Wednesday, July 18, 2018

အေးငြိမ်းချမ်းသာ



" အေးငြိမ်းချမ်းသာ "


ပညာခြုံ ပုံထောက်လို့

ဂုဏ်မြောက်တဲ့ လင်္ကာ။


သမုဒ်ကယ် သွယ်သွယ်ဖြာ

မြစ်ပင်လယ်ပြာ။


တတ်ပညာ

ရှာလေသူ အပေါင်း။


နက်သဒ္ဒါ လင်္ကာရကို

ဥာဏ်ဆလို့လောင်း။ ။


မြရောင်ရည် အုပ်လွှမ်းလို့

အေးချမ်းရိပ် သစ်ညို။


မျိုးဆွေသာ ဆရာရိပ်

မိဘရိပ် သာပို။


စိုးရရိပ် အေးမြချို

သာသနာ ပိုလို့အေး။


ငြိမ်းအေးရွှင် ရင်မှာထိန်း

ကိန်းဝပ်ဖို့လေး။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment