းလိုက်တော့ အဖေ့အရွယ်

ဒါ ငါ့ "အဖေ" များလား။


"မေမေ" သား "အဖေ့"ကို

မြင်ဖူးချင်လိုက်တာဗျာ

"အဖေ"ဆိုတာ ဘာများလဲ။


သေသွားပြီသား

အဖြေက သားအတွက်

ရင်ဆို့ဆို့ ကျပ်တည်းစွာ

ချုပ်တည်းထားတဲ့ မျက်ရည်စ

မငိုပဲ ပြိုဆင်းခဲ့ပြီလေ။


လောကကြီးက အပြစ်ရှိနေလား

သားကပဲ အပြစ်သားလား အဖေရယ်

သားမခံစားဖူးပေမယ့် သိနေတယ်

အဖေဟာ မိသားစုရဲ့

အားကိုးရာ အရှင်သခင်

မဟာဂရုဏာရှင် မဟာတံတိုင်း

ဘုရားနဲ့တစ်ဂိုဏ်းထဲလေ။


သား လူ့ပြည် မရောက်ခင်

"အဖေ"ပြန်နှင့်ပြီတဲ့လားဗျာ။


အဖေ့အုတ်ဂူလေး ဘယ်မှာများလဲ

အဖေ့အရိုးပြာလေး ဘယ်မှာထားလဲ

အဖေ့သား "အဖေ့"ကို ဂါရဝပြုချင်လို့

ရှိခိုးဦးတိုက်ချင်လို့ပါ "အဖေ"။


သားရဲ့ ရိုကျိုးလှတဲ့ လက်ဆယ်ဖြာနဲ့

အဖေ့ကို ရည်မှန်း ဦးချ

ကန်တော့ပါရစေ "အဖေ"


" သစ်ရိပ်ညို"

ဥဒေါင်းအလှ



" ဥဒေါင်းအလှ "


သာစွတောခြေ

"အိုးဝေ"သံ လွင့်ပျံလို

တေးသီဟန် တွန်သံချို။


တမူထူး

ကွန့်မြူးရဲ့ ပန်းချီဆန်

လေညင်းခံ ဥဒေါင်းပျိုရယ်

ခွန်းဆိုနွဲ့တေး။


ရှက်သွေးငယ်ဆင်

နန်းအသွင် ယဉ်သည့်တော

ယှဉ်ပြောက အလှဘုရင်

မြီးတန်ရှင် ဒေါင်းပျိုဖြန့်ကာမှ

ရှင်းသန့်သွယ် မျက်ဆံကွင်းနှင့်

လှဆင်းမူ နွဲ့လျထိန်းကာ

ယိမ်းကကွဲ့လေး။ ။


"သစ်ရိပ်ညို "

အိုဘယ့်နှင်းဆီအိုနှင်းဆီ



" အိုဘယ့် နှင်းဆီ ..... အိုနှင်းဆီ "


ပွင့်သည့်ပန်း

လန်းတာခြင်း တူလျှက်

ဆူးခက် ဝန်းရံ

အလှမာန် တက်သည့်သဘော

အများပြော ခံနိုင်ပြီ

အိုဘယ့်နှင်းဆီ ...........အိုနှင်းဆီ ။


ပန်း တပွင့်ပန်

မိန်းမဟန် ညွှန်းလျှက်ဆို

ရွှန်းလဲ့စို မာယာမြှူ

ချစ်ရည်တူ မျှသည့်သဘော

နှိုင်းဆနှော မျောခဲ့ပြန်သည်

အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။


ပန်းဝေပုံကြွ

ဆင်မြန်းကြ ပန်းအလှ

ပန်းချီသ ဆေးစုံ လက်သွေး

တစ်ပွင့်လေး လှတဲ့ပန်းရယ်

အဓိပ္ပါယ် ဆန်းလှသည်

အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။


စာစီချယ်သ

လှရက်စွ ပန်းတကာထက်

နမ်းရှိုက်မက် မက်မူးစွာ

အလင်္ကာ ပြညွှန်းသီ

ဆူးပန်းနီ နန်းဆန်လှသည်

အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။


ပွင့်ချပ် မြေခ

ချွေရက်လို့ နင်းပျက်

အချစ်တွက် ပွင့်ဖတ်ကြွေမှ

ကျေနပ်လှ လူစိတ်မနော

မစောကြော ရောဖျက်ပြန်သည်

အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။


ငွားငွားစွင့်ပန်း

လှရက်စွ ပန်းကိုမှ

အစစ ထုံးနှောင်ချည်

မရမက သုံးဆောင်သည်

ဖြေနိုင်ပေါင် ဝတ်ရည်အသည်း

ရွှေရင်ခွဲ ကျမျက်ရည်ဆည်

အလှမက်ဖွယ် မူကွဲသမျှ

လူထဲပြ လွမ်းပြီကွယ်

နှင်းဆီငယ် သခင့်တွက်ရည်

အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။ ။


" သစ်ရိပ်ညို "

