Wednesday, July 18, 2018

အိပ်ပါတော့ကွယ်

" အိပ်ပါတော့ ကွယ် "


မမ ပုခက် လွှဲပေးမယ်

မောင်လေး အိပ်ပါကွယ်။

မေမေရယ် လာပါတော့

မောင်လေး မျှော်နေပေါ့။

တစ်ကျော့ နှစ်ကျော့ တေးကိုသီ

မောင်လေး အိပ်ချင်ပြီ။

ရီဝေ ဝေရီ မျက်လွှာမှေး

အိပ်ပါတော့ မောင်လေး။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment