Wednesday, July 18, 2018

အာဇာနည်နေ့တို့မမေ့ပြီ

"အာ ဇာ နည် နေ့ တို့ မ မေ့ ပြီ"


တို့ မြန် မာ ပြည် ၊ အာ ဇာ နည် နေ့

သွေး ညှီ လွှမ်း ပက် ၊ မေ့ ရန် ခက် သည့်

သွေး ပွက် ပွက် ဆူ ၊ ဆယ့် ကိုး ဂျူ လိုင်

ချွေ ယူ ပျက် သုဉ်း ၊ အ သက် ဆုံး လို့

ယူ ကြုံး မ ရ ၊ ဝမ်း နည်း လှ ဖွယ် ........


ညှိုး ခ ကြ မ္မာ ၊ ကံ ဇာ တာ ငယ်

ချိန် ခါ ပြောင်း လင့် ၊ ရင် ထဲ နင့် စွာ

နောင် ကျင့် ဖောက် ပြား ၊ မ မိုက် မှား ဖို့

နွယ် ဖွား ပြည် ထောင် ၊ တို့ ခေါင်း ဆောင် တွက်

နောင် သား မျက် ရည် ၊ သွေး မျက် ရည် တည့် ။


မြန် ပြည် နွယ် ဘွား ၊ မြန် မာ့ သား ဟေ့

တ ပါး ကျွန် ဆို ၊ တို့ မ လို ပြီ

တို့ ကိုယ် တို့ သွေး ၊ လွတ် လပ် ရေး တွက်

ဆွေး နွေး ခန်း ထိုင် ၊ သေ နတ် ကိုင် တို့

ပိုင် နိုင် ပစ် ခတ် ၊ လုပ် ကြံ သတ် သည် .......


စွဲ မှတ် ရက် တည် ၊ အာ ဇာ နည် နေ့

ဤ သည် နေ့ ဖြင့် ၊ မ မေ့ သင့် ရာ

ရင် နင့် ရှိုက် ငို ၊ လှိုက် လှိုက် ဖို လျှက်

ရိုက် ဖြို ကြံ ဆောင် ၊ တို့ ပြည် ဘောင် တွက်

နောင် သား မျက် ရည် ၊ သွေး မျက် ရည် တည့်။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment