Thursday, July 19, 2018

အမျိုးသားနေ့တို့မမေ့



" အမျိုးသားနေ့ တို့မမေ့ "


ဒေါင်းနေတောင်ပံ

ဝဲကာပျံလို့

အားမာန်တက်စေ တို့မြန်ပြေ။


တန်ဆောင်းမုန်းလ

လဆုပ်လဝယ်

ရက်တဆယ်နေ့ တို့မမေ့။


ဥပဒေကြမ်း

တို့စိတ်ဝမ်းနှင့်

နည်းလမ်းမညီ တွန်းလှန်သည်။


ကျောင်းတော်သိပ္ပံ

ဦးဆောင်မှန်လို့

ဝံသာနုထား ကျောင်းတော်သား။


ရွှေတိဂုံ တွင်

ပေါင်းစုံ ရင်ပြင်

ငြမ်းဆင်တန်ခိုး မနွမ်းညိုး။


နေရှင်နယ်များ

တို့ကျောင်းသားဟေ့

များပြားလွေ့လွေ့ အမျိုးသားနေ့။


မျိုးဇာတိမာန်

ဟိန်းဟိန်းလျှံလျက်

ကိန်းခံတန်ဖိုး သတ္တိမျိုး။


ထက်ယံတလူ

လွှင့်လို့ထူတဲ့

မျိုးလူခပင်း ဒေါင်းနေမင်း။


သည်နေ့သည်ခါ

မင်္ဂလာဟေ့။


သိင်္ဃာအမျိုး

တို့အမျိုးဟေ့။


တို့မျိုးတို့ဆွေ

တို့ရဲ့ပြေတွက်

တို့တွေပေါင်းစု

ဝံသာနုဟေ့။


မျိုးထုမြန်ပြည်

ခြိမ့်ခြိမ့်စီသည့်

အောင်စည်အောင်မောင်း

ခြိမ့်ခြိမ့်ညောင်းသည့်

သိန်းသောင်းဗိုလ်ခြေ

သခင်တွေဟေ့။


တို့မျိုးဘာသာ

တို့ပညာရေး

အာဏာပေးပြီး

မဆွေးနွေ့းနဲ့။


တို့ပညာရေး အခွင့်ပေး

ကျွန်ပညာရေး အလိုမရှိ

သပိတ်သပိတ် မှောက်မှောက်

သခင်မျိုးဟေ့ တို့ဗမာ

အရေးတော်ပုံအောင်ရမည်။

အောင်ရမည်။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

No comments:

Post a Comment