Wednesday, July 18, 2018

အရုဏ်ဆွမ်း



" အရုဏ်ဆွမ်း "


ညဥ့်လယ်ယံကျော်။

ရောင်နီပျို့ ဆင်းမှာမို့

လင်းအရုဏ်မျှော်။

လင်းကြက်ကယ်ဆော်

ရွာဆော်က အော်မြဲ။

မိုးသောက်ရည် အကြိုထောက်တယ်

အုန်းမောင်းခေါက်ဆဲ။ ။


တုတ်တုတ်တောက် တုန်းရယ်နဲ့

အုန်းမောင်းခေါက်ပြီ။

ထပါတော့ မအေးကြည်ရယ်

ဆွမ်းချက်အမီ။

အရုဏ်ဆွမ်း လောင်းလှူမည်

ကောင်းမှုရည် မျှော်မှန်း။

သာသနာ ရောင်ဝါဖြိုးတယ်

မျိုးဒါနဆွမ်း။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment