Wednesday, July 18, 2018

အလေးပြုပါသည်



” အ​လေးပြုပါသည်​ ”


တိုင်းပြည့်​တာဝန်​ ၊ သား​ကျေပွန်​ဖို့

နယ်​စွန်​နယ်​ခြား ၊ ရန်​သူကြားမှ

စစ်​သားဇာနည်​ ​မောင်​စစ်​သည်​ရယ်​။


မောင့်​ပြည်​သူတွက်​ ၊ အဖက်​ဖက်​က

ထမ်းရွက်​ကာကွယ်​ ၊ ​စောင့်​​ရှောက်​ကယ်​သည့်

လူငယ်​ပြည့်​သား ​မောင်​စစ်​သားရယ်​။


တိုင်းခြားပြည်​တွင်း ၊ ရန်​စွယ်​ရှင်းရန်

သေတွင်းဝတွင်​ ၊ သက်​စွန့်​ဝင်​၍

ပြည့်​ခွင်​တဝှမ်း ၊ ​တာဝန်​ထမ်းတယ်​။


ပင်​ပန်းနွမ်း​ကျေ ၊ ညှိုးနွမ်း​နေလည်း

ငါ့​မြေငါ့​သွေး ၊ ငါ့အ​ရေးဟု

စစ်​​ရေးစစ်​ပွဲ ၊ ကြိမ်​ကြိမ်​နွှဲလျက်

မိုးထဲ​ရေထဲ ၊ ချီတက်​မြဲပင်​။


အောင်​ပွဲချိမ့်​ချိမ့်​ ၊ ​မြေသိမ့်​သိမ့်​တုန်

ဖိန့်​ဖိန့်​ဟီးဟီး ၊ ဇွဲမာန်​ကြီးစွာ

ပြည်​ကြီးမြန်​မာ ၊ ​စစ်​သားဟာမို့

သစ္စာနှင်းဆက်​ ၊ ထမ်းရွက်​လျက်​ပင်​။


အသက်​​သေ​သေ ၊ အရိုးကျေ​လို့

အ​ရေခမ်းခမ်း ၊ ​တာဝန်​ထမ်းရာ

ကင်းစမ်း​တော​တောင်​ ၊ လျှိုချိုင့်​​မြှောင်​၌

ပြည်​​ထောင်​ရပ်​ဝန်း ၊ လုံခြုံခြင်းလျှင်​။


ပြည်​တွင်းပြည်​ပ ၊ နှစ်​ဋ္ဌာနမှ

ရန်​စရန်​စွယ်​ ၊ ​အသွယ်​သွယ်​ကို

ကာကွယ်​သည့်​သား ၊ ​မောင်​စစ်​သား​ရေ။


ဆင်းရဲသည့်ဒါဏ်​ ၊ လွန်​သည်းခံလျက်

ရှင်​သန်​မျိုးချစ်​ ၊ ​သွေးစစ်​စစ်​ဖြင့်

ပြည်​ချစ်​စစ်​သား ၊ ညီ​နောင်​ဖွား​ရေ။


တောကြား​တောင်​ကြား ၊ ကျဉ်​ဆံကြားမှ

စစ်​သားဇာနည်​ ၊ ဘာမထီဟု

နီနီ​စွေး​စွေး ၊ သတ္တိ​သွေး​တွေ။


အား​မွေးသက်​ဝင် ၊ ရဲစွမ်းရှင်​မို့

လွန်​ပင်​ဦးညွှတ်​ မိ​​တော့သည်​။ ။


” သစ်​ရိပ်​ညို ”

No comments:

Post a Comment