Wednesday, July 18, 2018

အပူမရှာငြိမ်းအေးရာ



" အပူမရှာ အေးငြိမ်းရာ "


လူရွာဋ္ဌာန ၊ များလှသူငါ

ဗျာပါပူမီး ၊ လျှံငြီးရောင်ဖြာ

သေရွာသောင်ကမ်း ၊ ဆက်လှမ်းနေကာ

တခဏ ဘဝ မရှည်ကြာ။


ဥစ္စာဓန ၊ ရှာကြလူထို

ရလိုသူများ ၊ ဆပွားပိုပို

ငိုယိုပျက်ယွင်း ၊ ချက်ချင်းရင်ဖို

အမှောင်တိုက် လောင်မြိုက် ပူမီးကို။


အာဏာစက်ကွင်း ၊ သက်ဆင်းမှုဖြာ

အာဏာတန်ခိုး ၊ နွံမျိုးမှာသာ

အာဏာမဲ့လျင်း ၊ ရင်တွင်းမှာနာ

သင်္ခါရ မှတ်ကြ မယွင်းပါ။


တရားဓမ္မ ၊ နာကြသူတွေ

အေးစေညွှတ်ပြောင်း ၊ စိတ်ထောင်းကိုယ်ကျေ

စိန္တေဘုရား ၊ ဟောကြားထွေထွေ

ဓမ္မတေး ငြိမ်းအေး ကြည်သာပေ။


" သစ်ရိပ်ညို "

No comments:

Post a Comment