Wednesday, July 18, 2018

အာဇာနည်



" အာဇာနည် "


အထုံပါ ဇာနည်ထုံးဖြင့်

သက်ဆုံးဖို့ဖြစ်တည်

ပျက်သုန်းလို့ သက်မရှည်သည်

အာဇာနည် မို့ပဲ။

သမိုင်းကြောင်း ကောင်းခဲ့ပါပြီ

နှောင်းစစ်သည် ခံယူချက်မြဲ။


သည်မြေရေ ငါတို့သွေးစက်

စီးဆင်းထွက် နေဆဲ။

သွေးနီရောင် အဖြူကျဲရှာတဲ့

အသားထဲက လောက်ကောင်။

ပျော့ညံ့စွာ ကံအလုပ်မှာဖြင့်

ကလိန်ဥာဏ်စုတ် အယုတ်ဆောင်။


အမျိုးယုတ် အပုတ်လှောင်ကာ

ဂုတ်စာယောင် သန္ဓေပျိုးလို့

အသေဆိုးတဲ့ အာဇာနည်

ဦးတိုက်ဂုဏ်ရည်။

နေမျိုးကွဲ့ မြန်မာပြည်မှာ

မျိုးသာကီ ပေါ်ထွန်းကွဲ့လေး။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment