Wednesday, July 18, 2018

အိပ်မက်ထဲကလက်တွဲဖော်



”အိပ်မက်ထဲက လက်တွဲဖေါ် ”


စာပေ မကျ ၊ ပြုပြင်စ မို့

ဂန သေချာ ၊ မပြည့် ပါလည်း

တိုင်းထွာ သူ့အား ၊ စာစကား ဖြင့်

အမှား ငါ့မှာ ရှိခဲ့သည်။


စာပေ လက်သင် ၊ ငယ်ချိန်တွင် မှ

ငါပင် မပြည့် ၊ သူမတွေ့ နိုင်

လေ့လာ နေဆဲ ၊ ငယ်သူပဲ ကို

လမ်းခွဲ ဖြစ်တာ ငါမှားသည်။


မှားပြီးရင်း မှား ၊ သဘောထား က

ခြုံကြား ဘဝင် ၊ ငါကွဲ့ ထင်၍

ငါလျှင် နောင်တ ၊ နေ့တိုင်း တသည်

လွမ်းလှ ချည်ရဲ့ မမေ့ပြီ။ ။


” သစ်ရိပ်ညို ”

No comments:

Post a Comment