Thursday, July 19, 2018

အိုဘယ့်နှင်းဆီအိုနှင်းဆီ



" အိုဘယ့် နှင်းဆီ ..... အိုနှင်းဆီ "


ပွင့်သည့်ပန်း

လန်းတာခြင်း တူလျှက်

ဆူးခက် ဝန်းရံ

အလှမာန် တက်သည့်သဘော

အများပြော ခံနိုင်ပြီ

အိုဘယ့်နှင်းဆီ ...........အိုနှင်းဆီ ။


ပန်း တပွင့်ပန်

မိန်းမဟန် ညွှန်းလျှက်ဆို

ရွှန်းလဲ့စို မာယာမြှူ

ချစ်ရည်တူ မျှသည့်သဘော

နှိုင်းဆနှော မျောခဲ့ပြန်သည်

အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။


ပန်းဝေပုံကြွ

ဆင်မြန်းကြ ပန်းအလှ

ပန်းချီသ ဆေးစုံ လက်သွေး

တစ်ပွင့်လေး လှတဲ့ပန်းရယ်

အဓိပ္ပါယ် ဆန်းလှသည်

အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။


စာစီချယ်သ

လှရက်စွ ပန်းတကာထက်

နမ်းရှိုက်မက် မက်မူးစွာ

အလင်္ကာ ပြညွှန်းသီ

ဆူးပန်းနီ နန်းဆန်လှသည်

အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။


ပွင့်ချပ် မြေခ

ချွေရက်လို့ နင်းပျက်

အချစ်တွက် ပွင့်ဖတ်ကြွေမှ

ကျေနပ်လှ လူစိတ်မနော

မစောကြော ရောဖျက်ပြန်သည်

အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။


ငွားငွားစွင့်ပန်း

လှရက်စွ ပန်းကိုမှ

အစစ ထုံးနှောင်ချည်

မရမက သုံးဆောင်သည်

ဖြေနိုင်ပေါင် ဝတ်ရည်အသည်း

ရွှေရင်ခွဲ ကျမျက်ရည်ဆည်

အလှမက်ဖွယ် မူကွဲသမျှ

လူထဲပြ လွမ်းပြီကွယ်

နှင်းဆီငယ် သခင့်တွက်ရည်

အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment