Wednesday, July 18, 2018

အာဇာနည်နေ့

"အာဇာနည် နေ့"


ကြိမ် မီး အုံး   ညှိုး ချုံး လျ

မိုး လုံး မျှ   ကျ မျက် ရည်

တို့ မြန် မာ ပြည် ။


မခိုင်ကြည် သည်စိတ်တစ်ခြမ်းကြောင့်

အာဇာနည် ကျိန်စာထမ်းရပြီပေါ့

နွမ်းလျမှိုင်ပြီ။


လဂျူလိုင် တစ်ဆယ့်ကိုး မှာဖြင့်

အလံတိုင် တစ်ဝက်ချိုးပါလို့

မျိုးဇာနည် ခေါင်အထွဋ်တို့ကို

ဦးညွှတ်လို့ အလေးပြုသည်

မြန်မာပြည် တို့အရေး။


ရူးသွပ်ခဲ့ တို့တိုင်းပြည်မှာ

နှစ်ရှည်ကြာ မေတ္တာနှောက်လို့

သစ္စာဖောက် လောက်ကောင်တွေကိုဖြင့်

ပျောက်စေဖို့လေး။        ။


                 " သစ်ရိပ်ညို "

No comments:

Post a Comment