Monday, December 31, 2018

" စံပြပြုထုံး "

ဖူးငုံစ ပန်း ၊ ချွေယူနမ်း၍
လန်းဆန်းခက်ဖွယ် ၊ သူနွမ်းနယ်သည်
ပွင့်ငယ်သက်တမ်း နုသောကြောင့်။

စာသင်ရွယ်သား ၊ ငယ်သူအားလျှင်
မိသားမရှိ ၊ ဝမ်းရေးသိနှင့်
သူ၏ဝမ်းစာ ရှာသောကြောင့်။

ရွယ်တော်သစ်စ ၊ ဖူးငုံမျှဝယ်
ကာမတိုက်ကျွေး ၊ သည်ကလေး၌
ကိုယ်လေးလက်ဝန် ရှိသောကြောင့်။

ဥာဏ်တိမ်ငယ်သား ၊ လူစုအားဖြင့်
တရားဖြင့်စေ ၊ ဥပဒေတွင်
ထန်ဝေ ကာမ ၊ ဖူးငုံစ၌
ပန်းလှပြစ်ဒါဏ် ၊ ချွေခူးခံမည့်
မူမှန်မဟုတ် ၊ အယူနုပ်ဖြင့်
မိန့်ထုတ်အာဏာ ၊ လူ့ပြေရွာတွင်

အာသာဆန္ဒ မက်သောကြောင့်။
မာယာကာမ စွက်သောကြောင့်။
တဏှာရာဂ ယှက်သောကြောင့်။ ။

" သစ်ရိပ်ညို "

Thursday, July 19, 2018

အက်ဆစ်တရား



” အက်ဆစ်တရား ”


အက်ဆစ်၏ လှိုက်စားချက်

ရွှေသားတွက် သန့်စင်။


သိဉာဏ်တွင် ဆိုးယုတ်မှားတို့ကို

ဖယ်ရှားက ကြည်လင်။


အက်ဆစ်သွင်

သန့်စင်ဖယ် ပေး၍ထား။


မိစ္ဆာဘောင်

ဆိုးမိုက်မှောင် ဂုစ္ဆာ နှောက်တို့

ကြောက်တဲ့တရား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အခြေခံယဉ်ကျေးမှု



” အခြေခံ ယဉ်ကျေးမှု ”


ကြည်နူးဖွယ်

သောတရယ် သာယာ။


သံစဉ်ချို စာသားလှ

ကြားရတဲ့ခါ။


ဥာဏ်ပညာ

ပြင်ဆင်ရာ အခြေကျ။


တို့မြန်မာ ယဉ်ကျေးမှု

နှုတ်မှု အစ။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

ဤအချိန်မှာနွေဖြစ်သည်



” ဤအချိန်မှာ နွေဖြစ်သည် ”


ကြွနေ နေ့နေ

ပူပေရဲ့ တယ်ပြင်း။

လေပွေရှင် လေသင်တုန်းတောင်

ပုန်းရ ဘိခြင်း။ ။


အပြင်မှာ နေပူကဲလို့

အထဲသို့ဝင်။

ခဏနေ အပူအိပ်အောင်

ချွေးသိပ်စေချင်။

ရေကိုပင်

အလျင်လို မထိနဲ့။

ရှဲကနဲ အပူရှပ်လို့

သေတတ် သကွဲ့။ ။


ရေကိုကွယ် အရင်သောက်

ခဏလောက်နားပါ။

နားပြီးလျှင် ခြေလက်ဆေးဖို့

ရေပေး ထိပါ။

ချွေးငုတ် တတ်တယ်ဗျာ

ဖျားနာမယ် သတိထား။

ရာသီပေါ် မလေးစားလျှင်

မှားလိမ့် မယ်ဗျား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အလှရှင်



” အလှရှင် ”


နေအိမ် စံနန်း လှဆန်း ရှင်မယ်

ညွှတ်ကယ် ရွှေဆင်း ပြောင်ဝင်း တင့်လျှံ

မယ့်ဆံ ညွန့်ဦး ပွင့်ဖူး ပန်ရွယ်

ငယ်စွာ ချစ်ကြင် ဆင်ကာ ပြန့်မွှေး

ဥဖွေး ပါးနု ရွှေရည်စု မွှေးလု မှုံနံ့သာ။


အလွှာပါး ဖြတ်အသွားမှာဖြင့်

စိတ်ထားလှသည့် စံပယ်လို ညင်းလေသွေးဆို။

ရွှန်းရွှန်းငယ်စို ပိုရှာသည့် အလှတပါး။

စံနမူ ယဉ်သူပြုံး မှုန်းသ ချယ်ထား။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အလဟဿ



” အလဟဿ ”


သရက်စိ မြေမထောက်

ရေမတောက် ခြောက်စွာ

သိမ်းထုပ် ထားရာ။


အပင်ပေါက် ညှောက်မလာ

ကံရောက်လာ ပေလည်း။


ဥဿဟ လုံ့လမပါ

ရှေးကံပါ ဥာဏ်ကူဖျောက်ရင်ဖြင့်

ပျောက်တတ်လိမ့်မြဲ။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid

အဘိဓမ္မာတရား



” အဘိဓမ္မာတရား ”


အတ္တဝါဒရယ်က

လောကီမှ အဘိဓမ္မာ။


အနတ္တဝါဒဆိုတာက

လောကုတ္တရာ့ အဘိဓမ္မာ။


လောကီက အပူရှာ

လောကုတ္တရာ အပူငြှိမ်း။


ကံဇာတ်သိမ်း သင့်ဒုက္ခ

ပုတ်ချနိုင် ဓမ္မတရားကို

ပွားများ လို့ထိန်း။ ။


” သစ်ရိပ်ညို ”

posted from Bloggeroid