Wednesday, July 18, 2018

အခါလွန်မိုက်ဆဲ



"အခါလွန် မိုက်ဆဲ"


ရမ္မက်တဏှာဝဲ

ကြုံလာဆဲ ခဏတော့

သက္ကာရ ဒိဌိမှတ်လေ။


ကိလေသာဝဲ

ရစ်ဝှေ့မြဲ သဘာဝကြောင့်

အနိစ္စပဲ စွဲညှိအပ်စေ။


သတ္တလောက သင်္ခါရ ပါကွဲ့

ကျွန်အနှစ် ဖြစ်ပျက်နေ

ရှုမှတ်အပ်လေ၏။


ကာမ ရူပ

အရူပ ရာဂါ

ဒိဌိ မောဟ အသောမကျ

ရှောင်လိုလှလည်း

ငါမှငါ အတ္တဖြာလို့

ကိလေသာ နွံဂယက်ထဲ

ဇွတ်တိုးဆဲ အမြဲသာပ

အထင်ကရ မြင်ခဏ

ရှိလှရှာတည့်။ ။


"သစ်ရိပ်ညို"

ဧည့်သည်



"ဧည့်သည်"


ဝင်ချိန်ထွက်ချိန် ဒီနှစ်ကြိမ်မယ်

လာချိန်ခဏ ကောင်းနေမှသာ


နေရဘဝ လွန်မြတ်လှမို့

ဟာဒယရွှင် စိတ်ကြည်လင်စေ


သစ်လွင်ကြည်စိတ် မနောရိပ်မှ

တိတ်ဆိတ်ညင်သာ မွန်မြတ်စွာဖြင့်


ပညာအသိ ကျင့်မြတ်ရှိက

ဇီဝိခန္ဓာ မကောင်းရာတို့


ကပ်လာဖယ်ခွဲ ပြုနေမြဲမှ

ရှိဆဲခဏ ဒီဘဝတွင်


ကောင်းလှမြင်မိ သက်ရှင်ရှိသည့်

ဧည့်၏ဝန်တာ ကျေပွန်စွာတည့်။


"သစ်ရိပ်ညို"

အချစ်နှင့်မိုးစစ်သည်



” အချစ်နှင့် မိုးစစ်သည် ”


မြတ်နိုးသူ နှလုံးသား

ဖားလျားကျ လာပြီ။


တားမနိုင် ငိုင်ကာငေး

ဆွေးလု မှုန်ရီ။


ဒိုင်းကြေးမောင်း နတ်ယွန်းစည်

အော်မြည်သံ အက်ကွဲ။


အလွမ်း ဓာတ်ခံ

ထက်ဝေယံ စာနာပျိုးလို့

မိုးမျက်ရည် ဝဲ။ ။


” သစ်ရိပ်ညို ”

အားရှိသရွေ့တော့



” အားရှိ သရွေ့တော့ ”


မိုးစိပ်စိပ် ရွာအပြီး

စီးလာတဲ့ စမ်းချောင်းရေ။


ကျောက်ဆောင်တွေ ကျော်ခွလို့

ကျလာပြီ လေ။


ဟိုးရှေ့က ကျောက်တုံးတွေ

ကမ်းစပ်ခြေ ပြန့်ကျဲ။


ရေအေးပျို ထိုအရောက်

ရေစက်ပြောက် ခုန်ခုန်ကျော်

မှု မပေါ် သရော်ခက်ဖွယ်

တိုးဆက် ခုန်ဆဲ။ ။


” သစ်ရိပ်ညို ”

အပြန်ခရီး



" အပြန်ခရီး "


ရေလာမြောင်းပေး

ချောင်လေးရယ်တဲ့ ရှည်။


ကွေ့ကောက်ရဲ့ မပြေ့တစ်ပြေ

ဝမ်းရေးဖွေ တကယ်ခက်လို့

ရတက် ရယ်ပွေ။


တွက်ရေးလှ စက်သူဌေးတွေလို

တက်ဖြင့်စေ ခွန်အား။


လောင်းလှေငယ်ကြုံ

ပေါင်းလေနှယ် ဆုံပြီမို့

ရေဟုန်စီး ခရီးစဉ်မယ်

ချိန်ကုန်ပြီး ခရီးမတွင်ရင်ဖြင့်

ကြိုးစားနှင် အားကုန်ခဲလို့

မိုးနဲ့လေ ကြားခိုဆဲမှာလ

သွားမြဲမို့ မမှုသာ

မြန်မကြာ ရေလွှာကြောမှာ

မျောစုန်လို့သွား။


"သစ်ရိပ်ညို "