Wednesday, July 18, 2018

အနန္တောအနန္တငါးပါး

" အန​န္တော အနန္တ ငါးပါး "


မြတ်​ဘုရား၏ တရား​တော်​လာ

ဝါရည်​ဆင်​မြန်း ရဟန်း သံဃာ။


မာတာပီတ မိဘများနဲ့

သင်ကြား​အပ်​တဲ့ မြတ်​​သော ဆရာ။


အန​န္တော အနန္တ ငါးပါးကိုသာ

လက်​ဆယ်​ဖြာ ဦးထိပ်​တင်​မိုး။


နေ့စဉ်​ ညတိုင်း သာပါ့

ကိုင်းရှိုင်းစွာ ပူ​ဇော်​အထူးနှင့်

ဦးနှိမ် ​ရှိခိုး။ ။


အယူမမှား

တရားလက်​ကိုင်​ စိတ်​မာန်​တိုင်​ဖြင့်

မယိုင်​မလဲ ထာဝရမြဲလို့။


စွဲစွဲမြဲမြဲ

မလွဲမ​သွေ လိုက်​နာ​​လေ​လော့

မြတ်​​သော ​ဒေသနာ သစ္စာတရား။


မိစ္ဆာမမှား

တရားနည်းကျ လိုက်​နာမှလျှင်

မုချ ​မြတ်​ရာ သာသနာတည့်​။ ။


" သစ်​ရိပ်​ညို "

No comments:

Post a Comment