Wednesday, July 18, 2018

အမှားတရား



" အမှားတရား "


ထစ်ကနဲ ဆို

သားသတ် လို

အိုဘယ်သို့သား ထင်အရှား။


ဖြတ်ကနဲ ဆို

လိမ်ဥာဏ် ပို

အိုဘယ်သို့သား ထင်အရှား။


တဏှာကဲ ဆို

ကာမ ကို

အိုဘယ်သို့သား ထင်အရှား။


လှပ်ကနဲ ဆို

ဥစ္စာ လျှို

အိုဘယ်သို့သား ထင်အရှား။


ဂွတ်ခနဲ ဆို

သောက်စားလို

အိုဘယ်သို့သား ထင်အရှား။ ။


ဤသို့ငါးပါး ၊ ထင်အရှားကို

မှောက်မှားစိမ့်စိမ့် ၊ တသိမ့်သိမ့်ဖြင့်

လိမ့်လိမ့်သာမူး ၊ ညံ့ဂုဏ်ထူးမှာ....


လက်ဦးဆရာ ၊ မည်ထိုက်စွာသော

နှစ်ဖြာမိဘ ၊ ဆရာစသည်

ဆုံးမစကား ၊ ချို့ငဲ့ငြား ဟု

နွဲ့ပါးဦးဆောင် ၊ နောက်လိုက်ထောင်က

မရှောင်သာများ ၊ သတိထားလော့။


သားသမီးမကောင်း ၊ မိဘခေါင်းတည့်

တပည့်မကောင်း ၊ ဆရာ့ခေါင်းတည့်

မကောင်းနောက်လိုက် ၊ ဦးဆောင်ခိုက်၏။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment