Wednesday, July 18, 2018

အဝန်းအဝိုင်း



” အဝန်းအဝိုင်း ”


ဘိုးဘွားပိုင် ဆွေမျိုးစု

ပေါင်းစုလို့ နေကြတာ

အိမ်များ ဆောက်ကာ။

မိသားစု စုံညီစွာ

တစ်ဝင်းထဲမှာ အတူတွဲ။

သူတလူ ငါတမင်းနှင့်

မျိုးရင်း စိတ်ကွဲ။ ။


ဘကြီးတော် တမူဆိုးလို့

အဘိုးလေး တစ်နည်းသာ။

ကြီးတော်နှင့် အဖွားလေးက

အတော်လေး မတည့်ပါ။

ဦ်းလေးက တမူသာ

ဦးကြီးမှာ တမျိုး။

တောင်အိမ်နဲ့ မြောက်အိမ်ဖောက်ကာ

ရှေနောက် ပိုဆိုး။ ။


သူ့သစ်ပင် ငါ့အိမ်မိုးလို့

စိတ်ဆိုး တယ်နော်။

သစ်ရွက်ခြောက် လေဝှေ့တော့

အိမ်ရှေ့ ရပ်အော်။

ခြံစည်းရိုး ခပ်ကြသော်

တကျော်ကျော် အော်ဆဲ။

ဘိုးဘေးတွေ သေတာလေးတောင်

ရှေ့ရေး ခက်ခဲ။ ။


ကိုယ့်ဟာကို မနေတတ်

မသိတတ် နားမလည်။

စပ်ဆော့ကာ သစ်ရွက်ဆွေး

မီးမွှေး ရှို့တယ်။

မီးခိုးက လေပွေနှယ်

ဝိုက်လည်ကာ ဝေ့ဝဲ။

ဘိုးဘွားပိုင် မြေဝိုင်းထဲမှာ

ဓားဆွဲ တုတ်ဆွဲ။ ။


” သစ်ရိပ်ညို ”

No comments:

Post a Comment