အဖြူရောင် ပရဟိတလူငယ်လေးများအသင်း
မွေးလာဘဝ ၊ ခန္ဓာရသည့်
ဖြစ်ရပျက်ရ ၊ လူ့ဘဝတွင်
ပရဟိတ ၊ ကောင်းမှုငှသည့်
ခက်မဝေဖြာ ၊ တို့ပြည်ရွာတွင်......
များစွာသုတ ၊ ဆည်းပူးကြသည့်
ပညာ့အရာ ၊ သုတရှာသော
စာဝါနုသရိ ၊ ပွားများမည့်သူ
မြတ်သည့်အလှူ ၊ ရည်တူလှူဒါန်း သာစခန်း။
များစွာဒုက္ခ ၊ ဆင်းရဲကြသည့်
နွမ်းပါးလှသူ ၊ ချို့တဲ့သူကို
တို့ကူညီပေး ၊ ထောက်ပံ့ရေးဖြင့်
မနှေးကြည်ဖြူ ၊ ရည်တူလှူဒါန်း သာစခန်း။
စိတ်ကျဝေဒနာ ၊ ခံစားရှာသည့်
နူနာမကျန်း ၊ သူငါလမ်းတွင်
စိတ်ဝမ်းချမ်းသာ ၊ စောင့်ရှောက်ပါမည့်
ပြူငှါဖေးကူ ၊ ရည်တူလှူဒါန်း သာစခန်း။
များစွာသောက ၊ ဖိစီးကြသည့်
မိဘမဲ့သူ ၊ အားငယ်သူကို
ညီတူပြုစု ၊ ယုယမှုဖြင့်
မြတ်ဆုအလှူ ၊ ရည်တူလှူဒါန်း သာစခန်း။
သဘာဝဘေး ၊ ထောက်ပံ့ပေးအပ်
ယှဉ်တွေးထပ်ထပ် ၊ မတ်မတ်ရပ်ရန်
သတ်မှတ်ပေးကမ်း ဝန်မျှထမ်းရင်း
ရွှင်လန်းအလှူ ၊ ရည်တူလှူဒါန်း သာစခန်း။
စိတ်ရည်တူမျှ ၊ လှူဒါန်းကြမည့်
ပရဟိတ ၊ လူငယ်အသင်း။
စိတ်ရင်းခံမှာ ၊ စေတနာနှင့်
စာနာတည်ထောင် ၊ အဖြူရောင်လျှင်
ပြည်ထောင်သုခ ၊ ဖေးကူမသည့်
စိတ္တဖြူသူ ၊ တို့အလှူတွင်
ဝင်ကူလက်ယှက် ၊ ချဉ်ခြင်းတက်စွာ
လက်ယှက်ဖွဲ့စည်း ၊ အောင်မြင်ပြီးမို့
လာပြီးယခု ၊ ဒါနပြုရန်
ကုသိုလ်အလှူ ၊ ပေါင်းဖက်ကူမည်
ကြည်ဖြူသာဓု ခေါ်စေသော်ဝ် ။
များလူသာဓု ခေါ်စေသော်ဝ် ။
နတ်လူသာဓု ခေါ်စေသော်ဝ် ။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
အဖြူရောင် ပရဟိတလူငယ်လေးများအသင်း
မွေးလာဘဝ ၊ ခန္ဓာရသည့်
ဖြစ်ရပျက်ရ ၊ လူ့ဘဝတွင်
ပရဟိတ ၊ ကောင်းမှုငှသည့်
ခက်မဝေဖြာ ၊ တို့ပြည်ရွာတွင်......
များစွာသုတ ၊ ဆည်းပူးကြသည့်
ပညာ့အရာ ၊ သုတရှာသော
စာဝါနုသရိ ၊ ပွားများမည့်သူ
မြတ်သည့်အလှူ ၊ ရည်တူလှူဒါန်း သာစခန်း။
များစွာဒုက္ခ ၊ ဆင်းရဲကြသည့်
နွမ်းပါးလှသူ ၊ ချို့တဲ့သူကို
တို့ကူညီပေး ၊ ထောက်ပံ့ရေးဖြင့်
မနှေးကြည်ဖြူ ၊ ရည်တူလှူဒါန်း သာစခန်း။
စိတ်ကျဝေဒနာ ၊ ခံစားရှာသည့်
နူနာမကျန်း ၊ သူငါလမ်းတွင်
စိတ်ဝမ်းချမ်းသာ ၊ စောင့်ရှောက်ပါမည့်
ပြူငှါဖေးကူ ၊ ရည်တူလှူဒါန်း သာစခန်း။
များစွာသောက ၊ ဖိစီးကြသည့်
မိဘမဲ့သူ ၊ အားငယ်သူကို
ညီတူပြုစု ၊ ယုယမှုဖြင့်
မြတ်ဆုအလှူ ၊ ရည်တူလှူဒါန်း သာစခန်း။
သဘာဝဘေး ၊ ထောက်ပံ့ပေးအပ်
ယှဉ်တွေးထပ်ထပ် ၊ မတ်မတ်ရပ်ရန်
သတ်မှတ်ပေးကမ်း ဝန်မျှထမ်းရင်း
ရွှင်လန်းအလှူ ၊ ရည်တူလှူဒါန်း သာစခန်း။
စိတ်ရည်တူမျှ ၊ လှူဒါန်းကြမည့်
ပရဟိတ ၊ လူငယ်အသင်း။
စိတ်ရင်းခံမှာ ၊ စေတနာနှင့်
စာနာတည်ထောင် ၊ အဖြူရောင်လျှင်
ပြည်ထောင်သုခ ၊ ဖေးကူမသည့်
စိတ္တဖြူသူ ၊ တို့အလှူတွင်
ဝင်ကူလက်ယှက် ၊ ချဉ်ခြင်းတက်စွာ
လက်ယှက်ဖွဲ့စည်း ၊ အောင်မြင်ပြီးမို့
လာပြီးယခု ၊ ဒါနပြုရန်
ကုသိုလ်အလှူ ၊ ပေါင်းဖက်ကူမည်
ကြည်ဖြူသာဓု ခေါ်စေသော်ဝ် ။
များလူသာဓု ခေါ်စေသော်ဝ် ။
နတ်လူသာဓု ခေါ်စေသော်ဝ် ။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
No comments:
Post a Comment