Thursday, July 19, 2018

အနေတတ်မှကျေနပ်စရာပါ



” အနေတတ်မှ ကျေနပ်စရာပါ ”


မင်းညွန့် ခက်ဖြာ ၊ မင်းဘဏ္ဍာ နှင့်

အာဏာ စိုးသက် ၊ မှားမှန် ခက်ရှင့်။


တိုးတက် ပြည်ဘောင် ၊ လုပ်တိုင်းအောင်လည်း

အမှောင် အတ္တ ၊ ဝိသမ တို့

ထကြွ နိုးကြား ၊ တလွှားလွှား တည့်။


ပေါများ ကောင်း ယုတ် ၊ ခြေခြင်း ရှုပ်မျှ

ယှက်ချုပ် ယောင်းတော ၊ ပေါက်ကျေး ရောသို့

သဘော သကန် ၊ ဟုတ်တိုင်း မှန်ရာ

အမှန် မသိ ၊ ဖြစ်တတ် ဘိဟု

စိတ်သိ ရှောင်ခွာ ၊ အေးငြိမ်းစွာ တည့်။


သင့်ရာ သင့်ကြောင်း ၊ မင်းအပေါင်း မှာ

ပြည်ကောင်း အောင်စေ ၊ ကြိုးစား ပေမို့

မောင်မေ ဘေးတိုက် ၊ ကန့်လန့်တိုက် ၍

ထိပ်တိုက် ပြုငြား ၊ ရူးမိုက် မှားတည့်။


မခြား ပံ့ထောက် ၊ အမှား ရောက်အောင်

ချီးမြှောက် သဏ္ဌာန် ၊ ကြွက်ကြွက် ညံမျှ

ဖန်ဖန် ညွှန်းထပ် ၊ လွန့်လွန့် ခတ်သော်

ကြောင်းရပ် မပြေ ၊ ရှိလာချေ က

တွေဝေ စောင်းမြောင်း ၊ သူမကောင်း ဟု

စိတ်ထောင်း ကိုယ်ကျေ ၊ ရှိတတ်ချေ တည့်။


ကိုယ်ခြေ ကိုယ်လက် ၊ တရားစက် ဖြင့်

မစွက် မရော ၊ မနှော မကန်

မလှန် မဖောက် ၊ မနှောက်(နှောင့်) မဖျက်

စဉ်ဆက် ငြိမ်းချမ်း ၊ ဘဝလမ်း ကို

လျှောက်လှမ်း ကြည်သာ ၊ အေးငြိမ်းစွာ ပင်

ရင်မှာ ပီတိ ရှိသင့်သည်။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

No comments:

Post a Comment