Thursday, July 19, 2018

အချစ်နှင့်လမ်းခွဲစာမျက်နှာ



”အချစ် နှင့် လမ်းခွဲ

စာမျက်နှာ နှစ်ဖက် ”


ဝေဒနာ ကြိုးအရိပ်

စိုးတထိတ်ထိတ် နဲ့သာ

နှလုံးသားမဲ့တဲ့ ကမ္ဘာ။

ချစ်တတ်တာ

နာကျင်ဖို့ ဟုတ်ပါဘူး။

စာမျက်နှာ နှစ်ဖက်သား

ကွဲပြား လို့ရူး။ ။


စာမျက်နှာ ကိုယ့်ဖက်က

အဆုံးချ ပုဒ်မဟာ

တုံးတိ မပါ။

မင်းဖက်က စာမျက်နှာ

ပိုင်းခြားလာ အခန်းသစ်။

မိုးဦးလေ တိမ်ငုတ်လျှိုးလို့

စိုးကြောင့်ဗျာရစ်။ ။


ခန်းဆက်ငယ် စိတ်အပိုင်း

စာတံတိုင်း ပြောင်းလဲစွာ

ဆုံးရှုံး သွားမှာ။

မာနထွက် နင်ပစ်ခွာ

ချစ်တာတွေ ကွယ်ပျောက်။

အကြင်နာ ရင်မှာပျိုးပါ့မှ

မိုးဦးလေ နှောက်။ ။


ကံဆိုးချင် ခွန်အားတို့

တစ်ဆို့ဆို့ လမ်းရပ်ပြီ

ချစ်စိတ် မညီ။

နှစ်လွှာဖက် တစ်မျက်နှာစီ

တိမ်ပန်းချီ ချုန့်ချိန်း။

ရွှေမေတ္တာ တစ်ခန်းရပ်တယ်

ကမ်းကပ် ပြိုတိမ်း။ ။


” သစ်ရိပ်ညို ”

No comments:

Post a Comment