Wednesday, July 18, 2018

အတုအယောင်

" အတုအယောင် "


ရေကန်က သာယာ

ရွှေကြာကပေါ။

ကြာရွှက်လွှာ ကြာဖြူပန်းရယ်

လန်းဖွယ့်သာမော။

ပဒုမ္မာ ရွှေကြာတော

ကြောဖြန့်ဖြာခင်း။

ကြာဖူးငုံ ပွင့်ထုံမွှေးတယ်

အေးမြလေခြင်း။ ။


ကြာရွက်လယ်မှာ အုံးအွမ်အွာ

ဆောင့်ကြောင့်ထိုင်ကာ။

ကြာပန်းလယ် မယ်ပိတုန်းက

ပန်းမွှေ့ ခြုံလွှာ။

ခြင်္သေ့မင်း သဏ္ဌာန်သာ

ဖားမောင်မှာ ဖင်ဂတုံး။

ပန်းရွက်လွှာ လွှမ်းခြုံလျက်ကွယ်

မည်းနက်ပိတုန်း။ ။


ထိုကြာကန် မြွေမာန်ကြွား

ဖားလိုက်ကိုက်ရာ။

ထိုဖားငယ် မအော်သာ

ထခုန်ပြေးရှာ။

ငုတ်လျှိုးရ ရေအောက်မှာ

ရေနှောက်ကာ ထွက်အပြေး။

မြွေရန်ရှာ ထိုကြာပန်းကို

လှမ်းကိုက်မိသေး။ ။


မဲပြောင်စွေး ပိတုန်းမမှာ

ကြောက်လန့်ပျံရှာ။

သူမတွက် လုံခြုံစွာ

ပုန်းခိုဖို့ရာ။

ပူနွေးတဲ့ နွားချေးပုံမှာ

ခိုဝင်ကာ ထွက်ပြေး။

သူတို့သဏ္ဌာန် ကြောက်ကန်ပုန်းလျက်

ရုန်းထွက်ပေါ့လေး။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment