Wednesday, July 18, 2018

အွန်လိုင်းချစ်သူ



" အွန်လိုင်း ချစ်သူ "


ငိုပြီးတော့ ချစ်

ရယ်ပြီးတော့ ပစ်

ချစ်ချစ် မချစ်ချစ်

လွမ်းလို့ ကျန်ရစ်။


လိမ်ပြီးတော့ နှော

ကျိန်ပြီးတော့ ပြော

ရောရော မရောရော

ပြောပေါ့ ဖောရှော။


ပြုံးပြလို့ ထား

မုန်းတဲ့ စကား

ကြားကြား မကြားကြား

နားဝမှာ ခါး။


ပုန်းပြီးတော့ ကွယ်

ဖုံးပြီးတော့ နှယ်

လည်လည် မလည်လည်

လူးလှိမ့်အောင် တွယ်။


လှမ်းပြီးတော့ ဆိတ်

ရမ်းပြီးတော့ နှိပ်

ပိတ်ပိတ် မပိတ်ပိတ်

ဖုန်းလိုင်းနဲ့ ချိတ်။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment