Wednesday, July 18, 2018

အတ္တထက်မြတ်သောလူ

" အတ္တလူ ထက်​ မြတ်​​သောလူ "


က​လေးငယ်​ လည်း ၊ ငယ်​ရွယ်​ဆဲ တွင်

လက်​ထဲ ရှိတာ ၊ ကိုယ့်​ဥစ္စာ ဟု

ကြီးစွာ မှတ်​ယူ ရှိကြသည်​။


ပိုင်​ပိုင်​ နိုင်​နိုင်​ ၊ လက်​ဆုပ်​ ကိုင်​၍

မြဲခိုင်​ ကျစ်​လျစ်​ ၊ သူပိုင်​ ဖြစ်​ဟု

လွန်​နှစ်​သက်​ စွာ ရှိကြသည်​။


ပေးလျှင်​ ထပ်​​ဆောင်း ၊ ရလျှင်​ ကောင်း၏

ပြန်​​တောင်း ကြည့်​လျှင်​ ၊ မ​ပေး ချင်​ဟု

တွင်​တွင် ငြင်းပယ်​ ရှိကြသည်​။


ဘဝ သက်​တာ ၊ စာမျက်​နှာ ၏

အစမှာ ပိုက်​​ထွေး ၊ ပိုင်​ဆိုင်​ ​ရေးတွက်

ရှာ​ရေး ပထမ ရှိကြသည်​။


အလွန်​ ပြည့်​ဝ ၊ လွန်​အားရ မှ

ပေးမျှ ​ဝေကာ ၊ လှူဒါန်းရာ နှင့်

ပြည့်​စွာ အသိ ရှိကြသည်​။


လူ၏ အသိ ၊ အတ္တ ရှိ၍

စသည့်​ ချိန်​ခါ ၊ စု​ဆောင်းရာ၏။


ချို့ခြံ စု​ဆောင်း ၊ ပြည့်​စုံ ​ကြောင်းဖြင့်

ရေ​လောင်း ​ပေါင်းသင်​ ၊ ဘဝ ပြင်​၍

ပြည့်​လျှင်​ ဒါန ၊ ​ပေးလှူကြ မှ

ဘဝ တွင်​လူ ၊ မြတ်​​သော လူဟု

ခေါ်ယူ သမုတ်​ ကြသတည်း။ ။


" သစ်​ရိပ်​ညို "

No comments:

Post a Comment