Wednesday, July 18, 2018

အညာသား



" အညာသား "


အညာသွေးမို့

စာရေးလည်းမပိုင်။

လှတေးခိုင် သံပြိုင်မြူးဖို့

တူးပို့မျှ မပီနိုင်

လေသံလေးယိုင် ။

စာသံပေသံ

ဟန်ပန်နုသေး

စကားသံလေး လှိုင်လှိုင်

ပြောနိုင်သည်ဝဲဝဲ ။

စိတ်ထဲမတော့ ဖြူဖြူ

ညိုမဲသူ ကျောင်းနဲ့ခွဲတော့

လယ်ထဲမှာ သမန်းဆီဝင်းတယ်

တင်းခံနေမြဲ ။ ။


လေညင်းအားကူ

နေပြင်းမြှူ ဆူသတဲ့လား။

သားရောင်ရွှင် သွေးရောင်ကောင်းတယ်

ကြေးမောင်းဖန်သား။ ။


သွေးဖေါင်းဟန်ထွားလို့

ကြွက်သားက ဖြိုင်ဖြိုင်။

အင်အားခိုင် ကျန်းမာခြင်းရယ်

ဆင်းရုပ်ကြွပိုင် ။

ဆုထူးငယ်ပြိုင်

ရည်စူးခိုင် စေတနာမွှေး။

တရား ဒေသနာ

များဝေနေရာ မေတ္တာပွားတယ်

ရိုးသားကာ စာနာလျှက်ကွယ်

ထက်အညာသွေး ပါကွဲ့

တို့ရဲ့ရွာလေး ။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment