Wednesday, July 18, 2018

အို သူတော်ကောင်းအပေါင်းတို

" အို..သူ​တော်​​ကောင်း အ​ပေါင်းတို့ "


ကိုယ်​လုံဆင်​မြန်း ၊ သီလဆမ်း၍

ဝမ်းပမ်းတသာ ၊ ဤခြုံလွှာကား

ပညာထွတ်​တင်​ ၊ နံ့သာရွှင်​လျက်

တွယ်​ငင်​သဒ္ဓါ ၊ ရတနာသို့

စာဝါကမ္မဋ္ဌာန်း ၊ ဓမ္မပန်းခင်း

လျောင်းနင်းကြွချီ ၊ အာရုံတည်​ကာ

ခြောက်​လီ​ခြောက်​ပါး ၊ မ​ထွေပြားဘဲ

စိတ်​အား​နှောင်​ပိတ်​ ၊ နှုတ်​ရည်​ဆိတ်​လို့

တိုးတိတ်​ချုပ်​​မောင်း ၊ သူ​တော်​​ကောင်းလျှင်

အ​ပေါင်းပြည့်​စုံ ၊ သရဏဂုံဖြင့်

စိတ်​ခြုံပုဝါ ၊ ဤခန္ဓာဝယ်

သာယာ ငြိမ်း​အေး ရှိကြသည်​။ ။


." သစ်​ရိပ်​ညို "

No comments:

Post a Comment