Wednesday, July 18, 2018

အလကားရတာဘာမှမရှိ



" အလကားရတာ ဘာမှမရှိ "


ပြောရဦးမယ်ခင်ဗျာ

ကျားကိုက်တာ ပေါက်ရော့လား

တုံးတိုက်တာတော့ နာသတဲ့။


ကုမ္ပဏီ တခုထဲသော်

အရှုံးပေါ် နလံမထပါက

မွဲပြာကျ ရှာသတဲ့။


ကုန်စည်ဈေးသည်

အမယ်မယ် ရောင်းနိုင်မှ

ဈေးဝယ်ကျ မြတ်သတဲ့။


ညခါ လုံခြုံရေး

နေ့မှာ ဆိုက်ကားပြေးမှ

ဝမ်းရေးလှ အထာကျသတဲ့။


ဆရာဝန် အင်ဂျင်နီယာတောင်

ဘေးပေါက်သာ သဘာဝပေမို့

စာသဘို့ ခက်သကွဲ့။


ကျောင်းဆရာ ဆရာမ

တက္ကသိုလ် စာပြမကျန်

သဘာဝမှန် ပညာခံရင်း

စာသင်ခြင်း အပိုငွေ

လူငယ်တွေ မြှင့်တင်ရင်းဖြင့်

အိမ်တွင်းရေး ပြသနာ

ဝမ်းစာရှာ ငတ်မသွားအောင်

ဒီလူ့ဘောင် ဆူညံလှုပ်သော်လည်း

ပညာဆောင် ကံသရုပ်ကို

မန်းမှုတ်နေမြဲ။


" သစ်ရိပ်ညို "

No comments:

Post a Comment