Wednesday, July 18, 2018

ဤအကွေ့ဤလမ်း

" ဤအကွေ့ ဤလမ်း "


သည်တကွေ့

ကြည်မွေ့လို့ ပျော်မိတယ်

သည်​လမ်း​လေးဝယ်

အတွေ့ကြောင့် စွဲမက်ဖွယ်

စိတ်လက်ရယ် ကြည်နူး

မေ့ဖူးမောင့် ချစ်သဒ္ဓါပုံတယ်

မေတ္တာစုံ ပွင့်ငုံ၏

တွေ့ထိကြောင့်ရူး။


မူယာပို အသည်းလှိုက်

စွဲမူးမိုက် ပင့်သက်ဖြာ

လွမ်းစိမ့်ရင်မှာ

ချစ်ခွန်းတွဲ့ ခင်ကညာ

မိန့်မှာကာ ပြဋ္ဌာန်း

သတ်မှတ်ချက် ​ဝေဒနာ

မေ့ရင်မှာ ​ဖြေနိုင်​​ရေးတွက်

ဖေးမလက်ကမ်း။


တူနှစ်ဖြာ ဂဟေဆက်

ရေစက်ရဲ့ဖူးစာ

ကြောင်းကံပါလာ။

နှောင်းကံပျက် တူမကွာ

သစ္စာဆို တိုင်တည်ထား။

ရှေ့ရေး သာယာ ကြုံဖို့

မျှော်တွေးကာ သက်ပုံလျက်ကွယ်

စွဲမက်စေသား။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment