" အပါယ်မလား သည်တစ်ပါး "
မြေဆီကိုလျက် ၊ မြေရွက်ကိုစား
စောင့်စားဆက်သ ၊ အသက်မျှ၍
အာဝခံတွင်း ၊ မာန်မတင်းဘဲ
သက်ဆင်းသားငယ် ၊ အသွယ်သွယ်လျှင်
ကယ်သူမရောက် ၊ အသက်ပျောက်ရ
တောချောက်သေလာ ၊ မြေကမ္ဘာဝယ်
နိုင်ရာကိုစား ၊ သတ္တ၀ါအားလျှင်
ပေါများမကုန် ၊ အဖုံဖုံတည့်။
တောရဂုံဦး ၊ နတ်ဘီလူးတို့
ကျော်ကျူးစိမ့်ဝင် ၊ လွန်ပျော်ရွှင်လျက်
တလျင်မုဆိုး ၊ ခြုံကွယ်တိုးကာ
သားမျိုးထွေထွေ ၊ စောင့်ဖမ်းနေ၏။
ပေးဝေမေတ္တာ ၊ ကြင်နာပါသည့်
စာနာသနား ၊ မြတ်တရားကို
ဆပွားမပြတ် ၊ ရေးသားအပ်သည့်
မြတ်သောသံဃာ ၊ မေတ္တာစာတွင်
သတ္တ၀ါ အများ ၊ အသက်အားလျှင်
သနားညှာတာ ၊ ဂရုဏာဖြင့်
သေရွာသတ်စား ၊ မြဲရှောင်ရှားလျက်
တစ်ပါးသီလ ၊ ပယ်ရုံမျှနှင့်
ဘဝနတ်ပြည် ၊ ကူးနိုင်သည်ဟု
ဂုဏ်ရည်တရား နာဖူးသည်။ ။
" သစ်ရိပ်ညို "
မြေဆီကိုလျက် ၊ မြေရွက်ကိုစား
စောင့်စားဆက်သ ၊ အသက်မျှ၍
အာဝခံတွင်း ၊ မာန်မတင်းဘဲ
သက်ဆင်းသားငယ် ၊ အသွယ်သွယ်လျှင်
ကယ်သူမရောက် ၊ အသက်ပျောက်ရ
တောချောက်သေလာ ၊ မြေကမ္ဘာဝယ်
နိုင်ရာကိုစား ၊ သတ္တ၀ါအားလျှင်
ပေါများမကုန် ၊ အဖုံဖုံတည့်။
တောရဂုံဦး ၊ နတ်ဘီလူးတို့
ကျော်ကျူးစိမ့်ဝင် ၊ လွန်ပျော်ရွှင်လျက်
တလျင်မုဆိုး ၊ ခြုံကွယ်တိုးကာ
သားမျိုးထွေထွေ ၊ စောင့်ဖမ်းနေ၏။
ပေးဝေမေတ္တာ ၊ ကြင်နာပါသည့်
စာနာသနား ၊ မြတ်တရားကို
ဆပွားမပြတ် ၊ ရေးသားအပ်သည့်
မြတ်သောသံဃာ ၊ မေတ္တာစာတွင်
သတ္တ၀ါ အများ ၊ အသက်အားလျှင်
သနားညှာတာ ၊ ဂရုဏာဖြင့်
သေရွာသတ်စား ၊ မြဲရှောင်ရှားလျက်
တစ်ပါးသီလ ၊ ပယ်ရုံမျှနှင့်
ဘဝနတ်ပြည် ၊ ကူးနိုင်သည်ဟု
ဂုဏ်ရည်တရား နာဖူးသည်။ ။
" သစ်ရိပ်ညို "
No comments:
Post a Comment