Wednesday, July 18, 2018

အတွင်းအနှစ်အမြစ်မြေမှာ

" အတွင်းအနှစ် အမြစ်မြေမှာ "


အပင် ဘယ်လောက် ကြီးကြီး

အသီး ဘယ်လို ဝေဝေ

အရွက်တွေ ဘယ်သို့ ကောင်းကောင်း

အပင်လောင်း ဘယ်နည်း ဖြာဖြာ

အမြင်ခက် သည်သာ။


ကံဇာတာ အဆီတက်

မြေထက်တွင် ရမက်ခင်စွာ

သစ်ပင်ရဲ့ ခန္တာ။


ရုက္ခတည် သက်ဇီဝ

အကာက ကပ်မြဲပါ

အခေါက်မှာ ထင်ရှား။


သူ့အမြင် သူ့တွင်ခက်စရာက

ရှုမမြင် အနှစ်ပြင် အကာရစ်ပါလို့

ကျန်အမြစ် မြေနစ်ဝင်

ဟန်သစ်ဆင် သကာလူးပုံက

ဟန်မြူးကြုံ အသွင်နှောက်ရင်ဖြင့်

ခွံအခေါက် ပေါ်လွင်သစ်လျက်ကွယ်

အနှစ် အမြစ် ငုတ်ကာပုန်းရတယ်

ရုန်းလျက်အင်အား။ ။


မြတ်သဒ္ဓါ မေတ္တာပွား

ဘဝအား မြှင့်တင်ရာ

ကြိုးစားသင့် ခါခါ။


နိုးကြားလို့ တိုးတက်လျှင်

ခိုက်ဘဝင် ခုံမင်လျက်ဟာမို့

ပုံပြသည့် ခေါက်အကာ။


ကြုံရတော့ ထောက်မညှာ

မြောက်ကာသာ သူကြွား။


စိတ်ကိုလျှို ထိပ်မလိုပါတဲ့

ပညာပို စာနာသနားတတ်ရင်

ဘဂဝါတရား စိတ်မှာထိုင်

ဘယ်သူနိုင် ဘယ်သူရှုံးပေမယ့်

တို့တောင်သူ တကယ်ရုန်း မှကွယ်

ဘုန်းတက်ပြည့်အား။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment