Wednesday, July 18, 2018

အဆင်းတန်ဆာ



" အဆင်းတန်ဆာ "


ရွှေခြေကျင်း ရယ်နှင့်

လက်ကောက်ကွင်း ဘယက်စုံစွာ

မြပုဝါ ခြုံလွှာ။


ရွှေဆံထိုး ထိုးလျက်သာ

ဆံထုံးမှာ ရွှေဘီး။


နားတောင်း စိန်ရွှေကွပ်ပါလို့

ပတ္တမြားလက်စွပ် တသွယ်

စိန်ကြယ်ရွှေသီး။ ။


မြပုဝါ မျက်နှာဖုံးနှင့်

ရှု ဦးကွဲ့ ဆင်းတန်စွာ

လှရက်လေတာ။


ကိုယ်လုံးက ခိုင်ရွှေညှာ

လည်တိုင်ဖြာ ကျော့ရှင်း။


ခါးတင်ရင် ခြေလက်မှုန်းတယ်

ပြုံးပန်းဝေသင်း။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment