Thursday, July 19, 2018

အောင်စေနိမိတ်



" အောင်စေ နိမိတ် "


ပြည်တော်ပြန်လှ၊ မြန်မာကွဟု

နှုတ်ဟကြွေးကျော် ၊ သိမ်းပိုက်မော်ကြွား

ဆုဖလားကွဲ့။


ဆုကားဘော်ငွေ ၊ အမိမြေတွက်

ခေါ်စေဆောင် "ယူ" ၊ "နှစ်" "သုံး" လူသား

စံ မူ ထားကွဲ့။


အာရှရှေ့တောင် ၊ ဆယ်ပြည်ထောင်မှာ

နိုင်အောင်လေ့ကျိုး ၊ မဟာမျိုးဟေ့

ငုတ်လျှိုးပေါ်ပြီ မြန်မာပြည်။


အာဇာနည်လောင်း ၊ သူရဲကောင်းလို

စုပေါင်းအားမာန် ၊ အောင်ပွဲခံချိန်

တိမ်ယံထိန်စေ လင်းဂုဏ်ရည်။


ဂုဏ်ရှိန်ပြည့်ဖြိုး ၊ ဆထက်တိုးလှ

သာစွနေခြည် ၊ လင်းရောင်နီလည်း

သာပြီပဲလေ သာမြဲပေ။


" သစ်ရိပ်ညို "

posted from Bloggeroid

No comments:

Post a Comment