Wednesday, July 18, 2018

အစစ်ဂုဏ်ရည်



" အစစ် ဂုဏ်ရည် "


အစစ်အစစ်ဟာက

အနှစ်အနှစ်ပါလို့

အပြစ်အပြစ်တို့ မပြုတယ်။


အတုအတုမှာဖြင့်

အစုအစုရှာလို့

အမှုအမှုတို့ ပြုတတ်တယ်။


သကြားချိုပါလျှက်ကယ်နှင့်

ဆားကိုသာ ရောယှက်ရင်ဖြင့်

ဪ အဖျက်ကြောင့် ပျက်တတ်တယ်

လက်ရှောင်ကြကွယ် ဤအမှား။


မြတ်တရား ဒေသနာ အလာကို

အမှတ်မမှား သေချာစွာဖြင့်

ထပ်မမှားလေအောင် စောင့်ထိန်း ကြပါစို့ရဲ့

တစ်တပ်တစ်အား ပါဝင်ကာကွယ်

အနှောင့်အတိမ်း မတွယ်ကပ်ရအောင်

သတ်မှတ် ပိုင်းခြား။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment