Wednesday, July 18, 2018

အသိအရှိ



” အသိ အရှိ ”


မွှေးလျှင်ပန် နံလျှင်ပစ်

ချစ်မချစ် ကိုဖယ်။

လှစ်ဟသည့် စာအကြောင်းက

ကောင်းမကောင်း ရွေးချယ်။

သိရှိကြ များလူငယ်

ဆိုလိုရွယ် ချင့်တွေး။

ကောင်းတာနှင့် မကောင်းတာ နှစ်ပါးကို

ခွဲခြားဖို့လေး။ ။


အာရုံငါးပါး

မထားနှင့်ဟု မဆိုလို။

သဘာဝ ကပေးတဲ့အချင်း

မွေးရင်း အရှိကို။

လွန်းကျူးမိ လာပြီဆို

ကိုသာပို ဒုက္ခငရဲ။

သတိထားနိုင်ပါမှ

အသိတရား ဆင်ခြင်ရဖွယ်

အဂတိမတွဲ။ ။


အရှိကို သိထားလို့

အသိများ ပွားစေ။

အသိကို လက်ကိုင်ထားလို့

အရှိအား ပွားလေ။

မကောင်းမှု ရှောင်စေ

ကောင်းမှုတွေ ဆပွား။

အဂတိ ရိုက်ချိုးဖြတ်ကွယ်

မျိုးမြတ်နွယ်ဖွား။ ။


” သစ်ရိပ်ညို ”

No comments:

Post a Comment