Wednesday, July 18, 2018

အိမ်ပြန်ချိန်

" အိမ်ပြန်ချိန် "


ရှစ်ခွင်တိုင်း အုံ့ဆိုင်းနေလဲ

အိမ်ပြန်ချိန်ပဲ ပြန်မည်ပဲလေ။


လေပြေအေး မိုးလေးဆွေလဲ

အိမ်ပြန်ချိန်ပဲ ပြန်မည်ပဲလေ။


ညဥ့်နက်နက် မလင်းလက်လဲ

အိမ်ပြန်ချိန်ပဲ ပြန်မည်ပဲလေ။


ခရီးကြမ်း ပင်ပန်နွမ်းလဲ

အိမ်ပြန်ချိန်ပဲ ပြန်မည်ပဲလေ။


တွေးစိတ်ချိုချို ၊ မိုးတိမ်ညိုအောက်

ဝါဆိုမိုးဖွေး ၊ ရွှဲစိုအေးလည်း

ထိုင်ငေးမချော် ၊ ရှေ့သို့မျှော်ကာ

ရွှင်ပျော်ကြည်လန်း ၊ ငါမပမ်းပြီ။


                   " သစ်ရိပ်ညို "

No comments:

Post a Comment