Wednesday, July 18, 2018

အာဂသတ္တိ



" အာဂ သတ္တ၀ါ "


လူ လူ လူ

လောကလူ ဇဗ္ဗူမှာရှား

အစုံစား သတ္တဝါ ဟေ့ လူ။

ကျားလိုလဲသူ။

နဂါးလိုလဲသူ။

ဆိတ် သမင် ကြောင် ကြွက် ခွေး

ငှက် ယုန် ငါး မျောက် စိတ်မွေးသူ။

သတ္တဝါစိတ် မွေးတဲ့သူ။

စိတ်နေပြောင်းသူ။

စိတ်နွဲ့နှောင်းသူ။

တရားအသင့် နဲ့လူ။

ဓားဝင့်တဲ့သူ။

မှားတယ် မှန်တယ်

ဘယ်ဟာကို ရွေးချင့်

တွေးသင့်လည်းသူ။

ကမ ၻာကို ပိုင္စိုး

အမ်ိဳးမ်ိဳး

အေထြေထြ

ပညာဥာဏ် ကြီးမား လှတဲ့ လူ။

ယှဉ်ပြိုင်သူ ရှားက

လူသား ချင်းပင်

ကပ်ပြိုင် တဲ့သူ။

ခေါင်း.. ပေါ်.. ကျော်.. ခွ

သာ.. သူ.. တက်.. နင်း

ဗိုလ်ရင်း ငယ်သင်း မချန်

အောင်လံတံခွန် လွှင့်လို့ထူ။

မြေခွေး လိုလဲ

သိပ် တတ်တဲ့ သူ။

အနိုင်ယူ ဗိုလ်မထားကွဲ့

ခြောက်.. ဟောက်.. မြှောက်.. စား

ကြွားကြွားတောက်တဲ့ လူ။

အမောင် လူသားရဲ့

ရေ.. လေ.. မြေ.. အစိုးရတဲ့

အတ္တ.. မာန.. ခဝါချ.. ချွေကာ

ဒါန.. သီလ.. လှူကြ.. ပါဗျာ

အေးငြိမ်းရာ ရောက်စေအောင်သာ

"စိတ်"

ထိန်းပါ ဗျာ။


" သစ်ရိပ်ညို "

No comments:

Post a Comment