Wednesday, July 18, 2018

အောင်ဇေယျတု

" အောင် ဇေယျ တု "


အောင်သပြေ ညောင်ရေလောင်းလို့

အောင်စေကြောင်း ဝမ်းပန်းသာ

နောင်အခြေကောင်း ချမ်းသာပါစေ

ပန်းပမာ ကြူမွှေး ။


သဝဏ်လွှာ ကူးလာလျှက်မို့

ဖူးစာဖက် လှမ်းလင့်လို့တွေး ။


ဘော်ငွေသော့ ဖျော့ဆန်းရွှင်ငယ်

ချော့ခန်းဆင် မြှူသွေး ။


ကျော့နန်းခင် ပြေဖို့အရေး မှာဖြင့်

နေညို့သွေး ရောင်ခြည်။


သံသာလေ ခံငွေသွန်းပြန်တော့

ပန်ချွေညွှန်း ကမ်းလင့်တော့သည် ။


စမ်းရေခ မြဂုဏ်ရည် ရယ်

လှသိင်္ဂီ နှိုးဆင့်ပါလို့

ဖြိုးတင့်ဖို့ မင်္ဂလာချွေ

ခွန်းဆင့် လျံဝေ ။


မျိုးမြင့်သည့် ဂုဏ်ကျက်သရေနှယ်

စုံမက်စေ ပန်ရွယ်လှဲ့လေး ။ ။


ရှေးချိန်ခါ မြန်မာမှု

စာဆိုပြု စုကြရာ

ဩောင်း ဥုံ ခံတာ။


ဇေယျတု ရှေ့ဩောင်းသံမှာ

ကာလကြာ ရွေ့လျား။


ဩောင်း နေရာ အောင်ဝင်လုပါလို့

အောင်ဇေယျတု သဗ္ဗမင်္ဂလာ

သညာ အယူ အတွေ့အပ်တယ်

လေ့လာမှတ်သား။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment