Wednesday, July 18, 2018

အိုဘယ့်ဥပေက္ခာ



" အိုဘယ့် ဥပေက္ခာ "


လရောင်ဖွေးဖွေး ၊ ညရိပ်သွေးစဉ်

ကြည့်ငေးမြင်သာ ၊ ကွပ်ပစ်မှာရှင့်။


လသာသာလေး ၊ ငါ့အတွေးမှာ

လေးဖြာအာရုံ ၊ လွှမ်းခြုံတွေးမိ။


မေတ္တာ ကရုဏာ ၊ မုဒိတာနှင့်

ဥပေက္ခာဆို ၊ ဗြဟ္မစိုရ်တရား

ဤလေးပါးတွင် ၊ ငါကား လ နှင့် တွေးမိသည်။


ကြည်အေးမေတ္တာ ၊ လရောင်ဖြာ၏။


ကရုဏာသက်ဝင် ၊ မေတ္တာ ယှဉ်၏။


မုဒိတာပွား ၊ နှလုံးသားမှာ

ရှုငြားပီတိ ၊ ဂွမ်းဆီထိသို့

သည်းအိချိုမွှေး ၊ သန့်စင်အေး၏။


ငါ့တွေးဖယ်ခွာ ၊ ဥပေက္ခာတရား

ဘယ်မှာထားလို့ ၊ ဘယ်သို့ကိုစေ

ငါ့ဖို့ လဖို့ ၊ အဘယ်သို့မှာ

စိတ်တို့ကြည်လင် ၊ ငါ၏ရင်ထဲ

ချစ်ကြင်မြဲနှင့် ၊ ချစ်လျှက်ဖြင့်သာ

ဖယ်သင့်ဖယ်ခွာ ၊ ငါအိပ်ပါမည်

စိတ်မှာချစ်လျှက် ၊ ငါခွဲခက်ပြီ

အိပ်မက်တမှေး ၊ ခဏဝေးတည့်။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment