Thursday, July 19, 2018

အောင်မြေနန်းလှစည်တော်သံ



" အောင်မြေနန်းလှ စည်တော်သံ "


အောင်စည်ဝေ သပြေပန်းတွေဖြင့်

ပွင့်ဝေလန်း လို့ အောင်ကြောင်းဖြာ။

သာသနာ ရောင်ဝါဝင်းတယ်

ကောင်းခြင်းစုံစွာ။

စည်တော်သာ

တင့်ဆန်းစွာ ပြည်မြန်မာ့သား။

ဇမ္ဗူမှာ အောင်စည်ယွန်းတယ်

ထွန်းလင်းစေသား။


ရောင်ခြည်စေ ဆုချွေမှန်း ရင်ဖြင့်

လူ့ပြေနန်း မှာတဲ့ ရွှင်ကြည်သာ။

တို့ပြေရွာ သာယာဖြိုးဖွယ်

တိုးတက် ဖို့ရာ။

မျိုးမြန်မာ

ေ​ပါင်းစုံစွာ ​တိုင်းရင်းသားတို့

ရွှေမြန်မာ တောင်အာရှမှာ

လှပဖွင့်ထွား။


နောင်အရှည် အောင်စေကြောင်း ကိုဖြင့်

ညောင်ရေလောင်း စို့ မျိုးမေတ္တာ။

တို့သစ္စာ ခိုင်မာမြဲ တယ်

တွဲဆက် လျက်သာ။

ဤကမ ၻာ

တို့မြန်မာ တ​​ည်နေသမျှကြွား။

ညီညီညာ ပြည်ဌာနမယ်

ရွှန်းမြ ဆပွား။


ခေါင်အခြေ တထွေလမ်း မှာတဲ့

မသွေလှမ်း ဖို့ ကြိုးစားမှန်။

လုံ့လပျိုး နိုးကြားပါလို့

ရိုးသားရင့်သန်။

ဇာတိမာန်

တို့နိုင်ငံ ​တိုးတက်ဖို့ပဲ။

ပေါပြည့်လျှံ ကြွယ်ခံတင်းတယ်

သင်းပျံ့ထုံကဲ။


ဆောင်ရေလေ ရွှေငွေသီး ပါတဲ့

တို့မြေကြီးကွဲ့ ပြည်မြန်မာ။

ပြည့်အဝန်း ဝေသွန်းဖြိုးပါလို့

ဖိုးထိုက်တန်စွာ။

ရတနာ

စိမ်းမြနီလာ သီးနှံ​ရွှေ​ပေး။

ပြည်တန်ရာ ပတ္တမြားရယ်

ပေါများလို့လေး။ ။


" သစ်ရိပ်ညို "

posted from Bloggeroid

No comments:

Post a Comment