Wednesday, July 18, 2018

အပါးတော်မြဲ

" အပါး​တော်​မြဲ "


ကမ်းလက်​တွဲ​ခေါ်

လိုက်​​တော်​မူလှဲ့။


ငွေစင်​ရည်​ မြ​ဆောင်​နန်းသို့

လှမ်းလို့ လာခဲ့။


ခေါ်ငင်​ယူ ပုဝါပါး

ဖိတ်​ကြား ရဲ့​နော်​။


အကြင်​နာ ​ငွေရည်​​သောက်

ကျိုး​​ထောက် ​​ချင့်​​မျှော်​။


တွဲလက်​​ဖေါ်

သော်​တာ နဲ့ လမင်း။


အာကာဂုဏ်​ ဓ​လေ့ မှာဖြင့်

ဝဠာဘုံ ကျယ်​သ​ရွေ့ကွယ်

တွေ့မယ့်​ ချစ်​ခြင်း။ ။


" သစ်​ရိပ်​ညို "

No comments:

Post a Comment