" အလုပ် အပြော "
အမှားအမှန်
ကျားကန်လို့ မပြောလို။
လူ့စိတ်နေ စိတ်အကြောင်း
ကောင်း မကောင်း ကို။
ကောင်းမှုသာ လုပ်စေလို
မကောင်း ဆို ရှောင်ရှား။
လူထိုထို ကောင်း မကောင်းမှာဖြင့်
နှောင်းကျ ကွဲပြား။ ။
ကောင်းတဲ့သူ စကားက
တရားပြ မြဲအစဉ်
ထိုက်သင့် သလောက်ပင်။
ပိုလို့လဲ မဆိုပင်
ဆင်ခြင်ရာ ကိုသာပေး။
သက်ရှည်ရာ
မင်္ဂလာ တရားတို့
ထားတတ်ဖို့ လေး။ ။
ကောင်းသူတွေ နောက်တစ်ပါး
စကားပြတ် ကန့်လန့်ဆင်။
အလုပ်နှင့် သက်သေပြ
ကောင်းစွ ပေါ်လွင်။
အခက်အခဲ တွေ့ပါလျှင်
မေတ္တာယှဉ် ချိန်ဆတွေး။
စကားမကောင်းပေမယ့်
အများကောင်းအောင် တကယ်လုပ်တယ်
နှုတ်စ မကြွေး။ ။
မကောင်းသူ ထိုတစ်ပါး
စကားက ရွှန်းရွှန်းဝေ
ပြောတတ်ကြပေ။
အတ္တက အတွင်းနေ
ငါလိုပေ ကြိုးစားဆောင်ကြ
တိုးပွားအောင်နေ။
အခွင့်အရေး ရလျှင်လေ
ပိုက်သိမ်းချွေ မနှေး။
ယခင်က ကောင်းစကားလှတွေ
နားဝမှာ လေး။ ။
မကောင်းလူ နောက်တမျိုး
မြေလျှိုးသည့် စကားရယ်။
ကောင်းတာဆို ဓားသွားထက်
ပျားရေစက် နှယ်။
မကောင်းဆို မြဲညည်းတယ်
သည်းညည်းကွယ် ခံဘူး။
ကိုယ်ကောင်းလေသမျှ
မကောင်းစေ တစ်ခါစွက်လျှင်
ပြောထွက်ဖွယ် ဘယ်မရပ်ပါပေါ့
ထပ်ထပ်လွန်ကြူး။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
" အလုပ် အပြော "
အမှားအမှန်
ကျားကန်လို့ မပြောလို။
လူ့စိတ်နေ စိတ်အကြောင်း
ကောင်း မကောင်း ကို။
ကောင်းမှုသာ လုပ်စေလို
မကောင်း ဆို ရှောင်ရှား။
လူထိုထို ကောင်း မကောင်းမှာဖြင့်
နှောင်းကျ ကွဲပြား။ ။
ကောင်းတဲ့သူ စကားက
တရားပြ မြဲအစဉ်
ထိုက်သင့် သလောက်ပင်။
ပိုလို့လဲ မဆိုပင်
ဆင်ခြင်ရာ ကိုသာပေး။
သက်ရှည်ရာ
မင်္ဂလာ တရားတို့
ထားတတ်ဖို့ လေး။ ။
ကောင်းသူတွေ နောက်တစ်ပါး
စကားပြတ် ကန့်လန့်ဆင်။
အလုပ်နှင့် သက်သေပြ
ကောင်းစွ ပေါ်လွင်။
အခက်အခဲ တွေ့ပါလျှင်
မေတ္တာယှဉ် ချိန်ဆတွေး။
စကားမကောင်းပေမယ့်
အများကောင်းအောင် တကယ်လုပ်တယ်
နှုတ်စ မကြွေး။ ။
မကောင်းသူ ထိုတစ်ပါး
စကားက ရွှန်းရွှန်းဝေ
ပြောတတ်ကြပေ။
အတ္တက အတွင်းနေ
ငါလိုပေ ကြိုးစားဆောင်ကြ
တိုးပွားအောင်နေ။
အခွင့်အရေး ရလျှင်လေ
ပိုက်သိမ်းချွေ မနှေး။
ယခင်က ကောင်းစကားလှတွေ
နားဝမှာ လေး။ ။
မကောင်းလူ နောက်တမျိုး
မြေလျှိုးသည့် စကားရယ်။
ကောင်းတာဆို ဓားသွားထက်
ပျားရေစက် နှယ်။
မကောင်းဆို မြဲညည်းတယ်
သည်းညည်းကွယ် ခံဘူး။
ကိုယ်ကောင်းလေသမျှ
မကောင်းစေ တစ်ခါစွက်လျှင်
ပြောထွက်ဖွယ် ဘယ်မရပ်ပါပေါ့
ထပ်ထပ်လွန်ကြူး။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
No comments:
Post a Comment