Wednesday, July 18, 2018

အတိတ်တဲ့လား

" အတိတ်တဲ့လား "


သရက်ပင် အကြီးကြီး

အသီး သီး ရာဝယ်။

အသီး ဟာ မြေမှာခ

ကြွေကျ ရာမယ်။

ဒီအသီး ဒီအပင်နှယ်

ဆက်နွယ်ပုံ ပျက်ယွင်း။

ဒီအပင် ဒီအသီး ဟုသာ

နီးစပ် ပုံခင်း။ ။


ရှေးရှေ့က ဆက်စပ်မှု

အကျိုးပြု ခဲ့ရာ။

ခုချိန်ခါ ဖယ်ခွာပြီး

ထံနီး ဝေးစွာ။

ပြီးခဲ့ပါပြီဗျာ

ဒါတွေဟာ အတိတ်။

ကျေးဇူးတင် အမြင်ခက်ဖွယ်

မျက်စိ စုံမှိတ်။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment