Wednesday, July 18, 2018

အတိတ်မေ့သူ



” အတိတ်မေ့သူ ”


တိမ်လွှာ တောင်တွန့် ၊ နေခြည် ခွံ့သော်

ရောင်လွန့် ရွေ့လျား ၊ တိမ်လွှာ ပါးနှင့်.....


ငွားငွား စွင့်စွင့် ၊ တင့်တင့် တယ်တယ်

သွယ်သွယ် ပွင့်လန်း ၊ မြိုင်ယံ ပန်းနှင့်.....


မြင့်နန်း ထွဋ်ခေါင် ၊ တောစဉ် တောင်ဝယ်

အမောင် လူသား ၊ အင်နှင့် အားနှင့်.....


ထက်ဖြား သို့တိုင် ၊ ဇွဲခိုင်ခိုင် ဖြင့်

ပန်းတိုင် ရည်စိတ် ၊ ဤတောင်ထိပ် သို့.....


စိုးထိတ် မရှိ ၊ ဇွဲသတ္တိ မှာ

အံ့ဘိ လက်ဖျား ခါလောက်သည်။

.................................


ရွှင်မြူး ပြန့်ကြည် ၊ တောင်ထိပ်ဆီ တွင်

မှုန်ရီ ဝိုးဝါး ၊ ကွယ်ကာ ထား၏။


တိမ်သား ညွန့်ခေါင် ၊ ပိတ်ဆီး လှောင်၍

တန်ဆောင် ပန်းခင်း ၊ မြူကွယ် ဆင်း၏။


ရှုခင်း အလှ ၊ သဘာဝ တို့

မမြင် ကွယ်ပျောက် ၊ မြင်ကွင်း အောက်တွင်.....


စိတ်ဖောက် ပြောင်းကာ ၊ ထက်ဝဠာ မှ

နေဖြာ လေဝှေ့ ၊ ကြွစိတ် မွေ့လျက်.....


ဓလေ့ မခင် ၊ စိတ်ဘဝင် သည်

ငါလျှင် ငါပဲ ဖြစ်တော့သည်။ ။


” သစ်ရိပ်ညို ”

No comments:

Post a Comment