Wednesday, July 18, 2018

အာဇာနည်ဆိုသည်မှာ

" အာဇာနည်ဆိုသည်မှာ "


စွန့်လွှတ် စွန့်စား ၊ လူ အများ ကို

စွန့်စား ဖြစ်တည် ၊ အာဇာနည် ဟု

အမည် နာမ မခေါ်ကြတည့်။


ချစ်သူ အတွက် ၊ ပေးဆပ် ခက်သည့်

အသက် သေကျေ ၊ ပေးဆပ် ချေလည်း

မည်စေ သမိုင်း ၊ အဆင်ရိုင်း လိမ့်။


ရှက်စိတ် မွှန်မွှန် ၊ အသက် သွန်၍

ကွယ်လွန် မကြောက် ၊ စိတ်ရူး ပေါက်ကို

ဖြစ်မြောက် ဇာနည် ၊ မခေါ်ပြီ တည့်။


တစ်ပါး သူ ငါ ၊ ခဲ ဥစ္စာ ကို

ရပါလိုကြောင်း ၊ လောဘ အောင်းသည့်

သူကောင်းကိုလည်း ၊ မခေါ်မြဲတည့်။


ကြွားဝါ လိုလှ ၊ ဥဒ္ဓတ ဖြင့်

ထကြွ သိမ်ဖျင်း ၊ စွန့်စားခြင်း လည်း

ဆိုရင်း မတည် ၊ အာဇာနည် တည့်။


စွန့်ရဲ သတ္တိ ၊ ရှိဘိ နှလုံး

လက်ရုံး အရည် ၊ ပေါင်းစု တည်၍

ဇာနည် ကျေပွန် ၊ ကိုယ့်တာဝန် ၌

သာလွန် စိတ်မွေး ၊ အသက် ပေးလျက်

အရေး အရာ ၊ ဆောင်ရွက်ရာ တွင်

တာဝန် ပြီးငြိမ်း ၊ သေမည့် ကိန်းလည်း

မတိမ်း မချွတ် ၊ စိတ် မလွတ်ဘဲ

ထိန်းကွပ် မှန်စွာ ၊ ထမ်းရွက်ပါ မှ

အာဇာနည် သွေး ၊ ဦးညွှတ် ပေး၍

အလေး ပြုကြ ပေလိမ့်မည်။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment