Thursday, July 19, 2018

အောင်စစ်သည်နှင့်နောင်တစ်ခေတ်ဆီ



"အောင်စစ်သည် နှင့် နောင်တခေတ်ဆီ"


စစ်သည်တဲ့လား ကျားကျားယားယား

လွန်ခန့်ငြားဟု ထင်အံ့မထင်

အသင်ယောင်္ကျား အစွမ်းပြယုဂ်

ဟုတ်ခန့်သွင်ပြင် မြင်ကြည့်ချင်မိ။


မိဝေးဘဝေး ဆရာဝေးနှင့်

ပညာရှာရာ ကျွန်းညိုသာလည်း

မဟုတ်ခဲ့။

စီးပွားရှာရာ ငွေပုံမှာလည်း

မထိုင်ခဲ့။

တတ်ပညာရှင် လူမှုတွင်လည်း

မကျွမ်းခဲ့။

ဘာသာတရား လက်ကိုင်ထားလည်း

မနေခဲ့။


အခြေနေမွဲလျှက် ကိုယ့်စိတ်မပိုင်

စိတ်ချမ်းသာရာ မလုပ်နိုင်ဘဲ

ကိုယ်ထင်မြင်ရာ မလုပ်သာဘဲ

ထွေရာလေးပါး မလိုက်စားဘဲ

သူများမြှောက်လဲ မမြောက်သာဘဲ

အမိန့်စေရာ လုပ်ဆောင်ရသူ

အမောင်စစ်သား အိုလူသား။


တိုင်းပြည်ရန်စွယ် တွန်းလှန်ရဲသူ

တိုင်းပြည်အရေး အသက်စတေးရဲသူ

တိုင်းပြည်ခြေထောက်

တိုင်းပြည်မာန်စွယ်

တိုင်းပြည်အသက်

တိုင်းပြည်အတွက် ခွန်အားထည့်၍

လွန်ဆင်းရဲစွာ ပေးဆပ်ခါဖြင့်

ကြွေကျ၍လည်း အသနားမခံခဲ့

မြေခ၍လည်း တပြားမကျန်ခဲ့။


စစ်သည်တစ်သန်း

တစ်ယောက်သွမ်းက

ဆယ်သန်းစစ်သည် အမဲစက်မည်ခဲ့။

စစ်သည်တစ်သိန်း

တစ်ယောက်ယိမ်းက

ဆယ်သိန်းစစ်သည် လောဘမည်ခဲ့။

စစ်သည်တစ်သောင်း

တစ်ယောက်ပြောင်းက

တစ်သိန်းစစ်သည် ဒုက္ခတည်ခဲ့။

စစ်သည်တစ်ထောင်

အချောင်တစ်ယောက်ကြောင့်

စစ်သည်အပေါင်း အမြင်စောင်းခဲ့။


အတွင်းအပြင် ဖောက်သည့်စိတ်ထား

လူအများက ကိုယ့်အထုတ်ကိုယ်ပိုက်

ထိုသူယုတ်ကို မိတ်ဆွေထင်ခဲ့။

ထိုသူလှောင်းကို အကောင်းမြင်ခဲ့။

ထိုသူနှိုက်ကို အားကိုးချင်ခဲ့။

ထိုသူမခြား စစ်သား / ပြည်သူ

လူသူယုတ်ကို အကောင်းထင်ခဲ့။


ထူပါးကြွယ်သည့် ဘာသာရပ်ခြား

တိုင်းတစ်ပါးနှင့် သွေးထိုးမြှောက်ပင့်

ထောက်ခြင့်မညှာ ပြုရက်ပါသည့်

မခြားပြည်သူ အတူတူပင်။


ဘာသာမတူငြား တိုင်းရင်းသားနွယ်

လူမျိုးအလယ်၌ ကောင်းမြတ်စိတ်ကူ

စရိုက်တူဖြင့် နိမ်မြင့်လတ်မရွေး

ဂုဏ်သေးဂုဏ်ငယ် ပညာရှိအား

မရှိအားဖြင့် ယုတ်မြတ်လတ်မရွေး

စိတ်ဓာတ်မြင့်မား တူညီအားဖြင့်

ကြိုးစားရုန်းကန် စုစည်းမှန်က

ရွှေပြည်တော်လည်း မဝေးပြီ။

အောင်စစ်သည်လည်း စိတ်အေးကြည်။

နောင်ခေတ်တွင်လည်း အောင်လိမ့်မည်။


" သစ်ရိပ်ညို "

posted from Bloggeroid

No comments:

Post a Comment