Wednesday, July 18, 2018

အညာမြေ



" အညာမြေ "


စခန်းသာ

လှမ်းလာပေါ့ ရွှေဧည့်သည်

ပမ်းလာတော့ ငွေအိမ်စည်မယ်

ဆွေသာကီ ဝင်တည်းလို့

နေဆဲခိုက် ဧည့်ဝတ်ကျေတယ်

စားဝတ်နေ တကယ် အလျင်းသာစွ

မပျင်းပါဗျ ဟာရယ ရွှင်ဖွယ်မို့

လေညင်းသံ ခင်းသည်နှင့်လေး။


ရွှေဧည့်သည်

သုခမ အနုအရွသာလျှင်

ပြုစုရ သဒ္ဓါရွှင်ဖွယ်

လာစေချင် နောင်ရေးရယ်ပ

ဆောင်တေးငယ်ပြင်

ရွာတန်းစဉ် ရွာသာယာဓလေ့မို့

အိမ်သာလို့ ဧည့်လာတာရယ်ကွယ်

မင်္ဂလာ နှင်းသည်နှင့်လေး။


ငွေအိမ်စည်

တည်ကြည်စွ ရွာထုံး

သစ်လုံးတိုင် လက်တစ်ခိုင်စာနဲ့

တစေး နိုင်နိုင် သုတ်ပါလို့

မြေထုတ်ခွာ ဆင်ဝင်လောက်ကဲ့

ခြေချုပ်တာ မြေဝါသဲကျပ်က

စွဲမြဲ ပါ့ ခိုင်ခိုင်

ဝါးကပ်သာ ပိုင်ပိုင်မိုးလို့

ကျူရိုးဖျာ ခင်းကာပေးပါ့မယ်

ကျေးရွာဂုဏ် သင်းသည့်နှင့်လေး။


" သစ်ရိပ်ညို "

No comments:

Post a Comment