Wednesday, July 18, 2018

အိပ်ငိုက်မနေကြနှင့်တော့



” အိပ်ငိုက်မနေကြနှင့်တော့ ”


တို့တိုင်းပြည်

နေရောင်ခြည် ထွန်းလင်းဖြာ။

ရွှေရည်တောင် ငွေစင်ကျွန်း၌

ကွန်းခိုလျက် သာ။

သွေးအေးလို့ ငြိမ်နေတာ

သံသရာ ရင်လေး။

ကန်ရေပြင် သို့နှယ်

ရန်ဝေတွင် ဆိတ်ငြိမ်အိပ်သလို

တိတ်ဆိတ် နှင့်လေး။ ။


မြန်မာ့မြေ တို့ပိုင်နက်

တို့အသက် ကိုစေ။

တို့တစ်တွေ အသက်သွေးနဲ့

ရေးကြ စို့လေ။

ပြည်ပရန် အထွေထွေ

ဝါးမြိုနေ တုန့်ပြန်ရေး။

တို့မကြောက် တို့မဖြုံ

သိုက်နန်းမြုံ ဇာတိသွေးတွေ

မွေးကြ စို့လေး။ ။


” သစ်ရိပ်ညို ”

No comments:

Post a Comment