Wednesday, July 18, 2018

အတွဲလိုက်ပါ

" အတွဲလိုက်​ပါ "


စမ်းတ၀ါးဝါးရယ်​နှင့်

တုတ်​ရမ်း၍ သွားသူ။


နောက်​က​​နေ လူအများ

ခါးဆွဲ လိုက်​သူ။


ပိတ်​ပိတ်​ပိန်း​ မှောင်​သည့်​ဂူ

ရှေ့လူရယ်​ ​နောက်​​တော်​ပါး။


ဟို​ရှေ့မှာ ​ချောက်​ရှိတယ်​ဗျို့

သတိနှင့်​ သွား။ ။


ပုံအဆင်​ အိုလူသား

များလှ တဲ့ သူငါ။


သူ့အတိုင်းနှင့်​ သူ့အထွာ

ဟုတ်​​လိမ့်​​ လေမှာ။


မှားလျှင်​ဖြင့်​ ရှက်​စရာ

မျက်​နှာ​တွေ မမြင်​မိ။


မျက်​ကန်းသွင်​ အ​မှောင်​ထဲဝယ်

တွဲ​လျှောက်​ ​နေ၏။ ။


သူသူငါ ဘယ်​မသိ​ပေမယ့်

သူတို့၏ သားသမီး​တွေ။


အားကိုးရာ မဲ့​လေနိုးဟု

စိုးရိမ်​ မိပေ။


သတိထား ကြပါ​လေ

မာ​စေ သာ​စေ​ကြောင်း။


သင့်​အိမ်​မှာ ​သင်​ဦးစီးမို့

နည်းကျ မှ​ကောင်း။ ။


" သစ်​ရိပ်​ညို "

No comments:

Post a Comment