Wednesday, July 18, 2018

အမျက်

" အမျက်​ "


တိမ်​စင်​ကြယ်​ ​ပေါ်ကာထွက်

ဆီယိုစက်​ ထွက်​​ပေါက်​ရှာ

အမျက်​လည်းပါ။


ထွက်​ရတာ လွယ်​သဗျာ

ထိန်းရတာ တကယ်​ခက်​။


အဘယ်​လို အ​ကြောင်းကျိုး​ကြောင့်

မ​ကောင်းဆိုး ထွက်​​လေသော

ဒေါသ အမျက်​။ ။


အချိန်​​တွေ ရက်​ စားလို့

လ များလည်း​ ပြောင်းခဲ့ပြီ

နှစ်​​တွေ ကြာရှည်​။


ထွက်​ထား​သော အမျက်​သည်

ဖြေမဆည်​ ​ကျေနိုင်​ခဲ။


မ​ပြေနိုင်​ အ​မေ့ခက်​ဖြင့်

အထွက်​ခံ ​သေသာသွားတယ်

မျက်​ပွား နာဆဲ။ ။


" သစ်​ရိပ်​ညို "

No comments:

Post a Comment