Wednesday, July 18, 2018

အကာ



” အကာ ”


တေးသရုပ်ဆောင်

ရွေးနုတ်ကာ လှောင်သယော်သထင့်

ရေးထုတ်ရအောင်။

အရင်းအမြစ်ကိုလ

အဖြစ်သနစ်ကဲ့သို့ သရုပ်ဆောင်

ရုပ်ရှင်ရိုက်သယောင်။

အမှန်အဖြစ်က တိမ်မယောင်

လွယ်မယောင် ခက်သား။

သံပူကို ဘယ်လိုဖုံးစေတော့

ရုန်းကြွပူများ။ ။


ခွေးကိုက်ရာ အပေါက်များ

ပိတ်သားနှင့်ဖာ။

သွားကိုက်ရ ထိုအပေါက်

တောက်လျောက်ပိတ်ဖာ။

ဖာသာဖာ

အတွင်းမှာလှိုက်စား။

မသန့်စင် အပြင်ဖုံးတော့

ရုန်းကြွနာသား။ ။


အတွင်းကို အရင်စစ်ပါကွဲ့

ရင်းမြစ်ရဲ့ပြသနာ။

အပြင်မှာ သကာဖုံး

လုံးလုံး မရပါ။

သရုပ်ဆောင် တာ

ပီပြင်ရှာ ပါလဲ။

လိမ်ညာကာ လူတစ်အုပ်ကို

ဟန်လုပ်လို့ချွဲ။ ။


” သစ်ရိပ်ညို ”

No comments:

Post a Comment