Thursday, July 19, 2018

ဣနြေ္ဒ



" ဣနြေ္ဒ "


သဘာဝ လောက၏

သက်ရှိသည့် သဘောကား

လှုပ်ရှားသက်ဝင်။

လှုပ်ရှားမှု မရှိလျှင်

အသက်ငင် သက်မဲ့အလား။

ရုက္ခနှင့် သတ္တဝါ တို့

ရှင်သန်ရာ မှန်သရုပ်မှာ

လှုပ်လှုပ်ရှားရှား။ ။


လှုပ်ရှားမှု ရုပ်ခန္ဓာ

တွင်းပြင်မှာ ထိုသဘောဖြင့်

မရောနှောရာ။

အတွင်းက ကလီစာ

အပြင်မှာ သဏ္ဌာန်ခြား။

ထပ်တိုးစေ သက်ရှိလမ်းမှာ

စိတ်၏စွမ်းအား။ ။


စိတ်နှင့်ရုပ် ဝန်ထမ်းရာ

နိုင်ရာနှင့် မနိုင်ရာ

ထိုသဘောမှာ။

နိုင်ရာဝန် ထမ်းရွက်ရာမှာ

တည်ငြိမ်စွာ ဣနြေ္ဒရ။

မနိုင်ရာ ထိုဝန်ထမ်းတော့

ပင်ပန်းပေါ့ မတည်ငြိမ်

ဣနြေ္ဒမရ။ ။


စိတ်သဏ္ဌာန် အလို့ငှါ

တည်ငြိမ်စွာ ရှိရန်ကား

ပညာအား ပြည့်ရန်လို။

စာဖတ်ရေး မြော်မြင်စေလို

ဥာဏ်စိတ်ကို ကြံတွေး။

စိတ်အခြေ တည်ငြိမ်လေသမျှ

ဣနြေ္ဒကြီးမြင့်လေမို့

ပြဿနာ တည်ငြိမ်ခြင်းဖြင့်

ဖြေရှင်းလို့ပေး။ ။


တည်ငြိမ်စွာ ဖြေရှင်းဖို့

စိတ်ရင်းထက် နည်းဗျူဟာ

ဥပဒေသပါ။

ခြေကျန လက်ကိုင်ကာ

စိတ်မယိုင် မလှုပ်ရှား။

ဣနြေ္ဒ တည်ငြိမ်စွာဖြင့်

ခန္ဓာစိတ် ဟိတ်ဟန်ဖြိုးတယ်

တိုးတက်မြင့်မား။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment